menu

Saturday 16 November 2013

မူးယစ်ဆေးဝါးဖမ်းဆီးရာမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံး

မူးယစ်ဆေးဝါးဖမ်းဆီးရာမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် 
လူတစ်ဦးသေဆုံး

လားရှိုး၊ နိုဝင်ဘာ ၁၆။

လားရိုးမြို့ရပ်ကွက်(၉)၊ နယ်မြေ(၁)တွင် မူးယစ်ဆေးဝါး 
တားဆီနိမ်နင်းရေး အထူးအဖွဲ့ဟု ဆိုသူများက အမှတ်၁/၃၈၅နေ ဦးကံဏ၏ နေအိမ်သို့ မူးရစ်ဆေးဝါးများ  ရှာဖွေရန်ရောက်ရှိ
လာစဉ် အိမ်ရှင်ဖြစ်သူမှလှံဖြင့် ထိုးနှက်ရန်ကြိုးစားခြင်းကြောင့် ဖမ်းစီးရှာဖွေရေးအဖွဲ့ဝင် တစ်ဦးမှ သေနတ်ဖြင့် ပြန်လည်ပစ်ခက်ခဲ့ရာ ဦးကံဏသေဆုံးသွားကြောင်း လားရှိုးရဲတပ်ဖွဲ့မှ
ပြောကြားသည်။

အခင်းဖြစ်စဉ်မှာ လားရှိုးမြို့ ရပ်ကွက်(၉) နယ်မြေ(၁) ခေးနင်း
လမ်းသွယ် ၈x၉ကြားတွင် အိမ်အမှတ်၁/၃၈၅နေ ဦးကံဏ အသက်(၄၆)နှစ်အိမ်ကို မူးယစ်ဆေးဝါး ရှာဖွေဖမ်းဆီးရေး 
အထူးအဖွဲ့ ဆိုသူများက နိုင်ဝင်ဘာ(၁၅)ရက် နံနက်(၆)နာရီ 
အချိန်ခန့်တွင် ဦးကံဏ၏နေအိမ်သို့ ဝင်ရောက်စဉ်အိမ်ရှင်ဖြစ်သူ 
ဦးကံဏမှ တံခါးဖွင်ဖွင့်ချင်းလှံဖြင့်ထိုးနှပ်ရန်ကြိုးစားသဖြင့် 
ဖမ်းဆီးရေး အဖွဲ့ဝင်တစ်ဦးမှ သေနတ်ဖြင့်ပြန်လည် 
ပစ်ခက်မှုကြောင့် ဦးကံဏ၏  ဆီးခုံတွင်သေနတ်ဒဏ်ရာ ရရှိပြီး ဆေးရုံသို့ ခေါ်ဆောင်သွားစဉ် သေဆုံးသွားကြောင်း မျက်မြင်အိမ်နီးချင်းတစ်ဦးက ပြောသည်။

“မူးယစ်ရှာဖွေဖမ်းဆီးတဲ့ အဖွဲ့တွေ ဦးကံဏရဲ့ အိမ်ဝန်းထဲ 
ဝင်ရောက်ပြီး ဦးကံဏကို အိပ်ရာကနှိုးတဲ့ အချိန်မှာ တံခါးဖွင့်ပြီး 
ထွက်လာတဲ့ ဦးကံဏက လက်ထဲမှာ ပါလာတဲ့ လှံနဲ့ရှာဖွေရေး 
အဖွဲ့တွေကို ထိုးဖို့ကြိုးစားတုန်း ရှာဖွေရေး အဖွဲ့ဝင်တစ်ယောက်က 
သေနတ်နဲ့ပစ်လိုက်တာကို တွေ့လိုက်ရပါတယ်။ ဦးကံဏလည်း
လဲကျသွားပြီး ဟိုက်လတ်ကား တစ်စီးနဲ့ မူးယစ်ရှာဖွေးရေး 
အဖွဲ့တွေက တင်ခေါ်သွားတာကို တွေ့လိုက်ရပါတယ်”ဟု 
ဦးကံဏ၏ အိမ်နီးချင်း နေသူတစ်ဦးက ပြောသည်။

ရပ်ကွက်(၉)နယ်မြေမှူး က “ကျွန်တော်တို့လည်း 
သတင်းကြားလို့ သွားကြည့်တဲ့ အချိန်မှာ ဦးကံဏကို 
ဆေးရုံခေါ်သွားကြပြီ၊ ဆီးခုံမှာ သေနတ်တစ်ချက်မှန်ပြီး 
ဦ်းကံဏ လဲကျသွားတဲ့ အကြောင်း သူ့အမျိုးသမီး မအေးလီ
ပြောပြမှ သိရတယ်။ ဦးကံဏရဲ့ မိသားစုက ရှမ်းလူမျိုးတွေပါ 
ဦးကံဏရဲ့ အလောင်းကိုတော့ ဒီနေ့အထိ ဆေးရုံကပြန်ယူခွင့် 
မရရှိသေးဘူး ။ အိမ်မှာတော့ နာရေးအခန်းနားအတွက် ရပ်ရွာက ပြင်ဆင်ထားပြီးပြီး။ သူရဲ့ဇနီးလည်း ဆေးရုံကိုသွားပေမဲ့ 
ဦးကံဏရဲ့ အလောင်းကို တွေ့ခွင့်မရသေးတဲ့ အကြောင်း 
သိရတယ်။ ကျွန်တော်တို့ ရပ်ကွက်(၉)နယ်မြေခံ နယ်ထိမ်းတစ်ဦးရဲ့ ပြောပြချက်အရ အခုလာဖမ်းတဲ့ မူးယစ်ရှာဖွေရေးအဖွဲ့တွေက နေပြည်တော့ကလာတဲ့ အထူးအဖွဲ့တွေ ဖြစ်ပါတယ်”ဟု မြန်မာ့ခေတ်ကို ပြောသည်။

ဦးကံဏတွင် သူငယ်တန်းအရွယ် သားနှစ်ယောက်ရှိပြီး 
ဝက်မွေးထားခြင်းမှ လွဲ၍ တခြားမည်သည့် စီးပွားရေး 
လုပ်ကိုင်သည်ကို မသိကြောင်း ပတ်ဝန်းကျင် အိမ်နီးချင်း တစ်ဦးက ပြောသည်။

တင်ဦး

The Myanma Age

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis