menu

Saturday 18 May 2013

အမည်မဖော်လိုသူ ဟက်ကာအုပ်စုက မြန်မာအစိုးရ၀က်ဘ်ဆိုက်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်မည်ဟုဆို

အမည်မဖော်လိုသူ ဟက်ကာ အုပ်စုများသည် မြန်မာအစိုးရ၏ ၀က်ဘ်ဆိုက်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အွန်လိုင်းမှတိုက်ခိုက်မှု (Hacking)ုပြုလုပ်ရန်စီစဉ်နေပြီဖြစ်ကြောင်း The Independent (UK) သတင်းစာက ရေးသားဖော်ပြသည်ကို ၉-၅-၂၀၁၃ ရက်ကသိရသည်။ အဆိုပါ ဟက်ကာအုပ်စုသည် မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင် အသိုင်းအ၀ိုင်းကို ကာကွယ်ရန်ရည်ရွယ်ပြီး အွန်လိုင်းမှ တိုက်ခိုက်ခြင်းပြုလုပ်သွားရန် စီစဉ်နေခြင်းဖြစ်ကာ နိုင်ငံတကာတွင်လည်း မြန်မာနိုင်ငံ၏ မတရားမှုဟု အမည်တပ်ကာ စာရွက်ဖြန့်ဝေမှုများ ပြုလုပ်သွားရန်ရှိနေသည် ဟုသိရသည်။ ''ဒေါ်အောင်ဆန်းစုကြည်ကို ပစ်မှတ်ထားတိုက်ခိုက်မယ့် ကိစ္စကတော့ ဆွေးနွေးရဦးမှာပါ။ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်''ဟု အမည်မဖော်လိုသူ ဟက်ကာအဖွဲ့ဝင်တစ်ဦးက ပြောကြား၍ ၎င်းတို့၏ အယူအဆအရ အစ္စလာမ်ဘာသာဝင်များသည် မတရားဖိနှိပ်ခံနေရသည်ဟု ပြောကြားထားပြီး ရိုဟင်ဂျာလူမျိုးမှာ အနှိမ်ခံနေရသော တိုင်းရင်းသားများဖြစ်သည်ဟု ပြောကြားထားသည်။
အမည်မဖော်လိုသည့် ဟက်ကာအုပ်စုသည် ဇွန်လ၁ရက်တွင် မြန်မာနိုင်ငံကို ကန့်ကွက်ဆန္ဒပြမှုအဖြစ် လော့စ်အိန်ဂျလိစ်မြို့ရှိ ကမ္ဘာကျော် ရုပ်သံမီဒီယာCNN အဆောက်အအုံအနီးတွင် စာရွက်များဝေငှသွားမည် ဖြစ်ကြောင်းသိရကာ မြန်မာအစိုးရ၀က်ဘ်ဆိုက်များကို တိုက်ခိုက်မည်ဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အစ္စလာမ်ဘာသာဝင်အရေး ဖိအားပေးရန်အတွက် တိုက်ခိုက်သွားမည် ဖြစ်ကြောင်းရေးသား ဖော်ပြထားသည်။
ပြည်မြန်မာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis