menu

Saturday 7 September 2013

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဒီချုပ်နှင့် တိုင်းရင်းသားပါတီများ အပတ်စဉ် စနေနေ့တိုင်း တွေ့ဆုံဆွေးနွေးမည်

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဒီချုပ်နှင့် တိုင်းရင်းသားပါတီများ
အပတ်စဉ် စနေနေ့တိုင်း တွေ့ဆုံဆွေးနွေးမည်

ရန်ကုန် -စက်တင်ဘာ ၇
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့်
 တိုင်းရင်းသားပါတီများ အပတ်စဉ် စနေနေ့တိုင်း ဒီချုပ်ရုံးတွင် 
တွေ့ဆုံဆွေးနွေးကြရန် သဘောတူခဲ့ကြသည်ဟု
 ပြန်ကြားရေးတာဝန်ခံ ဦးဥာဏ်ဝင်းက ပြောသည်။
" အဖွဲ့ဝင် ၇ ဦးပါတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကော်မတီကို ကျနော်တို့ မနေ့ကပဲ ဖွဲ့တယ် အဲ့ဒီကော်မတီနဲ့ 
တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ် ၂ ဦးစီ တွေ့ကြမယ် အပတ်စဉ် စနေနေ့တိုင်း
 မနက် ၁၀ နာရီမှာ ပုံမှန်တွေ့ပါမယ် " ဟု ဦးဥာဏ်ဝင်းကပြောသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ရ် ဆွေးနွေးကြရန်အတွက် တိုင်းရင်းသားပါတီ ၁၃ ခုကို
 ဖိတ်ကြားခဲ့သော်လည်း အချိန်အခက်အခဲကြောင့်
 ယနေ့ဆွေးနွေးပွဲသို့ တိုင်းရင်းသားပါတီ ၆ ခုသာ 
တက်ရောက်နိုင်ခဲ့ကြသည် ။
" ဒီနေ့တက်ရောက်လာတဲ့ပါတီတွေကတော့ အပတ်စဉ်ဆွေးနွေးပွဲ 
တက်ဖို့ သဘောတူကြပါတယ်" ဟု ၄င်းကပြောသည်။
ယနေ့ှေဆွးနွေးပွဲသို့ တိုင်းရင်းသားပါတီများဖြစ်ကြသော မွန်ဒီမိုကရေစီပါတီ ၊ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ၊
ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ၊ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် နှင့်
 ချင်းအမျိုးသားတိုးတက်ရေးပါတီ တို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။
ဘာမှ မဆွေးနွေးရသေးပါဘူး လာမဲ့ စနေနေ့မှာတော့ ဖွဲ့စည်းပုံကို ပြင်ဆင်မှာလား
 အသစ်ပြန်လည်ရေးဆွဲမှာလားဆိုတာ ဆွေးနွေးကြမယ်
ဟု ၄င်းက ပြောသည်။KYL

Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis