menu

Saturday 16 November 2013

2013 ခုနှစ်ရဲ့ အကောင်းဆုံးကားများထဲက Honda Fit

Photo: 2013 ခုနှစ်ရဲ့ အကောင်းဆုံးကားများထဲက Honda Fit

Honda Fit ကတော့ ကျတော်တို့ စာဖတ်ပရိသတ်ကြီးနဲ့ စိမ်းမယ်မထင်ပါဘူး။
 အခုဆိုရင်
ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်
မှာအတွေ့ရများပြီး အများနဲ့ မစိမ်းတဲ့ အမျိုးအစားတစ်မျိုးပါ။
သေးသွယ် ကျစ်လစ်တဲ့ Hatchback အမျိုးအစားနဲ့ ဈေးကွက်ထဲက ချိုသာတဲ့ ဈေးနှုန်းတွေကြောင့် 
ကားပရိသတ်တွေကို ဖမ်းစားခဲ့တာဆိုရင် မှားမယ်မထင်ပါဘူး။ 
အပြင်က ကြည့်ရင် အရွှယ်အစားသေးပြီး အထဲမှာ ကျဉ်းမယ်လို့ ထင်ရပေမဲ့ အထဲက ထိုင်ခုံနေရာချမူတွေ
အပြင်အဆင် ဖွဲ့စည်းမူတွေဟာ စီးနင်လိုက်ပါသူများကို များစွာ အဆင်ပြေစေလျက်ရှိပါတယ်။

အရွယ်အစားသေးငယ်တဲ့ အတွက် ယခုရန်ကုန်မြို့မှာ ဖြစ်ပျက်လျက်ရှိတဲ့ ယာဉ်ကြာပိတ်ဆိုမူတွေ ကို အထိုက်အလျောက် ကျော်လွှာနိင်မှာပဲ
ဖြစ်ပါတယ်။
 နောက်ပြီး စက်ပိုင်းဆိုင်ရာ၊ ဆီစားမူတွေ မှာ စိတ်ချရပြီး သက်သာမူကို အသားပေးထားတဲ့ ကားတစ်မျိုးပါ။

ပုံမှာ တွေ့ရတာကတော့ ၂၀၁၃ ခုနှစ်ထုတ် မော်ဒယ်လ်ဖြစ်ကာ အမျိုးအစား နဲ့ အသေးစိတ်အချက်အလက်တွေကို တော့ အောက်ပါအတိုင်း အသေးစိတ်ဖော်ပြလိုက်ပါတယ်။

 front-engine, front-wheel-drive ဖြစ်ကာ တံခါး(၅) ပေါက် လူ(၅)ယောက်စီး နင်လိုက်ပါနိင်ပါတယ်။
ဈေးနှုန်းကတော့  $16,115–$17,850 စထားပါတယ်။
အင်ဂျင်အမျိုအစားကကတော့ SOHC 16-valve 1.5-liter inline-4, 117 hp, 106 lb-ft ဖြစ်ပါတယ်။
ဂီယာကို လည်း လိုသလို ရွေးချယ်နိင်ပါတယ်။( 5-speed manual, 5-speed automatic)
2500–2600 lb အလေးချိန်ရှိပါတယ်။

~Aung Heine~ (smart.com.mm)

Smart Pro Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis