menu

Saturday 7 September 2013

ရိုးရာကို ချေဖျက်နိုင်မည့် ကြွေးကြော်သံလား မြန်မာ

Photo: ရိုးရာကို ချေဖျက်နိုင်မည့် ကြွေးကြော်သံလား မြန်မာ
===============================

များပြားသော အသုံးအနှုန်းပြင်  ဆင်မှုများနှင့် တံခါးပိတ်ဆွေးနွေးမှုများ လွန်မြောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ အာဆီယံကြွေးကြော်သံကို ထုတ်ပြန်နိုင် ခဲ့ပြီဖြစ်သည်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူး ထမ်းဆောင် ခဲ့သောနိုင်ငံ အချို့ထုတ်ပြန်ခဲ့သည့် ကြွေးကြော်သံ များနှင့်နှိုင်းယှဉ် လျှင် မြန်မာနိုင်ငံ၏ ကြွေးကြော်သံသည် အရှည် ဆုံးေ ကြွးကြော်သံ ပင်ဖြစ်သည်။ အာဆီယံသမိုင်း ကြောင်း၌ စကားလုံးအများ ဆုံးသော ကြွေးကြော် သံဟု ဆိုရမည်ဖြစ်၏ ။

ယခင်အာဆီယံဥက္ကဋ္ဌနိုင်ငံများ၏ ကြွေးကြော်သံကဲ့သို့ပင် မြန်မာနိုင်ငံ၏ ကြွေးကြော်သံသည်လည်း ဥက္ကဋ္ဌရာထူး ထမ်းဆောင်ချိန် နေပြည်တော်၏အစီ အစဉ်နှင့် ဦးစားပေး လုပ်ဆောင်မည့် လုပ်ငန်းများအတွက် ရည်ရွယ်ရင်းဖြစ် သည်။ အာဆီယံကြွေးကြော်သံနှင့်ပတ် သက်ပြီး အစောပိုင်းပြောကြားချက် များအရ  အာဆီယံစီးပွားေ ရးအသိုက် အ ဝန်းနှင့် အာဆီယံပေါင်းစည်းမှု အပေါ် ဦးတည်ချက်ထားမည့် ကြွေးကြော်သံ ထွက်ပေါ်လာမည်ဟု သုံးသပ်မှုရှိခဲ့သော် လည်း မြန်မာအစိုးရ၏ လုပ်ထုံးလုပ် နည်းအ တိုင်း ပင် အာဆီယံကြွေးကြော်သံ သည် ခန့်မှန်းမှုနှင့်ကွဲလွဲစွာ ထွက်ပေါ်လာ ခဲ့ခြင်းဖြစ်သည်။တံခါးပိတ် ဆွေးနွေးမှုများ၏ အစောပိုင်း ညှိနှိုင်းချက်များ တွင် အစိုးရ ၏ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲ မှု၊ စီးပွားရေး ပူးပေါင်းမှုနှင့် စီးပွားရေး အသိုက်အဝန်း ပြုပြင်ပြောင်းလဲမှုကို ဦးတည်ခဲ့ပြီး အာဆီယံ ဗဟိုပြုမှုကို ဦး တည်ခဲ့ပေမယ့် ထွက်ပေါ်လာခဲ့သော ကြွေးကြော် သံသည် ထို့ထက်ပိုမိုကျယ် ပြန့်သည့် သဘောကို ဖော်ပြထား ခဲ့ခြင်း ဖြစ်သည်။

”ငြိမ်းချမ်း၍ကြွယ်ဝသော လူ့အဖွဲ့အစည်းသို့ ညီညီညွတ်ညွတ် ရှေ့ဆက်ချီ တက်” ဟု အဓိပ္ပာယ်ရသည့်  “ Moving forward in unity towards a peaceful and prosperous Community ” ကြွေးကြော်သံသည် မြန်မာ၏ ထုံးစံအတိုင်းပင် ကြားနေခြင်း နှင့်အားလုံးကို ခြုံငုံမိစေသည့် သဘောထား ကို ဖော်ပြထားခြင်းပင်ဖြစ်သည်။ ယင်းကြွေးကြော်သံကို သြဂုတ်လအ တွင်းက ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘီ ဂါဝမ်မြို့တွင် ကျင်းပခဲ့သည့် ကာကွယ် ရေးဝန်ကြီးများဆိုင်ရာ အစည်းအဝေး၌ မြန်မာနိုင်ငံက ထုတ်ဖော်ပြောဆိုခဲ့ပေ မယ့် မြန်မာနိုင်ငံအတွင်း တရားဝင် ထုတ်ပြန်မှုကို စက်တင်ဘာလ ၄ ရက်မှ သာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည် ။

နိုင်ငံတော် ဒုတိယသမ္မတ ဒေါက် တာစိုင်းမောက်ခမ်း ဦးဆောင်ပြီး စက် တင်ဘာလ ၄ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ၂ဝ၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌရာ ထူးထမ်းေ ဆာင်ချိန် လုပ်ငန်း ဆောင်တာများနှင့် ၂ဝ၁၅ ခုနှစ် အာ ဆီယံ စီးပွားရေးအသိုက်အဝန်းဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ ဗဟိုကော်မတီ အစည်း အဝေးပြီးနောက် မှသာ ယင်း ကြွေးကြော်သံကို တရားဝင်ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ၂ဝ၁၄ ခု နှစ်၌ အာဆီယံဥက္ကဋ္ဌ ရာထူးထမ်းဆောင် ရန် အာဆီယံခေါင်းဆောင်များက ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလက သဘောတူ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်း ကစပြီး  မြန်မာနိုင်ငံသည် အာဆီယံ ဥက္ကဋ္ဌများ၏ အာဘော်နှင့်လုပ်ဆောင် ချက်များ ကို လေ့လာ သင်ယူခဲ့ရခြင်း ဖြစ်၏ ။

အထူးသဖြင့် ၂ဝဝ၈ ခုနှစ်က အာဆီယံနိုင်ငံများအတည်ပြုလက်မှတ်ရေး ထိုးထားခဲ့သည့် အာဆီယံပဋိညာဉ်စာတမ်းပါ အချက်များမှ သွေဖည် မသွားဘဲအာဆီယံ ဥက္ကဋ္ဌရာ ထူးထမ်းဆောင်ခဲ့သူ တွေလုပ်ဆောင်ခဲ့သည့် နည်းလမ်းများ ပင်ဖြစ်သည်။ ထိုအချိန်က အာဆီယံ အလှည့်ကျဥက္ကဋ္ဌရာထူး ကို စင်ကာပူ နိုင်ငံက ထမ်းဆောင်နေ ချိန်လ ည်း ဖြစ် သည်။ အရှေ့တောင်အာရှကို ကျော်လွန်ပြီး အာဆီယံ၏ အအုပ်အသင်းဖွဲ့မှု ပုံရိပ်ကိုတိုးမြှင့်စေမည့် ကြွေးကြော်သံကို စင်ကာပူက ထိုစဉ်က ထုတ်ပြန်ခဲ့ ခြင်းဖြစ် သည်။ ကျွန်းနိုင်ငံ၏ဆန္ဒကို ပဲ့တင်ထပ်ခြင်းဟု ထိုစဉ်က တင်စားခြင်းခံခဲ့ရသည်။

”လှုပ်ရှားတက်ကြွသော အာရှ၏ ဗဟိုမှ တစ်ခုတည်းသော အာဆီယံ” ဟု အဓိပ္ပာယ်ရသည့် “ One ASEAN  at the Heart of Dynamic Asia ” ဆိုသည့် ကြွေးကြော် သံကို ထိုစဉ်က စင်ကာပူက ထုတ်ပြန်ခဲ့ခြင်းဖြစ်၏။ စင်ကာပူပြီးနောက် ပဋိညာဉ်ကို အထမြောက်စေမည့် အရေးပါသော လုပ်ငန်းတာဝန်နှင့်အတူ  အာဆီယံအလှည့် ကျ ဥက္ကဋ္ဌရာထူးတာဝန်ကို ထိုင်းနိုင်ငံကရယူခဲ့ရခြင်းဖြစ်သည်။ ထိုင်းနိုင်ငံကလည်း ဤအကြောင်း အချက်ကို သိထားခဲ့သည်။  ထို့အတွက်ကြောင့် ”အာဆီ ယံ ပြည် သူများအတွက် အာဆီယံပဋိညာဉ်”(Asean Charter for ASEAN People) ကြွေးကြော်သံကို ရာထူးထမ်း ဆောင်စဉ်၌ ထုတ်ပြန်ခဲ့သည်။

(လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့ အစည်းနှင့် အာဆီယံဥက္ကဋ္ဌ၏ လုပ်ပိုင် ခွင့် တိုးမြှင့်ထားသည့် ယင်းပဋိညာဉ်အပေါ်အချို့သော အာဆီယံခေါင်းဆောင် များက စိုးရိမ်မှုရှိခဲ့ကြ သည်)ထိုင်းနိုင်ငံပြီးနောက် ဥက္ကဋ္ဌ ရာထူးလွှဲပြောင်း ရယူခဲ့သည့်  ဗီယက်နမ်နိုင်ငံက ”စိတ်ကူးမှသည် လုပ်ဆောင်မှုဆီ၊ အာဆီယံအသိုက် အမြုံသို့ ရှေ့ဆက် ချီ” ( Towards the ASEAN Community: From Vision to Action )  ဟု ရိုးရိုးရှင်းရှင်းပဲ ကြွေးကြော် ခဲ့သည်။ သို့သော် အာဆီယံနိုင်ငံအချင်း ချင်းကြား ဘုံလုပ်ဆောင် ချက် ရရှိရန် ဗီ ယက်နမ်လည်း စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ယင်းသည် ခက်ခဲသော တောင်တက်လမ်းတစ်ခုကို လျှောက် လှမ်းခြင်းသာဖြစ်ခဲ့သည်။ ဗီယက်နမ်ပြီးနောက်  အာ ဆီယံ နိုင်ငံများအနက်  တစ်နိုင်ငံထဲသာ ဂျီ-၂ဝ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် အင်ဒိုနီး ရှားက အာဆီယံ၏ အသံကို ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရှိဆုံး နိုင်ငံများအား ကြားေ စချင်ခဲ့ပုံရ၏။

”နိုင်ငံများ၏ ကမ္ဘာလုံးဆိုင်ရာ အသိုက်အဝန်းအတွင်းမှ အာဆီယံအသိုက် အဝန်း” (  Asean Community in  a Global Community of  Nations )  ဆိုသည့် ကြွေးေ ကြာ်သံကို ကြွေးကြော်ခဲ့သည်။ ထို့ကြောင့် အာဆီယံ၏ ပုံရိပ်သည် ကမ္ဘာ့အလယ်တွင် မြင့်တက်လာခဲ့သည်။ သို့သော် ယင်းအခြေ အနေ သည် ခေတ္တသာလျှင်ဖြစ်ခဲ့၏။ ပြီးခဲ့သောနှစ် (၂ဝ၁၂ ခုနှစ်)က ဥက္ကဋ္ဌ ရာထူး တာဝန်ယူခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ ကဖြင့် ရှေ့မှထုတ်ပြန် ခဲ့ပြီး ကြွေးကြော်သံများနှင့်ခြားနားစွာ  ထုတ်ပြန်ကြွေးကြော်ခဲ့၏။
ဤသည်ကလည်း ၁၉၉၉ ခုနှစ်က အာဆီယံအဖွဲ့ဝင်ဖြစ်ခဲ့ပြီး အာဆီယံ၏ လက်တွေ့နည်းလမ်းတွေကို ကောင်း ကောင်းနားမလည်ခြင်းကြောင့် ဖြစ်ခဲ့ပုံ ရသည်။ ၎င်း၏ကြွေးကြော်သံသည် ဆန့်ကျင်ဘက်သက်ရောက်မှုတွေ ကို ဖြစ်ပေါ်စေခဲ့သည်။ အမှန်တကယ်တမ်းတွင် ကမ္ဘောဒီးယားသည် ”တစ်ခုတည်းသောအသိုက်အဝန်း၊ တစ် ခု တည်းသောကြမ္မာ” (One Commu- nity,  One Destiny) ဆိုသည့် ကြွေးကြော်မှုထက် အာဆီယံ အဖွဲ့ဝင်သစ်နှင့်အဖွဲ့ဝင်ဟောင်းများအကြား ဖွံ့ဖြိုးမှု ကွာဟချက် ကျ ဉ်းမြောင်းရန် လုပ်ဆောင်သင့်ခဲ့ခြင်းဖြစ်သည်။

