ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ဒူးယား ကျေးရွာ အုပ်စု
လိန်ကုန်းကျေးရွာက သိဒ္ဓိမင်္ဂလာကျောင်းတိုက်မှာ ဥပုသ်သီလ ဆောက်တည်သူတွေကို
စက်တင်ဘာ ၄ ရက်က ကြက်သားကြာဇံချက်နဲ့ လှူဒါန်းကျွေးမွေးရာ စားသုံးသူ ဒေသခံ
(၁၅ဝ) ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပါတယ်။
ဒူးယားတိုက်နယ်ဆေးရုံကို
စက်တင်ဘာ ၆ ရက် အထိ လူနာ ၁၉ ဦး ရောက်ရှိခဲ့ပြီး အတွင်းလူနာ (၁၂)ဦး၊
ပြင်ပလူနာ (၆)ဦး တက်ရောက်ကုသပေးနေပြီး အသက် (၉ဝ)အရွယ် ဒေါ်အေးသာကို
ဟင်္သာတခရိုင်ဆေးရုံဆီ လွှဲပို့ခဲ့ရကြောင်းသိရပါတယ်။ ဒူးယားတိုက်နယ် ဆရာဝန်
ဒေါက်တာ ဝေလင်းရှိန် က အစာအဆိပ်သင့်မှု ဖြစ်ကြောင်း အတည်ပြု ပြောကြားပါတယ်။
စတင်
ဖြစ်ပွားခဲ့တဲ့ ကျေးရွာ ဘုန်းကြီးကျောင်းမှာလည်း ဒူးယားတိုက်နယ်
ကျေးလက်ကျန်းမာရေးဌာနက ကုသပေးခဲ့ရာမှာ လူနာဦးရေ ( ၁၄၄)ဦး ရှိနေပါတယ်။
အစာအဆိပ်သင့်မှုမှာ
သိဒ္ဓိမင်္ဂလာကျောင်းတိုက် ကျောင်းထိုင်ဆရာတော်နဲ့ သံဃာတစ်ပါး တို့မှာ
ရောဂါလက္ခဏာ ပြသခြင်း မရှိဘဲ ကျန်းမာရေးကောင်းမွန်နေပြီး လာရောက်စားသုံးသူ
ဒေသခံကျေးရွာက (၁၅၇)ဦးမှာ မူးဝေ မော့အန်ခြင်း၊ ဝမ်းသွားခြင်း၊
ဗိုက်အောင့်ခြင်းများ ခံစားကြရပြီး အသက်အငယ်ဆုံး ၃ နှစ်သားကနေ အသက် ၉ဝ
အရွယ် အထိ ပါဝင်နေပါတယ်။
အစာအဆိပ်သင့်မှုဖြစ်တဲ့ လူနာတွေကို
ဒူးယားတိုက်နယ် ပြည်သူ့ဆေးရုံနဲ့ ကျေးလက် ကျန်းမာရေးဌာနတို့က အနီးကပ်
ကုသဆောင်ရွက်ပေးပြီး ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံက အထူးကုဆရာဝန်ကြီးများ
ကွင်းဆင်း ကြည့်ရှုကုသပေးသလို ဓါတ်ခွဲကျွမ်းကျင် အဖွဲ့ကလည်း
စစ်ဆေးဖော်ထုတ်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။
သတင်းဓါတ်ပုံ - ပြည့်ဖြိုး icj(ဟင်္သာတ)
by ဒီဗွီဘီ
No comments:
Post a Comment