ဦးစိန်ဘတင် တစ်ယောက် သူထုတ်သည့် မေးခွန်းကို သူကိုယ်တိုင် ဘယ်လိုဖြေရမှန်း မသိဖြစ်နေတာ ကြာပြီ။
အလုပ်အားတာနဲ့ စဉ်းစား၊ အဖြေကားမထွက်။
မေးခွန်းက ဒီလိုပါ။ ကြွက်မလေး တစ်ကောင်သည် အိပ်နေသော ကြောင်ထီးကြီး၏
နှုတ်ခမ်း မွေးကို လာဆွဲဆွဲ ပြီးက စား၏။ အနံ့ရ ကတည်းက နိုးနေသော ကြောင်ဖား
ကြီးက ကြွက်မလေးကို ခုတ်သတ်စားမလား သို့မဟုတ် ဆက်အိပ် မလား။ ဤမေးခွန်းကို
ဖြေရမည့် သူမှာလည်း သူ ကိုယ်တိုင်မှ တစ်ပါး အခြားသူ ဖြေခွင့်မရှိ။ ခက်တာက
သူက ကြောင်ဖားကြီးမဟုတ်၊ လူဖားကြီးဖြစ်သလို ကြွက်မလေးကလည်း ခင်ခင်ထားဆိုသော
လူမလေး ဖြစ်နေခြင်းပင်။ ထို့ကြောင့် လူဖားကြီး ပီပီ ခုတ်စားမလား၊
လူသားကြီးပီပီ ဆင်ခြင်ရမလား။
ပဲခူး ရိုးမတောင်ခြေ လျှော်ပင်
စခန်းကား စည်ကား လှပေစွ။ သစ်ထုတ်လုပ်ရေး လမ်းမကြီး၏ အနောက် ဘက်တွင်
သစ်တောရုံး၊ မြစိမ်းကုမ္ပဏီရုံးနှင့် ၀န်ထမ်း အိမ်ရာများရှိသည်။ အရှေ့
ဘက်မှာတော့ တောင်ပေါ်မှ ကဲ့ယူထားသော သစ်တုံး တွေက ထောင်ပုံတောင်ပုံ။
သစ်ပုံတွေ နဲ့လမ်းကြားမှာ တော့ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေ။တံမြက်
စည်းရိုးချိုး၊ ဇရစ်ရိုးတိုး၊ နွယ်ခွေ၊ ထင်းခုတ်ဝါးခုတ် အလုပ်သမား
များမှသည် ဟဲဗီး သစ်ကားကြီးတွေ၏ ဒရိုင်ဘာ၊ စပယ်ယာ၊ အုံနာအဆုံး အားလုံးသည်
ဤလျှော်ပင် စခန်းမှ ဖြတ်သန်းသွားလာ၊ နေ့ညနား ခိုစားသောက်၊ ကာရာအိုကေ
ဆိုကြကကြ ပျော်လိုက်တဲ့ဖြစ်အင် သေ မယ်တောင်မထင်။
ရွာနီးချုပ်စပ်သွားလာ
ဖြတ်သန်း ဤဈေးတန်း၊ ဤ စခန်းတစ်ခုလုံးတွင် ဦးစိန်ဘတင်ကို မသိသူမရှိ။
မြစိမ်း ကုမ္ပဏီသည် သစ်ကားကြီး များစွာနှင့် သစ်သယ်ယူပို့ ဆောင်ရေးအား
ကန်ထရိုက် ဆွဲလုပ်ကိုင်နေရာ၊ အာဏာ အရှိဆုံး လုပ်ပိုင်ခွင့်အပြည့်
သုံးနိုင်တဲ့ ဘုရင်၊ မန်နေဂျာကြီး စိန်ဘတင်သည် သာရေးနာရေး လူမှုရေးအစစ
ပြည့်ဝစွာ ကူညီတတ်သဖြင့် အားလုံးက ခင်မင်လေးစား အားထားကြတာပေါ့။ ဘွား
တော်ကြီးနဲ့ကင်းကွာ၊ တောထဲမှာ အနေကြာပြီ ဖြစ်သော ဦးစိန်ဘတင် တစ်ကိုယ်တည်း
မြှောက်တောက် မြှောက်တောက် ဒိတ်မအောက်သော လူအိုကြီးကို အန်တီမြ
စားသောက်ဆိုင်က စားရေး သောက်ရေး၊ လျှော်ဖွပ်ရေး အစစ တာဝန်ယူထား၏။
နေ့စဉ်ထမင်းပို့၊ အ၀တ်လျှော်၊ ဆက်သွယ်ရေးအဆုံး အားလုံး ၏ ဆားဗစ်ဆင်း
ဆက်ဆံရေး အရာရှိကတော့ အန်တီမြ တူမ။ ရုပ်ကလည်း အပျံစား၊ ဘော်ဒီက ဖလား၊
နာမည်က ခင်ခင်ထား၊ တစ်နံတစ်လျား မှာတော့ တောင်တော်သခင်မ အလား၊ သို့သော်
အထင် မမှားကြပါနဲ့။ ဟိုဟိုဒီဒီ အီစီကလီ အစားထဲက မဟုတ်။
လျှော်ပင်စခန်းတွင် သူတော်စင် ဖြစ်နေသော ဦးစိန်ဘတင်ကား ယခင်က
နှစ်ပေါင်းများစွာ လုပ်ကိုင် ခဲ့သော ဘီလူးစခန်းမှာတော့ သူတော်မစင်ခဲ့ပါ။
ကုမ္ပဏီကားတွေနဲ့ မီးသွေး၊ မျော၊ ၀ါးများ ညှပ်တင် ကပ်တင် ရောင်းဝယ်ခဲ့ရာ
တိုက်တစ်လုံး ဆောက်နိုင်ခဲ့၏။ ထိုစခန်းမှာလည်း ထုံးစံ အတိုင်း လူစည်ကား
ငွေပေါ များတော့ စားသောက်ဆိုင် အဖျော်ယမကာ၊ အပျော်ဘာ ညာသာရကာတွေက ပေါမှ
ပေါ။ ကြောင်ဖားကြီးများ အတွက် ကြွက်ဝမ်းဖြူ၊ ကြွက်ဝမ်းညိုလေးတွေက
ချောမှချော၊ ရာထူးဂုဏ်အင် ဓနရှင်ကြီး ဦးစိန်ဘတင်ကား ကြွက်သားဆို ကြိုက်မှ
ကြိုက်။ စားရင်းဝါးရင်း ကြောင်ကြီးတော့ ကျားကြီး ဖြစ်လာပြီး ချေ၊ သမင်၊
ဒရယ်အကုန်တွယ်၏။ ကျား ဆိုတာ တောဘုရင်၊ အရှုံးမရှိ အနိုင်ချည်းရစမြဲ။
ချေအစွယ် နဲ့ ပြန်ပက်လို့ ဘယ်ကျားရဲ့ ပေါင်မှ ပဲ့ရိုးထုံးစံမရှိ။ လာ ထား
အာဘွား၊ ဒါကား ဦးစိန်ဘတင် သဘောတရား။ အဲဒီစခန်းမှာတုန်းက အခုလို
ခင်ခင်ထား အရွယ်လောက် ကောင်မလေး တစ်ယောက် နေ့စဉ် ထမင်းလာပို့ တယ်။ ဝေယျာဝစ္စ
လုပ်ပေးတယ်။ ထမင်းဆိုင်က အလုပ် သမလေးပေါ့။ တစ်နေ့မှာ တော့ ယစ်ရွှေရည်နဲ့
မွှတ်ရီဝေ နေသော ဦးစိန်ဘတင်သည် ထိုကလေးမကို အခန်းတံခါး ပိတ်ကာ
ချစ်ပွေလီလိုက်မိ လေသတည်း။ တောကြိုအုံ ကြား၊ အိမ်ရာလိုင်းတွေနဲ့ သီးခြား
မန်နေဂျာကြီး အိမ်တံခါး အခိုင်အမာ ပိတ်ထားလိုက်တာ ဘယ်သူသိမှာတုံး၊၊ ကလေးမ
ခမျာ ရှိခိုးဦးတင်တောင်းပန် ရှာ၊ ရုန်းကန်ရှာ၏။ သို့သော် မျက်ရည်လည်ရွဲ
ငိုရှာပါ သည်။ ချော့မော့ပြီး ပြန် လွှတ်လိုက်၏။ ဦးစိန်ဘတင် မုန့်ဖိုး
ဘာဖိုးညာဖိုးပေးသော ငွေကိုပင် မယူသွားပါ။ သို့သော် မျက်စောင်းထိုး
တောက်တစ်ချက် ခေါက်သွား ၏။ နောက်နေ့မှစ၍ ထမင်း ဆိုင်တွင် ထိုကလေးမကို
မတွေ့ရတော့ချေ။
သူ နှစ်ပေါင်းများစွာ တာဝန်ထမ်းခဲ့သော ဘီလူးစခန်းမှ
ယခုလျှော်ပင်စခန်း လေးသို့ ပြောင်းရွှေ့ ခံလိုက်ရ ကတည်းက အရေးယူခံလိုက်
ရပြီဆိုတာ ဦးစိန်ဘတင် သိလိုက်၏။ လုပ်ပိုင်ခွင့်အပေါ် မှာ ကိုယ်ကျိုး
ရှာခဲ့တာတွေ ဒါရိုက်တာအဖွဲ့က သိသွား ပြီ။ ထို့ကြောင့် ရိုးသားကြိုး
စားလေတော့၏။ နောက်ဆုံး သူ၏၀ါသနာ အီစီကလီ၊ အညှီအရှုပ် ထိုအလုပ်တွေကို လည်း
စွန့်လွှတ်လိုက်ပြီ။ ဘီလူးစခန်းမှာတုန်းက ဘီလူး ဇာတ်ခင်းခဲ့ တာမျိုး
မဖြစ်အောင် အရက်ပါ ဖြတ် လိုက်ပါမှ။ ခင်ခင်ထားကို မြင်ပါ များတော့
ဗီဆိုတဲ့ဇကလေး က ၀ီဆိုအချက်ပြလာ၏။ ဦးစိန်ဘတင် “ဇ”ကလေးသည်
သဝေထိုးနှင့်ပေါင်းပြီး“ဇေ”ချင် ချင်လာ၏။ ရေးချပါ မိတ်ဖွဲ့ တော့
“ဇော”ကပ်လာပြီ။ ငသတ်တွေ၊ ၀စ္စပေါက်တွေ ပါပါလာတော့ ဇောင်းထလာ၊ နောက်ဆုံးတော့
အကုန်ပါလာ ပြီး ခုန်ဆွခုန်ဆွ ဇော်ကက ဇိမ်ကျကျ ဇွတ်လုပ်ချင်လာ ပြီ။
နားထဲဝင်တိုင်း ပီယံ သဖြင့် နားဝင်ပီယံ ဖြစ်လိုက်ပါတဲ့ ခင်ခင်ထားအသံ၊
ဟန်ပန်တွေက ဈာန်ပျံချင် စိတ်တွေ ထထလာကြလေပြီ။ ကောင်မလေး ကိုယ်တိုင်က
အရင်နဲ့မတူ အမူအရာတွေ ပြောင်းလာတယ်လို့ ထင်လာ ၏။ သူကပဲ မရိုးတာ လား၊
ကိုယ်ကပဲ တစ်မျိုးတိုးလို့ ဆိုးချင်တာလား ဝေခွဲရတော့ ခပ်ခက်ခက်။ “မင်္ဂလာပါ အန်ကယ် စိန်” “ဂွတ်နိုက် အန်ကယ် စိန်” ဂွမ်းကို ဆီပုံးထဲထည့် နှစ်လိုက်သလို ပီတိသံလေး တွေ။ “အန်ကယ်စိန် ဘွားတော်ကြီးကို လွမ်းနေတာ လား ဟိဟိ...” “တစ်ယောက်တည်း မပျင်းဘူးလား ခစ်ခစ်...”
ပြောပုံက မထိတထိ။ မျက်နှာပေးက ရိတိတိ၊ အဘိုးကြီးရင်မှာတော့ ကလိ ကလိ။
ဟင်းခွက်တွေကို လင်ပန်းကြီးနဲ့ရွက်၊ လက်တစ်ဖက်က ထမင်းချိုင့်ကို ဆွဲ
လမ်းလျှောက်ပုံက မော် ဒယ်လ်ဂဲ။ “အန်ကယ်စိန် လာချပါ ဦး” “ဘာတုံးဟ” “ဟင်းဗန်း မှောက်မှာစိုးလို့”
ခင်ခင်ထားသည် လက် နှစ်ဖက်မြှောက် ဟင်းဗန်း ကိုင်ပြီး ရင်ကိုကော့၊ ခေါင်း
ကိုမော့၊ တင်ကို ကောက်ထား၏။ ထိုကော့၊ မော့၊ ကောက် ၏နောက်ကနေ ဦးစိန်ဘတင်
သည် လက်နှစ်ဖက်လျှိုပြီး လင်ပန်းကိုဝိုင်းချလိုက်တော့ လက်လေးဖက်
ရောယှက် သွားတာပေါ့။ ဒီကြားထဲ ခင်ခင်ထားက သူ့လက်ကို အရုပ်မှာ အဘိုးကြီး
ကိုယ်ကို မတော်တဆ လိုလို ပွတ်ဆွဲ သွား၊ နေ့တိုင်းဆိုသလို ဒီလို လုပ်၏။
ဘွားတော်ကြီးနဲ့ဝေး ကွာ၊ တောထဲမှာ စိတ်တွေ ဟာနေသော တစ်ကိုယ်တည်း
လူအိုကြီးကို အနေ ခက်အောင်လုပ်တဲ့ကလေးမ။ ချောက်ထဲကျခါမှကျ၊ အဲဒီ
ချောက်နှုတ်ခမ်း ဘေးကိုမှ ကြိုးတန်း လျှောက်ချင် နေသော ကြောင်ဖားကြီးနှင့်
ကြောင် နှုတ်ခမ်းမွှေးကိုမှ ကြိုးတန်း လျှောက်ချင်နေသော ကြွက် မလေးတို့
တွေ့လေပြီ။ ကြောင်ဖားကြီး ဆက်အိပ်နေ ရမလား၊ ခုတ်စားလိုက်ရ မလား
မေးခွန်းကိုဖြေတော့ မည်။ မလိမ်ချင်တော့။ လိမ် ချင်တဲ့ခင်ခင်ထား ဗိုက်သား
ကိုပဲ လိမ်ပေတော့မည်။ ထုံးစံအတိုင်း ခင်ခင်ထား ခေါင်းပေါ်က ဟင်းဗန်း ကို ကူချပေးရင်း လက်ကြိုး တွေ လိမ်ကြပြန်သည်။ “စိတ်ညစ်တယ် အန် ကယ်ရယ်”
သူ့ဘော်ဒီ ကော့ကန် ကားရယ်နဲ့ သူ့စကား မထိ တထိ၊ မျက်နှာပေး ရိတိတိမှာ
အတို့အထိ ကလည်း အိစိစိဆို တော့ အဘိုးကြီးရင်မှာ ပလိုဂျိ ဖြစ်နေပြီ။ “ဘာတွေစိတ်ညစ်နေ လဲ ထားလေး။ အန်ကယ် ကူညီပါစေ” “ဘာလဲ အန်ကယ်က ရဲလား” “ရဲထက် စေတနာ ကောင်းတယ်၊ တကယ် ကူညီပါရစေ” “ဒါဆို ညစာလာပို့တော့ မှ ထားလေးလိုတဲ့ အကူအညီ ပြောမယ်နော်။ အန်ကယ် စောင့်နေ ညနေ နည်းနည်း မိုးချုပ်မယ်” “အိုကေ၊ အိုကေ”
သေချာပြီ။ ဘီလူးစခန်း က ကောင်မလေးလိုမဟုတ်။ သူကိုယ်တိုင်က ရေလာအောင်
မြောင်းရော၊ ချောင်းရော ပေးနေပြီ။ စိန်ဘတင် ဒိုင်ဗင်ထိုး ရုံသာရှိတော့သည်။
ယုန်မြင် လို့ ချုံထွင်ထွင်၊ ချုံထွင်လို့ ယုန်မြင် မြင် အဓိကက ယုန် သား
စားရဖို့ပဲ။ ညနေစောင်း ရေမိုးချိုး၊ အမွှေးနံ့သာလိမ်း၊ အင်္ကျီတောင် မ၀တ်ဘဲ
တဘက်ကလေးရယ်တဲ့ ပခုံး ပေါ်တင်၊ ချေမ အလာကို ပဲခင်းစောင့် နေသောကျားကြီး
စိန်ဘတင်မှာ ဘ၀င် မငြိမ်း၊ ဒိန်းတလိန်းခုန် ရင်တွေတုန် နေသည်။ ရောက်လာတော့
ထုံးစံအတိုင်း လိမ်ကြ ပွတ် ကြ။ “ကဲ ပြော၊ အန်ကယ် ဘာကူညီရမလဲ”
“အစ်ကိုကြီးပေါ့ အန်ကယ်ရယ် လုပ်ခလေးစုမိလိုက်၊ လာတောင်းသွားလိုက် သုံးလိုက်
ဖြုန်းလိုက်နဲ့ စိတ်ကုန်တယ်။ အခု ငွေငါးသောင်း လောက်အရေးကြီး” “အိုး ဟိုးဟိုး၊ ငွေငါး သောင်းလောက်များ၊ ငွေရေး ကြေးရေး ခြေသလုံးမွေးပါ ဟ” “အဲဒါကြောင့် အန်ကယ် ကိုချစ်တာ။ ထား အလကား မယူပါဘူးနော်” ခင်ခင်ထားက ခုတင် ပေါ်ထိုင်၊ ဆံပင်ကိုဖြေ၊ စပို့ရှပ်ကို ချွတ်နေစဉ် ဦးစိန်ဘတင်က အခန်းတံခါးပိတ်ရန် အထိ အပေါက်ဝမှာတော့-
ခါးကြီးထောက်၊ မီးဝင်းဝင်းတောက် မျက်လုံး ကြီးတွေနဲ့ အန်တီမြ၊ သူ့ဘေး
မှာတော့ ငှက်ကြီးတောင် ဓား ကြီးကိုင်ထားတဲ့ လူငယ် တစ်ယောက်။“ဟင်း ဒါက
ဘာလုပ် တာလဲ စိန်ဘတင်။ ရှင့်ကို လူကြီး လူကောင်း မှတ်နေတာ။ လက်စသတ်တော့
ကြောင် သူတော် ကြွက်သူခိုး တဏှာ အိုးကြီး” “ခင်ဗျားကြီး ကျုပ်ညီမ ကို မုဒိမ်းကျင့်...။ သတ် မယ်” လူငယ်က ဓားကို မြှောက်ဝင်တော့ ဒေါ်မြမြက အတင်းဆွဲထား၏။ “မလုပ်နဲ့၊ မလုပ်နဲ့၊ လက်လွန်ကုန်မယ်။ ဥပဒေနဲ့ ရှင်းမယ်။ ခင်ခင်ထား နင်ဒီ အတိုင်းနေ၊ ရဲခေါ်၊ လူကြီး တွေခေါ်စမ်း၊ ကုမ္ပဏီကို ဖုန်းဆက်”
ဦးစိန်ဘတင် ဘ၀ပျက် လေပြီ။ နောက်ဆုံး လူတွေ မသိခင် လျော်ကြေးသိန်းငါး
ဆယ်ကို ရှိခိုးဦးတင် ကြိတ် မှိတ်တောင်းပန် အသနား တွေ အဖန်ဖန်ခံပြီး
ပေးလိုက် ရလေသည်။
အန်တီမြ အခုမှ ဘ၀င် ကျသွား၏။ သူ့အစ်ကို အတွက်
အိမ်လေးတစ်လုံး သိန်းသုံးဆယ်နှင့် ၀ယ်ပေး သည်။ တူမငယ် ခင်ခင်ထား ကို
အိမ်ဆိုင်လေး တည်ပေး၊ အကြီးမ တင်တင်ထားကို စက်ချုပ် သင်တန်း တက်စေ ၏။
အကယ်ဒမီ အောင်ခိုင်ပင် သူ့လောက် ရမည် မထင်။ မိနစ်ပိုင်း တစ်ကွက်လေး ၀င်
သရုပ်ဆောင် လိုက်တာ တစ်သိန်းတောင် ရသွားသော ခင်ခင်ထားရဲ့ အစ်ကိုအတု ဗီလိန်
ကျော်စိန်အတွက်လည်း လုပ်အားခက တန်ပါပေ သည်။ ဦးစိန်ဘတင်မှာတော့ ကုမ္ပဏီ
ငွေတွေ ဘယ်လိုရှာ သွင်းရပါ့မလဲ။ ရက်စက်လှ ချည့်လား ခင်ခင်ထား။ တစ်
ပြည်သူမဟုတ်တဲ့ မရွှေထား။ ခါးကလေးတောင် မကိုင်ရဘဲ သိန်းငါးဆယ် ချိုင်ချသွား၊
ဈေးဆစ်လို့တောင် မရပါ လား မယ်မင်းကြီးမ ခင်ခင်ထား၊ မသာမဟု ကျိန်ဆဲနေ
မိသည်။ သည်ကြားထဲ အကုသိုလ်တက် ချင်တော့ ဘွားတော်ကြီးက လာလည်၊ ခုတင်အောက်မှာ
ကျရစ်ခဲ့တာလား၊ တမင် လုပ်သွား တာလား မသိတဲ့ ဆံပင်ရှည် တွေပတ် နေတဲ့ ဆံညှပ်
ကလစ် ကိုလည်း တွေ့ရော ဘာပြောကောင်း မလဲ၊ ဘာမှကို ပြောမကောင်း၊
ဗြောင်းဆန်အောင် ပွဲကြမ်း၊ ကွာမယ် ရှင်းမယ် လုပ်ပါလေ ရော။ အောင်မလေး ကြောင်
အို ကြွက်မလေး ဆိုတာ တယ်မှန်ပါလား။ ခုတော့ ကြောင်ဖား ကြီးအသား ကြွက်မလေး
စားသွားပြီ။ ကြီးလိုက် ပါပေ့ သင်ခန်းစာ။ သည်ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ
လုပ်သွားတာ ဟိုဟာမကြီး အန်တီမြ၊ လိပ် ခါး၊ ဖားလည်ပင်း၊ ရေမြင်း ပါးစပ်နဲ့
သေနာ မကြီးဟု ဦးစိန်ဘတင် ကျိန်ဆဲ နေချိန် မှာတော့။
အန်တီမြ ဒဿနက
ရှင်းရှင်းလေး။ ၀တ္ထုတွေ၊ ရုပ်ရှင်တွေထဲမှာ တို့မိန်းမတွေ ချည်း ငိုနေ ရတယ်။
မျက်ရည် ဆိုတာ မိန်းမတွေချည်း ကန်ထရိုက် ဆွဲထားတာ မဟုတ်ဘူး။ ယောက်ျား
တွေလည်း မျှငိုကြတဲ့။ ကြောက်စရာ့ ဒဿန။ ဇရာကြောင်ကြီး စိန်ဘတင် မှာတော့
ရှေးလူကြီး စကားပုံ၊ ကျားဆရာကြောင် ကြောင်ဆရာ ကြွက် ဆိုတာ ပိုးလိုးပက်လက်
ဘ၀မှာ ပိုးစိုး ပက်စက် ယုံသွားပါပြီ။ အခုပဲကြည့်၊ ကြောင်ဆီကို စားပါလို့
ကြောင်သာကို မျို။ ကြွက်ပျိုမလေးက ကြောင် နှုတ်ခမ်းမွေး ကြိုးတန်း
လျှောက်သွားပြီ။ တင်တင်ထားက ရိုးရိုး အအ၊ ညီမနှင့် မတူ။ အဒေါ် နှင့်
ညီမငွေတွေ ဘယ်လို ရလာတာလဲ မမေး။ ခင်ခင်ထားတို့ကလည်း ဘီလူး စခန်းမှာ နင့်ကို
စားသွားတဲ့ ကြောင်ဖားကြီးကို သင်ခန်းစာ ပေးလာတာဟု မပြော။
ကျိုက်စကော ခင်စိုး (ရွှေအမြုတေ မဂ္ဂဇင်း ဧပြီလ ၂၀၁၃)
|
No comments:
Post a Comment