ထိုအရာကိုလည်း အာဆီယံနိုင်ငံများရှိ နိုင်ငံအချို့သာ သတိထားမိပုံရ၏။ လက်ရှိ ဥက္ကဋ္ဌရာထူး တာဝန်ယူထားသည့် ဘရူနိုင်းနိုင်ငံကတော့ ” ကျွန်ုပ်တို့ပြည်သူ၊ ကျွန်ုပ်တို့ အနာဂတ် အတူတကွ” (Our People, Our Future Together) ဟု ကြွေးကြော်ထားခြင်းဖြစ်၏။ ယင်းသည် အာဆီယံ၏ အသွင် သဏ္ဌာန်နှင့် အနှစ်သာရကို ပြန်လှည့်ဦး တည်ခြင်းဖြစ်သည်။ အာဆီယံ၏ ဥက္ကဋ္ဌ ရာထူး ထမ်းဆောင်သူများ၏ လုပ် ဆောင် ချက်ရွေ့လျားမှုတိုင်းသည်အများ သဘောဆန္ဒနှင့် အကြံဥာဏ်များရယူ အခြေခံပြီး လုပ်ဆောင်ကြရခြင်းဖြစ်သည်။လက်ရှိ ဥက္ကဋ္ဌ ရာထူးတာဝန် သည် လေးလသာကျန်ရှိတော့ခြင်းဖြစ်ပြီး ယင်းကာလအတောအတွင်း အာဆီယံ ရှိ ရှေးရိုးစွဲ သမားများ အတွက် ချောမွေ့ သည့် လမ်းတစ် ခုဖြစ်ကောင်းဖြစ်လာနိုင်ပေမယ့်လွယ်ကူသည့် ကိစ္စရပ်တော့ မဟုတ်ပေ။ မြန်မာနိုင်ငံအနေဖြင့် ယင်းကို အပြည့်အဝ ချဉ်းကပ်ဖို့လို အပ်ဦး မည် ဖြစ်၏။မြန်မာကလည်း ယင်းသို့ ချဉ်း ကပ်ရန် သတိထားရမည့် ကိစ္စရပ်များ အတွက် အကြောင်းပြချက်ကောင်း ကောင်းတွေ ရှိထားပုံရ၏။

အာဆီယံအဖွဲ့သို့ ဝင်ခွင့်ရခဲ့ပြီး ၁၆ နှစ်အကြာ၌ ဥက္ကဋ္ဌ ရာထူးတာဝန်ကို ထမ်းဆောင်ရခြင်း (၂ဝဝ၅ ခုနှစ်က ဥက္ကဋ္ဌ ရာထူးထမ်းဆောင်ခွင့် ရခဲ့သော်လည်း ထမ်းဆောင်ရန် အဆင်သင့်မဖြစ် သေးဟူသော အကြောင်းပြချက်ဖြင့် ဗီယက်နမ်ကို တာဝန်လွဲပြောင်းပေးခဲ့ ခြင်းဖြစ် ၏) ဖြစ်သည့်အတွက် အာဆီယံ အပေါ် အထက်စီး ဟန်ပြုမူေ ဆာင် ရွက် မှုကို မြန်မာအနေဖြင့် ဆန္ဒရှိပုံမရပေ။ ထို့အတူ ကြွေးကြော်သံသည် အာဆီယံနှင့် အာဆီယံပြည်သူများ၏ စိတ်ကူးစံနှုန်းတန်ဖိုးများအတိုင်း လုံလောက်သည့် ညွှန်း ကိန်းတစ်ခုဖြစ်ရ မည်ဆိုသည့် အတွေးလည်းရှိ ထားပုံရ၏။ သို့အတွက် မြန်မာအနေဖြင့် သူ၏ ပြုပြင်ပြောင်းလဲမှုကို အာဆီယံသို့ ချိတ် ဆက်ခဲ့ခြင်းဖြစ်ပုံရသည်။

