menu

Saturday 7 September 2013

အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် ၅၀ နှင့် ၁၀၀ ကြား အပတ်စဉ် အသတ်ခံနေရ

Photo: အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် ၅၀ နှင့် ၁၀၀ ကြား
 အပတ်စဉ် အသတ်ခံနေရ 

ကာဘူးလ် - စက်တင်ဘာ ၅ 
အာဖဂန်နစ္စတန်တွင် အစိုးရတပ်ဖွဲ့ဝင်များ အတိုက်ခိုက်ခံရမှု များပြားလာနေပြီး အပတ်စဉ် 
တပ်ဖွဲ့ဝင် ၅၀ နှင့် ၁၀၀ကြားသေဆုံးနေရသည်ဟု အမေရိကန် ဒုတိယ ဗိုလ်ချုပ် မတ်က် မီလေက ပြောသည်။ 
အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အသေအပျောက်များလာတာက 
မေးခွန်းထုတ်စရာကို မလိုဘူး အချို့နေရာတွေမှာဆိုရင် အပတ်စဉ်တိုင်း ၅၀ နဲ့ ၁၀၀ ကြားကို 
အသတ်ခံနေရတာ ဟု အာဖဂန်ရောက် အမေရိကန်တပ်ဖွဲ့ ဒုဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ် မတ်က် မီလေက ပြောသည်။ 
အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်အသေအပျောက်စာရင်းမှာ ဗီယက်နမ်စစ်ပွဲတွင် ကျဆုံးခဲ့ရသည့် 
အမေရိကန်တပ်ဖွဲဝင်အရေအတွက်နီးပါ ရှိလာပြီဟု ၄င်းကဆိုသည်။ ဗီယက်နမ်စစ်ပွဲတွင် အမေရိကန်တပ်သား ၅ ၈၀၀၀ ခန့် ကျဆုံးခဲ့သည်။
 သို့ရာတွင် အမေရိကန်ဦးဆောင်သော နေတိုးတပ်ဖွဲ့ဝင်များက အာဖဂန်တပ်ဖွဲ့ဝင်များအား ရဟတ်ယဉ် ၊မော်တာ နှင့် အမြောက်များကဲ့သို့သော 
လိုအပ်သည့်ပစ္စည်းကိရိယာများ ၊ ဆေးပစ္စည်းနှင့် ကယ်ဆယ်ရေးသင်တန်းများပေးခြင်းတို့ကို ပြုလုပ်ပေးပါက 
အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရရ် သေဆုံးမ လျော့ကျလာလိမ့်မည်ဟု ယုံကြည်ကြောင်း ၄င်းက ပြောသည်။
 သူတို့ဟာ မာကျောကြမ်းတမ်းကြပါတယ် အခုလို အသေအပျောက်များနေပေမဲ့လည်း ဒါဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြိုကွဲသွားစေမှာ
 မဟုတ်ပါဘူး ဟု ၄င်းက ဆိုသည်။ အာဖဂန်နစ္စတန်တွင် လက်ရှိ အမေရိကန်တပ်ဖွဲ့ဝင် ၅၇ ၀၀၀ တာဝန်ထမ်းဆောင်နေပြီး
 ၂၀၁၄ခုနှစ်အကုန်တွင် တပ်ဖွဲ့ဝင်များကို အပြီးရုပ်သိမ်းသွားရန် စီစဉ်ထားသည်ဟု သိရသည်။kyl

၂၀၁၄ခုနှစ်အကုန်တွင် တပ်ဖွဲ့ဝင်များကို အပြီးရုပ်သိမ်းသွားရန် စီစဉ်ထားသည်ဟု သိရသည်။
 
Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis