menu

Saturday 18 May 2013

ပျောက်ဆုံးနေသော ရွှေမြို့တော်ကြီး ရှာဖွေ တွေ့ရှိပြီဟု သုတေသန ပညာရှင်များ ယူဆ

Photo: ပျောက်ဆုံးနေသော ရွှေမြို့တော်ကြီး ရှာဖွေ တွေ့ရှိပြီဟု သုတေသန ပညာရှင်များ ယူဆ

တရူစီဂါးလ်ပါ မေ ၁၇

ဟွန်းဒူးရပ်စ် နိုင်ငံတွင် လမ်းများနှင့် အဆောက်အအုံ များ၏  အုတ်မြစ်များ အပါအဝင် အပျက် အစီးများကို သုတေသန ပညာရှင်များက ရှာဖွေ တွေ့ရှိ ခဲ့ပြီးနောက် ယင်း အပျက်အစီး များသည်

တစ်ချိန်က ရွှေမြို့ တော်ကြီး အဖြစ် နာမည် ကျော်ကြားခဲ့သော မြို့ဟောင်းကြီး ဖြစ်နိုင်ဖွယ် ရှိသည်ဟု  ၎င်းတို့က ယူဆလျက် ရှိကြောင်း သိရသည်။

အဆိုပါ မြို့ပျက်ကြီးကို ဟွန်းဒူးရပ်စ် နိုင်ငံ၏ မိုးသစ်တော နက်ကြီးမှ ရှာဖွေ တွှေရှိခဲ့ခြင်း ဖြစ်ပြီး City Of Gold အဖြစ် လူသိများသော အထင်ကရ ရွှေမြို့တော်ကြီး ဖြစ်နိုင်ဖွယ် ရှိသည်ဟု သိပ္ပံ ပညာရှင်များက ယူဆခဲ့သည်။

လမ်းများနှင့် အဆောက်အအုံ အုတ်မြစ်များ အပါအဝင် အပျက်အစီးဟု ယူဆရသော အရာများကို သုတေသန ပညာရှင်များက 3D နည်းပညာကို အသုံးပြု၍ မြေပုံရေးဆွဲ ရှာဖွေခဲ့ရာမှ တွေ့ရှိခဲ့ ကြခြင်း ဖြစ်သည်။

ထို့အပြင် ၎င်းဒေသရှိ ရှေးလူမျိုးများ၏ အမှတ် လက္ခဏာများနှင့် မြေပုံ အညွှန်းများကို ရှေးဟောင်း သုတေ သန ပညာရှင်များက ၁၉ဝဝ ပြည့်နှစ်များတွင် သက်သေ အထောက်အထား ဖော် ထုတ် နိုင်ခဲ့သော်လည်း ၎င်း မြို့တော်ကြီး တည်ရှိမှုကို အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။

သို့သော် နောက်ဆုံး လေ့လာဆန်းစစ်မှု အဖြစ် သုတေသီများက မြေလွှာ အတွင်းသို့ လေဆာ စနစ်ဖြင့် ထည့်သွင်း စစ်ဆေးခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ပြုလုပ်ခြင်းသည် သစ်တောများ ထူ ထပ်စွာ ဖုံးလွှမ်း နေသည့် မြေလွှာထုအောက်ရှိ မြေမျက်နှာ သွင်ပြင် အနေအထားကို ပုံထုတ် ရေးဆွဲရာတွင် အထောက် အကူ ဖြစ်စေသောကြောင့် ဖြစ်သည်။

ရှေးဟောင်း သုတေသန ပညာရှင်များသည် ၎င်းဒေသရှိ မြေမျက်နှာ သွင်ပြင် အနေအထားကို စုံစမ်း စစ်ဆေးမှုများ ထပ်မံ ပြုလုပ်ရန် အတွက် ၎င်းဒေသသို့ ယခုနှစ် နှောင်းပိုင်းတွင် အလည်အပတ် သွား ရောက်ရန် စီစဉ် ထားသည်ဟု သိရသည်။

အဆိုပါ မြို့တော်ကြီး တည်ရှိမှုနှင့် ပတ်သက်၍ သက်သေ အထောက်အထားများကို မက္ကဆီကိုနှင့် ပီရူး နိုင်ငံများအား တိုက်ခိုက် သိမ်းယူခဲ့သည့် စပိန်နှင့် ပေါ်တူဂီ အင်ပါယာမှ နယ်မြေသစ် ရှာဖွေ သူများက ၁၅ဝဝ ပြည့်နှစ်တွင် ရှာဖွေမှုများ ပြုလုပ် ခဲ့သည်ဟု သိရသည်။

အေးချမ်းမွန် Credit & Copy From > မြ၀တီ< Thank
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

  မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis