menu

Saturday 18 May 2013

ဇွန်းကိုအသုံးပြုပြီး ရုရှားအကျဉ်းသား ထောင်ဖောက်ထွက်ပြေး လွတ်မြောက်သွားခဲ့


Photo: ဇွန်းကိုအသုံးပြုပြီး ရုရှားအကျဉ်းသား ထောင်ဖောက်ထွက်ပြေး လွတ်မြောက်သွားခဲ့



ရုရှားနိုင်ငံ မော်စကိုမြို့နောက်ပိုင်း မစ်ထရာစကာရာတီရှိုင်းနား ဗဟိုအကျဉ်းဦးစီးဌာနမှ အကျဉ်းသားတစ်ဦးသည် ဇွန်းတစ်ချောင်းကို အသုံးပြုပြီး ထောင်ဖောက်ကာ ထွက်ပြေးလွတ်မြောက် သွားခဲ့ကြောင်း အာဏာပိုင်များက မေလ၉ရက်တွင် ထုတ်ပြန်ကြေညာသွားခဲ့သည်။ အသက်၃၃နှစ်အရွယ် အိုလတ်တာပယ်လော့ အမည်ရှိ အကျဉ်းသားသည် စတီးဇွန်းတစ်ချောင်းကို အသုံးပြုကာ ထောင်၏ခေါင်မိုး လေ၀င်ပေါက်ကို တဖြည်းဖြည်းချင်း ဖဲ့ယူပြီးနောက် ထိုမလွယ်ပေါက်မှ တစ်ဆင့် အဆောက်အအုံ အပြင်ဘက်ကို လျှောထွက်ကာ ထောင်စည်းရိုးဘက်ကိုကျော်တက် ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ အိုလက်တာပယ်လော့သည် လူသတ်မှု၊ လက်နက်မှောင်ခိုကူးသန်း ရောင်းဝယ်မှုတို့ကြောင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ ထိုသို့ ထွက်ပြေးလွတ်မြောက်သွားသော အကျဉ်းသားကို စုံစမ်းရှာဖွေလျက်ရှိကြောင်း ရုရှားအကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ခရစ်စတီနာဘီလော့ဆိုဗာက RIA Novostic သတင်းဌာနသို့ ပြောကြားသွားခဲ့သည်။

အေးချမ်းမွန် Credit & Copy From >ပြည်မြန်မာ < Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်
ရုရှားနိုင်ငံ မော်စကိုမြို့နောက်ပိုင်း မစ်ထရာစကာရာတီရှိုင်းနား ဗဟိုအကျဉ်းဦးစီးဌာနမှ အကျဉ်းသားတစ်ဦးသည် ဇွန်းတစ်ချောင်းကို အသုံးပြုပြီး ထောင်ဖောက်ကာ ထွက်ပြေးလွတ်မြောက် သွားခဲ့ကြောင်း အာဏာပိုင်များက မေလ၉ရက်တွင် ထုတ်ပြန်ကြေညာသွားခဲ့သည်။ အသက်၃၃နှစ်အရွယ် အိုလတ်တာပယ်လော့ အမည်ရှိ အကျဉ်းသားသည် စတီးဇွန်းတစ်ချောင်းကို အသုံးပြုကာ ထောင်၏ခေါင်မိုး လေ၀င်ပေါက်ကို တဖြည်းဖြည်းချင်း ဖဲ့ယူပြီးနောက် ထိုမလွယ်ပေါက်မှ တစ်ဆင့် အဆောက်အအုံ အပြင်ဘက်ကို လျှောထွက်ကာ ထောင်စည်းရိုးဘက်ကိုကျော်တက် ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
အိုလက်တာပယ်လော့သည် လူသတ်မှု၊ လက်နက်မှောင်ခိုကူးသန်း ရောင်းဝယ်မှုတို့ကြောင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ ထိုသို့ ထွက်ပြေးလွတ်မြောက်သွားသော အကျဉ်းသားကို စုံစမ်းရှာဖွေလျက်ရှိကြောင်း ရုရှားအကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ခရစ်စတီနာဘီလော့ဆိုဗာက RIA Novostic သတင်းဌာနသို့ ပြောကြားသွားခဲ့သည်။

ပြည်မြန်မာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis