menu

Monday 28 January 2013

ဝတပ်ဖွဲ့နှင့် တရုတ်နိုင်ငံ၏ အထောက်အပံ့

ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်
တရုတ်မြန်မာ နယ်စပ်မှာအခြေစိုက်တဲ့ လက်နက်ကိုင် အဖွဲ့တခုကိုတရုတ်နိုင်ငံက ခေတ်မှီ လက်နက် တွေ ကို ရောင်းချနေတယ်လို့ လုံခြုံရေးဆိုင်ရာလေ့လာသုံးသပ်သူတွေက ပြောလိုက်ပါတယ်။ မြန်မာ နိုင်ငံထဲက အင်အားအကြီးဆုံးလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ကို တရုတ်က လက်နက်တွေ တိတ်တဆိတ် ရောင်းချနေတာဖြစ်တယ်လို့ ကာကွယ်ရေးနဲ့ လုံခြုံရေး ဆိုင်ရာ လေ့လာရေး အဖွဲ့ဖြစ်တဲ့ Jane Defense အဖွဲ့ကပြောလိုက် တာဖြစ်ပါတယ်။ အပြည့်အစုံကို သတင်းထောက် Daniel Schearfဘန်ကောက်က ပေးပို့တဲ့သတင်းအပေါ်မူတည်ပြီး မစုမြတ်မွန်က တင်ပြပါမယ်။

တရုတ်မြန်မာနယ်စပ် ကချင်ပြည်နယ်မှာ ကချင်လက်နက်ကိုင် KIA တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေကြား တိုက်ပွဲ တွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့တရုတ်အစိုးရ ပြောနေချိန်မှာပဲ တရုတ်အစိုးရဟာ နယ်စပ် က နောက်ထပ် လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ The United Wa State Army (UWSA) ဝတပ်ဖွဲ့ ကို လက် နက်တွေ တိတ်တဆိတ်ရောင်းချနေတယ်လို့ လုံခြုံရေးဆိုင်ရာ လေ့လာသူတွေက ပြောလိုက် ပါတယ်။



ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ရဲ့ စစ်တပ်အင်အားကို ဖြည့်တင်းနိုင်ဖို့ ခေတ်မှီလက်နက်တွေ ကို တရုတ်က ပြီးခဲ့တဲ့ နှစ်က ရောင်းချခဲ့တယ်လို့လုံခြုံရေးဆိုင်ရာ လေ့လာရေး Jane အဖွဲ့ရဲ့ ဒီဇင် လာဘာ လ က ထုတ်ပြန် တဲ့ထောက်လှမ်းရေးဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါ တယ်။


ရောင်းချခဲ့တဲ့အထဲမှာ မြေပြင်ကနေ ဝေဟင်ပစ် Missile ဒုံးလက်နက်တွေ ပါဝင်သလို သံချပ်ကာကား ၁၂ စင်း အနည်းဆုံး ပါဝင်တယ်လို့ဆိုပါတယ်၊ Jane ထောက်လှမ်းရေးအစီရင်ခံစာ အဆိုအရတော့ Tank Destroyer တင့်ကားဖျက် လက်နက်တွေလို့ သုံးနှုန်းထားပါတယ်၊ ဒီအစီရင်ခံစာကိုရေးသားတဲ့ ထိုင်း အခြေစိုက် လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူ Anthony Davis က တရုတ်အစိုးရဟာ ဝ တပ်ဖွဲ့ကို လက် နက်တွေရောင်းနေပေမဲ့ မြန်မာအစိုးရနဲ့ ဆက်ဆံရေးကို အတိမ်းအစောင်း မရှိအောင် ကြိုးစားနေ တယ်လို့ ဆိုပါတယ်၊

"တရုတ်ဟာ နယ်စပ်တလျှောက်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကို လှစ်လျှူရှုထား မထား နိုင် သလို ဗဟိုအစိုးရကိုလဲ လစ်လျှူမရှုထားနိုင်ပါဘူး၊ ဒါဆိုရင် တရုတ်က လက်နက် ကိရိယာ တွေကို တိုက်ရိုက်ပေးနေ သလားလို့ ဆိုရင်လဲ အဲလို မဟုတ်ပြန်ပါဘူး၊ လက်နက်တွေဟာ အစိုးရအဖွဲ့ ထဲက အဆင့်မြင့် တာဝန်ရှိသူတွေဆီက လာတယ်ဆိုတာကတော့ ရှင်းပါတယ်၊ အဲဒီလိုပြောလို့ တိုက် ရိုက်ေ ငွကြေးထောက် ပံ့နေတယ်လို့လဲ မဆိုနိုင်ပါဘူး၊သူတို့အတွက်က ငြင်းသာ ဖယ်သာ အခြေအနေ ကိုထိန်း ထားဖို့ လိုပါတယ်"

Jane အဖွဲ့ရဲ့ ထောက်လှမ်းရေးသုံးသပ်ချက် အစီရင်ခံစာနဲ့ ပါတ်သက်လို့တရုတ်နိုင်ငံခြားရေးဌာနက တစုံ တရာ တုံ့ပြန်ဖို့ ငြင်းဆိုခဲ့ပါတယ်၊သမ္မတပြောခွင့်ရသူ ပြန်ကြားရေးဒုတိယဝန်ကြီး ဦးရဲထွဋ်ကလဲ ဒီအစီရင် ခံစာနဲ့ပါတ်သက်လို့ တုံ့ပြန်ဖို့ ငြင်းဆန်ခဲ့ပါတယ်၊

"ဒီကိစ္စနဲ့ ပါတ်သက်လို့ ကျွန်တော်တို့မှာ ဘာသတင်းအချက်အလက်မှ မရပါဘူး၊ ကျွန်တော်တို့ရဲ့ ပြည်တွင်း ရေး မှာ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့တရုတ်အစိုးရက အမြဲအာမခံချက် ပေးပါတယ်၊ သူတို့ရဲ့ အာမခံ ချက်ကို ကျွန်တော်တို့ကလဲ လက်ခံပါတယ်။"

မြန်မာအစိုးရကို တော်လှန်တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ ဝ တပ်ဖွဲ့ ဟာ အင်အား အများဆုံးဖြစ်ပြီး စစ်သား အင်အား ၃ သောင်းလောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်၊ တရုတ် အစိုးရက ဝင်ရောက် မစွက်ဖက်ရေးမူကို မူအားဖြင့် ကျင့်သုံးနေတယ် ဆိုပေမဲ့ ဝတပ်ဖွဲ့ကို လက်နက်တွေ အကြီး အကျယ် ထောက်ပံ့နေခဲ့တာ ကြာပြီလို့ စစ်ရေးသုံးသပ်သူတွေကဆိုပါတယ်။

UWSA ဝအဖွဲ့ဟာ 1989 ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ခဲ့တဲ့လူနည်းစု တိုင်းရင်းသား လက် နက် ကိုင် အဖွဲ့တွေထဲက တခုဖြစ်ပါတယ်၊တရုတ်အစိုးရက ကွန်မြူနစ်တွေကို တိုက်ရိုက် ထောက်ခံ လာခဲ့သလို ခွဲထွက်ဖွဲ့စည်းတဲ့ သူပုန်အဖွဲ့တွေနဲ့လဲ ဆက်ဆံရေး မပျက်ခဲ့ပါဘူး၊အဲဒီအထဲမှာ တရုတ်အစိုးရ ဟာ တရုတ်ဘာသာစကားပြောတဲ့ ဝ အဖွဲ့နဲ့ပိုပြီးရင်းနှီးတယ်လို့ Yale တက္ကသိုလ်မှာ ပါရဂူဘွဲ့ဆည်းပူးနေတဲ့ Josh Gordon ကမြင်ပါတယ်၊ ဝ တွေဟာ တရုတ်တွေရဲ့ ကိုယ်ပွားဖြစ်တယ်လို့ သူကဆိုပါတယ်။

"သူတို့ဟာ တရုတ်ယွမ်ငွေကို သုံးတယ်၊ တရုတ်လက်ကိုင်ဖုန်းတွေကို သုံးတယ်၊ မြို့ထဲက နေရာ တော်တော် များများမှာ တရုတ်ဆီက လျှပ်စစ် စွမ်းအင်ကိုသုံးတယ်၊ တရုတ်ရဲ့ အင်တာနက်ကို သုံးစွဲ ဆက်သွယ်နေ ကြပါတယ်။"

အရင် စစ်အစိုးရလက်ထက်တုန်းက UWSA ဝအဖွဲ့နဲ့ 1990 ပြည့်လွန်နှစ်တွေမှာအပစ်အခတ်ရပ်ဆဲရေး သဘောတူခဲ့ပြီး ရှမ်းပြည်အရှေ့မြောက်ပိုင်းမှာအထူးဒေသတွေပေးပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးထား ခဲ့ပါတယ်။ ဝဒေသဟာအာရှမှာ Methamphetamine စိတ်ကြွဆေးတွေ အများဆုံးထွက်ရှိရာ ဒေသဖြစ် လာသလိုဝအဖွဲ့ဟာ ဒေသတွင်းမှာ အကြီးကျယ်ဆုံး မူးယစ်ဆေးရောင်းချတဲ့ အဖွဲ့အဖြစ်လက်ခံ ထားကြ ပါတယ်၊ ဝခေါင်းဆောင် ဝေလျှောက်ခန်ရဲ့ ဓါတ်ပုံတွေကိုအလိုအရှိဆုံး မူးယစ်ရာဇာအဖြစ် အမေရိကန် မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ DEA က၂၀၁၁ ခုနှစ်က ထိုင်းပျော်ပွဲစားရုံတွေမှာ ချိတ်ဆွဲ ကြေညာခဲ့ ပါတယ်။

တရုတ်အစိုးရက ဝတပ်ဖွဲ့ကို လက်နက်တွေရောင်းနေပေမဲ့ တရုတ်မြန်မာနယ်စပ်ဒေသကို တည်ငြိမ်မှု ပျက်ပြားအောင် လုပ်တာ မဟုတ်ပါဘူးလို့Davis ကပြောပါတယ်၊ သူ့ရဲ့ သုံးသပ်ချက်ကတော့ မြန်မာ အစိုးရအနေနဲ့ကချင်ပြည်နယ်မှာ တိုက်ခိုက်သလိုမျိုး ဝ ဒေသကို တိုက်ခိုက်ဖို့စိတ်တောင်မကူးနဲ့ ဆိုတာမျိုး အချက်ပေးချင်တာသာ ဖြစ်တယ်လို့ ဆိုပါတယ်၊

"မြန်မာနိုင်ငံ မြောက်ပိုင်းမှာ တရုတ်တွေက လှုံ့ဆော်သွေးထိုးပေးနေတာ မဟုတ်ပါဘူး၊ ဝကို ပြန်လည် အားဖြည့်ပေးခြင်း အားဖြင့်သူတို့အနေနဲ့ စစ်ရေးအတားအဆီးကို အားပေးနေတာပါ၊ တရုတ်နိုင်ငံအကျိုး အတွက် လွန်ခဲ့တဲ့ အနှစ် ၂၀ ထဲကရှိခဲ့တဲ့ တည်ငြိမ် အေးချမ်းမှုကို သူတို့ကပြန်လည်အားဖြည့်ပေးနေ တာဖြစ်ပါတယ်။"

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ နယ်စပ်လုံခြုံရေး ကိစ္စတွေကို ဆွေးနွေးဖို့ တရုတ်က အဆင့်မြင့် စစ်အရာရှိကြီးတယောက်ကို ဒီလထဲမှာပဲ တရုတ်က စေလွှတ်ခဲ့ပါတယ်၊ မြန်မာနိုင်ငံမှာ စစ်အ စိုးရ လက်ထက် အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့ဒဏ်ခတ်မှုတွေ ခံထားရချိန်ကာလကဆိုရင် တရုတ်ဟာ မြန် မာ နို င်ငံအပေါ်မှာအတော်ကို သြဇာညောင်းခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတဦးသိန်းစိန် လက်ထက်ြ ပုပြင်ြေ ပာင်း လဲမှုတွေလုပ်လာတဲ့နောက်ပိုင်း ပိတ်ဆို့ဒဏ်ခတ်မှုတွေကိုလဲအနောက်နိုင်ငံတွေက ဆိုင်းငံ့ လိုက်ပြီး တဲ့နောက် မြန်မာအပေါ် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုဟာ လျှော့ပါးလာခဲ့ပါတယ်၊ ဒါကြောင့် တရုတ် က ဝ တပ်ဖွဲ့ကို လက်နက်တွေရောင်းပြီး တုံ့ပြန်လိုက်တာလို့ လုံခြုံရေးဆိုင်ရာလေ့လာသုံးသပ်သူ Anthony Davis က သုံးသပ်ပါတယ်။

source: VOA
Opposite eyes Facebook Page

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis