အောက်တိုဘာ ၄ ရက် ၂၀၁၃
စက်တင်ဘာ နောက်ဆုံးပတ် နှင့်
အောက်တိုဘာလဆန်းပိုင်းအတွင်း သျှမ်းပြည်မြောက်ပိုင်း နမ္မတူ မြစ်အတွင်း
လူသေအလောင်း ၁၁ လောင်းတွေ့ရှိရကြောင်း လှေသမားများက ပြောပါသည်။
“ပြီးခဲ့တဲ့
အပတ်တုန်းက ၁၀ လောင်းမနေ့က တလောင်း ပေါ်တယ်။ ရေဂိတ်ကျောက်ဆောင်မှာ၊ ကမ်း
ဘေးမှာ တင်နေတာ” - ဟု အမည်မဖေါ်လိုသည့် လှေသမား တဦး ကပြောသည်။
သျှမ်းပြည်မြောက်ပိုင်း
နမ္မတူမြို့နယ် မိုင်းယင်ကျေးရွာအုပ်စု နမ္မတူမြစ်အတိုင်း အောက်ဘက် ၁၀ မိုင်
ခန့် ကစ်ဟုခေါ်သော မြစ်ကျဉ်းတွင် စက်တင်ဘာ ၂၈ ရက်နေ့က အလောင်း ၉ လောင်း၊ ၂၉
ရက်နေ့က တလောင်း၊ အောက်တိုဘာ ၃ ရက်နေ့က တလောင်း
သောင်တင်နေခဲ့သည်ကိုတွေ့ရကြောင်း ဒေသခံ များနှင့် လှေသမား များကပြောပါသည်။
“ကျနော်တို့
မြစ်ဆိပ်က သုံးနေရာရှိတယ်။ ဟော်နားဆိပ်၊ နားလိန်းဆိပ်၊
နားဝိန်းဆိပ်ဆိုပြီးတော့။ တိုက် ပွဲ ဖြစ်တာက နားဝိန်းဆိပ် ကပေါ့။
အခုတွေ့တဲ့အလောင်းတွေက အစိုးရတပ်က စစ်ဝတ်စုံတွေနဲ့ဘဲ။ တိုက်ပွဲမှာကျတဲ့
စစ်သားတွေဘဲနေမှာ” - ဒေသအတွင်းရပ်ရွာအကြီးအကဲ တဦးက ပြောပါသည်။
အောက်တိုဘာ
၁ ရက်နေ့ကလည်း အစိုးရစစ်တပ် ခမရ ၅၀၄ က မိုင်းယင်အုပ်စု မိုင်းယင်
ဘုန်းကြီး ကျောင်းတိုက်တွင် တိုက်ပွဲကျ တပ်သားများအတွက် ရည်စူးကာ
အလှူအတန်းပြုလုပ်ပေးကြကြောင်း၊ မြစ်ချောင်းအတွင်းမျောပါသည့်
အလောင်းများနှင့်စပ်ဆိုင်သည်ဟု ထင်ရကြောင်း မိုင်းယင်ကျေးရွာ အုပ်စုမှ
ရပ်ရွာအကြီးအကဲတဦးက ပြောပါသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်နေ့က
အစိုးရတပ် အင်အား ၅ ရင်းက နမ္မတူမြစ်တောင် ဘက်ခြမ်းမှ တဘက်ကမ်းသို့ကူးကာ
သျှမ်းပြည်တပ်မတော်မြောက်ပိုင်းအမည်ရ SSPP/SSA နှင့်တိုက်ပွဲဖြစ်ပွားခဲ့
သည်။ ထို့အတူ အောက်တိုဘာ ၂၅ ရက်နေ့တွင်လည်း နမ္မတူမြစ်မြောက်ဘက်ခြမ်း
ဝမ့်ဆာလုံအုပ်စု ဝမ့်လွတ်လုံရွာအနီးအတွင်လည်း SSPP/SSA တပ်နှင့် တိုက်ပွဲ
အပြင်းအထန်ဖြစ်ခဲ့ပါသေးသည်။
နမ္မတူမြစ်အတွင်းမျောပါသည့် အလောင်းများမှာ ထိုတိုက်ပွဲများမှ ကျဆုံးသည့် ရဲဘော်ကေဒါများ ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။
သျှမ်းသံတော်ဆင့်
No comments:
Post a Comment