ယင်းသည် အမှန်တကယ်တမ်း၌ အာဆီယံမဟုတ်သော အရိပ်အယောင် ဟုခေါ်ရမည့် ကြွေးကြော်သံမျိုးပင်ဖြစ်၏။ တစ်နည်းအားဖြင့် အာဆီယံနိုင်ငံ အားလုံးသို့ ညွှန်းဆို သယောင်ဖြင့် ပြည်တွင်းအခြေအနေများ အပေါ် အသံပြုထားသည့် ကြွေးကြော်သံဟု ဆိုရမည်ဖြစ် ၏။ သေချာသည် က မြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခြေအေ နများ သည် ဥက္ကဋ္ဌရာထူး တာဝန်ယူချိန် အာဆီယံလုပ်ငန်းစဉ်၌ လွှမ်းမိုးလာမည့်အရိပ် အယောင်ဖြစ်သည်။ အထူးသဖြင့် ရခိုင်ဒေသတွင်း ပဋိပက္ခနှင့်ဘင်္ဂါလီတို့၏ အရေး ကိစ္စဖြစ် သည်။ မလေးရှား၊ အင် ဒိုနီးရှားနှင့် ဘရူနိုင်းနိုင်ငံများ တွင်လည်း ယင်းဘင်္ဂါလီအရေးကိစ္စသည် ရေချိန် မြင့်လျက်ရှိသည့် အကြောင်းအချင်းတစ်ရပ်ဖြစ်သည်။

ယင်းကာလမျိုး၌ ဥက္ကဋ္ဌရာထူး ရယူရမည့် မြန်မာနိုင်ငံသည် ထိုအရေး ကိစ္စကိုရှောင်လွှဲ၍ ရနိုင်မည် မဟုတ်ပေ။ သို့သော် မြန်မာက ဘင်္ဂါလီအရေး ကိစ္စနှင့်ပတ်သက်ပြီး အာဆီယံအထူး အစည်းအဝေး၌  ဆွေးနွေးမည့် ကိစ္စကို ငြင်းဆိုခဲ့သည်။ နောက်ပိုင်းတွင် ယင်း ကိစ္စ ပျက်ပြယ်သွားခဲ့ သည်။ ဒေသတွင်းအရေးကိစ္စများအဖြေရှာရန်ထက် ဘင်္ဂါလီပြဿနာသည် အာဆီယံပေါ် စုပြုံကျလာမည်ကို  မြန်မာနည်းတူ အာဆီယံနိုင်ငံများက စိုးရိမ်ခဲ့ ကြခြင်းဖြစ်သည်။မြန်မာ၏ စိုးရိမ်သောက ကအခြား နိုင်ငံများ ထက်ပိုသည်ဟု ဆိုရမည်ဖြစ်၏။ ပြုပြင်ပြောင်းလဲမှုနှင့် နိုင်ငံတကာ၏ အကျိုးသက်ရောက်မှု ရှိနေချိန်၌ ဘင်္ဂါ လီပြဿနာသည် မြန်မာနိုင်ငံအတွက် ထိလွယ်ရှလွယ်သည့် အရေးကိစ္စတစ် ရပ်ဖြစ်သည်။  ယင်းအရေးကိစ္စသည် သွားနေသည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု အကျိုးခံစားခွင့်နှင့်အတိမ်အနက် လက္ခ ဏာကို ခင်းကျင်းပြနိုင် မည့်ကိစ္စ လည်း ဖြစ်သည်။ ယင်းပြဿနာ အတွက် အကြံတူ နောက်လူသာစမြဲဆိုသည့် အတိုင်း နောက်ကျသူ တစ်ဦးဖြစ်ခဲ့သည့် မြန်မာက အာဆီယံ၏အေ တွ့အကြုံ များကို အထူး သင်ကြားလျက် ရှိပုံရ၏။

၁၉၉၈ ခုနှစ်၌ စစ်တပ်အုပ်စိုးမှုမှ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ် ဆောင်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံသည် ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ပြီး နှစ် အနည်းငယ်အကြာ တွင် ဒေသတွင်း ပြဿနာများကို အာဆီယံ၌ ပွင့်လင်းစွာ ထုတ်ဖော်ဆွေးနွေးမှု ပြုခဲ့သည်။ ပြီးခဲ့ သည့် အာဆီယံနှစ်ပတ်လည်အစည်းအဝေးတွင်လည်း အင်ဒိုနီးရှားက  လူ့အ ခွင့်အရေးဆိုင်ရာ အာဆီယံအစိုးရများ ကော်မရှင်သို့ လူ့အခွင့်အရေးအခြေ အနေနှင့်ပတ်သက်သည့် စာတမ်းတစ် ခုကို ရှေ့ဆောင်ပြုတင်သွင်းခဲ့ သည်။ယင်းအခြေ အနေပေါ် မြန်မာက ထဲထဲဝင်ဝင်လေ့လာထားဖြစ်ပုံရ၏။ ထို့အတွက်ကြောင့် ဥက္ကဋ္ဌရာထူး ရယူချိန် ပြည်တွင်းပြုပြင်ပြောင်းလဲမှု များပေါ်အခြေခံပြီး အာဆီယံမှ တစ် ဆင့် နိုင်ငံ၏ လမ်းပြမြေပုံကို ညွှန်းကိန်း ထုတ်ချင် ပုံရသည်။ အာဆီယံ အသိုက်အဝန်းအကောင် အထည်ဖော်ရ မည့် နောက်ဆုံးချိန်ကို မူလသတ်မှတ်ရက်မှ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ သို့ ရွေ့ပြောင်းလိုက်ခြင်း ကလည်း မြန်မာနိုင်ငံအနေဖြင့် ဥက္ကဋ္ဌ ရာထူးတာဝန်ရယူရာတွင် အနည်းငယ် အသက်ရှုချောင်သွားသည်ဟု ဆိုရ မည်ဖြစ် သည်။

ယင်းသို့ ရွေ့ပြောင်းခဲ့မှုကြောင့် အာဆီယံအသိုက်အဝန်းကို အမှန် တကယ် နားလည် သဘောပေါက်ခြင်း နှင့် ပြည့်ဝစွာအကောင် အထည်ဖော် နိုင်ခြင်း ကို ဆောင်ရွက်နို င်ရန် လက်တွေ့ လုပ်ဆောင်မှုအပိုင်းများတွင် ပြင်ဆင်မှု များစွာကို မြန်မာနိုင်ငံက ထပ်မံဆောင် ရွက်နိုင်မည့်အခွင့်အရေး ရရှိခဲ့ခြင်းဖြစ်၏။ (ယင်းအချိန်တွင် ဥက္ကဋ္ဌ ရာထူး ကို မလေးရှားနိုင်ငံက တာဝန်ယူရမည့်အလှည့်ဖြစ်သည်။) ထို အကြောင်းရင်းများနှင့်အတူ ထုတ်ပြန်ခဲ့သည့် ကြွေးကြော်သံအရ အာဆီယံနှင့်ပတ် သက်ပြီး မြန် မာနိုင်ငံ အနေဖြင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိနေပြီဟု ယူဆရမည့်သဘောပင်ဖြစ်၏။

ယင်းသို့သာ အမှန်တကယ်ဖြစ်ခဲ့ မည်ဆိုလျှင် အာဆီယံ၏အသိုက်အဝန်း တည်ဆောက်ထားမှုအတွက် တွန်းအားဖြစ်စေမည့် နိုင်ငံရေးအထောက် အကူပြုမှု ကို မြန်မာ က ပေးစွမ်းနိုင်မည့် သဘောပင်ဖြစ်သည်။ သို့ပါက  ကြွေးကြော်သံတိုင်းဖြစ်အောင်အကောင်အထည် မဖော်နိုင်ခဲ့သည့် အာဆီယံရိုးရာကြီး ကို မြန်မာ က ဖျောက်ဖျက်နို င် မည်မှာ မုချပင်ဖြစ်သည်။

ဉာဏ်လင်းအောင်

Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis