menu

Sunday 6 October 2013

တက္ကသိုလ်များချန်ပီယံလိဂ်ဘောလုံးပွဲနဲ့ ကန်ဒေါ်လာ၇၀၀တန်ဆုဖလားရုပ်တု


တက္ကသိုလ်များ ချန်ပီယံလိဂ်ဖွင့်ပွဲအားအောက်တိုဘာ ၅ ရက်နေ့ 
၃း၃၀ နာရီကရန်ကုန်ယူနိုက်တက် အသင်းပိုင် မြက်ခင်းတုကွင်းတွင် ကျင်းပခဲ့ပြီး ဆေး(၁) နှင့် WYTUStars တို့ စတင်ယှဉ်ပြိုင်ကစားကြရာ WYTU Stars အသင်းက ဆေး(၁) A အသင်းကို
၅ဂိုး၂ဂိုးဖြင့်အနိုင်ရရှိခဲ့ကြောင်းသိရသည်။ အောက်တိုဘာ(၆)ရက်နေ့ တွင်SkyNet Media ၏ ရုပ်သံလိုင်းခွဲ တစ်ခုဖြစ်သော MNTV မှ Universities Champions League ဖွင့်ပွဲ အခမ်းအနားကိုထုတ်လွှင့်
ပြသပေးမည်ဖြစ်ကြောင်းသိရပြီးဖွင့်ပွဲ အခမ်းအနားတွင်တက္ကသိုလ်များချန်ပီယံလိဂ်ဘောလုံးအားကစားပွဲပြိုင်ပွဲချီးမြှင့်မည့် တက္ကသိုလ်များ ချန်ပီယံလိဂ်ဆုဖလား အားMiss Universe Myanmar 2013ဆုရှင် မိုးစက်ဝိုင်
ကပြိုင်ကားဖြင့် ကွင်းတစ်ပတ်ပတ်ပြီး သယ်ဆောင်လာကာဆုဖလားကိုစင်မြင့်ထက်သို့ သယ်ယူပို့ ဆောင်ပေးခဲ့ပါသည်။တက္ကသိုလ်များ ချန်ပီယံလိဂ်ကိုရန်ကုန်ယူနိုက်တက်ကွင်း၊တက္ကသိုလ်ကွင်းနှင့် ပဒုမ္မာကွင်းတို့ တွင်အောက်တိုဘာ ၂၇ ထိယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်းသိရပြီးဆုဖလားမှာ700US$တန်ဖိုးရှိရွှေရုပ်တုဖြစ်ကာရွှေဖိနပ်ဆုကို
320 US$တန်ဖိုးရှိရွှဖိနပ်ဆု ချီ့းမြှင့်မည်ဖြစ်ကြောင်းနှင့်


ကြယ်တံဆိပ်ရုပ်တုမှာတန်ဖိုး - 165 US$ရှိကာ ၊လည်ဆွဲတံဆိပ်ပြားများ
မှာ၁ခုလျှင် - 5 US$ဖြစ်ကြောင်း(ဆုတံဆိပ်များအားလုံးကို စင်ကာပူနိုင်ငံမှ
သီးသန့်မှာယူတင်သွင်းထားခြင်းဖြစ်ပြီး နှစ်ရှည်လများခံစေရန် သတ္တုဖြင့်ပြုလုပ်ထားကြောင်း)ကိုUniversities Champions League ဆုတံဆိပ်များ၏တန်ဖိုးအဖြစ်Universities Champions Leagueမှသိရပါသည်။


Photo ZMT,Universities Champions League,Ko SaiSai
Popular Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis