menu

Monday 28 January 2013

တူရကီ နိုင်ငံတွင် နေတိုး စေလွှတ်ခဲ့သော ပက်ထရီယော့ ဒုံးကျည် တပ်ဖွဲ့ စတင် လုပ်ငန်း ဆောင်ရွက်

Photo: တူရကီ နိုင်ငံတွင် နေတိုး စေလွှတ်ခဲ့သော ပက်ထရီယော့ ဒုံးကျည် တပ်ဖွဲ့ စတင် လုပ်ငန်း ဆောင်ရွက်

တူရကီ နိုင်ငံ တောင်ပိုင်း အဒါနာ ပြည်နယ်သို့ နေတိုး တပ်ဖွဲ့မှ စေလွှတ်ခဲ့သော ပက်ထရီယော့ ဒုံးကျည် တပ်ဖွဲ့များ၏ ပထမဆုံး အဖွဲ့သည် ဇန်နဝါရီ ၂၆ ရက်က လုပ်ငန်း ဆောင်ရွက်မှုများ ပြုလုပ် ခဲ့ကြောင်း တူရကီ သတင်း ဌာနက သတင်းထုတ်ပြန် ထားသည်။

ပက်ထရီယော့ ဒုံးကျည် တပ်ဖွဲ့များ အားလုံးကို တူရကီ- ဆီးရီးယား နယ်စပ်အနီးရှိ နေရာများတွင် ဖြန့်ချ ထားပြီး နေတိုးအဖွဲ့၏ကွပ်ကဲမှု အောက်တွင် ရှိနေကြောင်း အဒါနာ ပြည်နယ်ရှိ နေတိုးတပ်ဖွဲ့မှ ပြောရေးဆို ခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး Darius Kacperczyk က ပြောကြား ခဲ့သည်။

တူရကီက နေတိုး တပ်ဖွဲ့အား အကူအညီ တောင်းဆိုပြီးနောက် တူရကီ နိုင်ငံသို့ အမေရိကန် ပြည်ထောင်စု၊ ဂျာမနီ နိုင်ငံနှင့် နယ်သာလန် နိုင်ငံတို့မှ ပက်ထရီယော့ ဒုံးကျည်တပ်ဖွဲ့ နှစ်ဖွဲ့စီ ပို့ဆောင် ပေးခဲ့ပြီး ၎င်းတပ်ဖွဲ့ ခြောက်ဖွဲ့လုံးသည် ဂျာမနီနိုင်ငံ ရမ်စတိန်းမြို့ရှိ လေတပ် ဌာနချုပ်နှင့် တိုက်ရိုက် ဆက်သွယ် သွားမည်ဟု နေတိုး တပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ၏ ပြောကြားချက် အရ သိရသည်။

http://www.myawady.net.mm/allnews/global/item/5469-2013-01-28-09-25-39#.UQX6QJ28B8E

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
တူရကီ နိုင်ငံ တောင်ပိုင်း အဒါနာ ပြည်နယ်သို့ နေတိုး တပ်ဖွဲ့မှ စေလွှတ်ခဲ့သော ပက်ထရီယော့ ဒုံးကျည် တပ်ဖွဲ့များ၏ ပထမဆုံး အဖွဲ့သည် ဇန်နဝါရီ ၂၆ ရက်က လုပ်ငန်း ဆောင်ရွက်မှုများ ပြုလုပ် ခဲ့ကြောင်း တူရကီ သတင်း ဌာနက သတင်းထုတ်ပြန် ထားသည်။

ပက်ထရီယော့ ဒုံးကျည် တပ်ဖွဲ့များ အားလုံးကို တူရကီ- ဆီးရီးယား နယ်စပ်အနီးရှိ နေရာများတွင် ဖြန့်ချ ထားပြီး နေတိုးအဖွဲ့၏ကွပ်ကဲမှု အောက်တွင် ရှိနေကြောင်း အဒါနာ ပြည်နယ်ရှိ နေတိုးတပ်ဖွဲ့မှ ပြောရေးဆို ခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး Darius Kacperczyk က ပြောကြား ခဲ့သည်။

တူရကီက နေတိုး တပ်ဖွဲ့အား အကူအညီ တောင်းဆိုပြီးနောက် တူရကီ နိုင်ငံသို့ အမေရိကန် ပြည်ထောင်စု၊ ဂျာမနီ နိုင်ငံနှင့် နယ်သာလန် နိုင်ငံတို့မှ ပက်ထရီယော့ ဒုံးကျည်တပ်ဖွဲ့ နှစ်ဖွဲ့စီ ပို့ဆောင် ပေးခဲ့ပြီး ၎င်းတပ်ဖွဲ့ ခြောက်ဖွဲ့လုံးသည် ဂျာမနီနိုင်ငံ ရမ်စတိန်းမြို့ရှိ လေတပ် ဌာနချုပ်နှင့် တိုက်ရိုက် ဆက်သွယ် သွားမည်ဟု နေတိုး တပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ၏ ပြောကြားချက် အရ သိရသည်။

http://www.myawady.net.mm/allnews/global/item/5469-2013-01-28-09-25-39#.UQX6QJ28B8E

  မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis