menu

Monday 28 January 2013

ကချင်ဒေသတွင်း ခံစစ်စခန်းများ ဆုံးရှုံးခဲ့သော်လည်း လက်နက်သစ်များ ထပ်မံ ရရှိနေသော ကေအိုင်အေနှင့် နောက်ကွယ်မှ အထောက်အပံ့များ

==============================================
၂၀၁၃ ဇန်န၀ါရီလ ၂၆ ရက်နေ့၌ ကေအိုင်အေတို့၏ ကချင်ဒေသအတွင်း နောက်ဆုံးခံစစ်စခန်းဟု ဆိုနိုင် သည့် ခယာဘွမ် တောင်ကုန်းအား သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော်လ ည်း ကေအိုင်အေဖွဲ့များသို့  ချပ်ဝတ် ကျည်ကာ ၀တ်စုံများ၊ ပေါက်ကွဲအား ပြင်းထန် သော လက်နက်များ၊ လေယာဉ်ပစ် ဒုံးလက်နက်သစ်များ ထပ်မံ ရောက်ရှိနေကြောင်း စုံစမ်းသိရှိခဲ့ရသည်။ ယခင်က ABSDF မြောက်ပိုင်း အဖွဲ့များသာ ၀တ်ဆင်ခဲ့သည့် ကျည်ကာ ၀တ်စုံနှင့် ကျည်ကာ ဦးထုပ် များကို ယခု ကေအိုင်အေ အဖွဲ့များတွင်ပါ တွေ့မြင်လာရသည့် အပြင် လက်နက်သစ်များကိုလည်း ရွှေ့ပြောင်း မှုများ ပြုလုပ်နေသည့် သတင်းများ ရရှိနေကြောင်းလည်း  သတင်းများ အရ သိရှိရပါသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာ့တပ်မတော်မှ စစ်ဘက်ရာထူးကြီး ပုဂ္ဂိုလ်တစ်ဦးနှင့် တွေ့ဆုံစဉ် မေးမြန်းခဲ့ရာ ဒါက ဖြစ်နိုင်ပါတယ်။ တရုတ်ကတော့ ၀နဲ့ ကေအိုင်အေ အဖွဲ့ကို သူ့ရဲ့ ၀ှက်ဖဲလို အသုံးချမှာပဲ။ မြန်မာနိုင်ငံနဲ့ နယ်စပ် တရုတ်ပြည် ယူနန်ဆိုတာ တရုတ်ပြည်မ အစိုးရနဲ့ အုပ်ချုပ်မှု ပုံစံ မတူဘူး။ ပြည်မကြီးက တစ်မျိုး ပြောနေ ပေမယ့် ယူနန်အစိုးရက ယူနန်က တရုတ် စီးပွားရေး သမားရဲ့ လုပ်ငန်းတွေကို အပြည့်အ၀ အကာ အကွယ်ပေးလိမ့်မည် ဖြစ်ကြောင်း သိရသည်။ ကိုးကန့် ပြဿနာ ဖြစ်ခဲ့စဉ်က တရုတ်ပြည် ယူနန်တပ်များ စစ်ရေး ပြင်ဆင်ခဲ့ဖူးသည်ဟုလည်း ၄င်းမှ ရှင်းပြခဲ့သည်။
ကျောက်စိမ်း၊ရွှေ၊ သစ် အကုန်ထုတ်ယူ ပြီးသွားပြီ။ ဒါတင်မကဘူး။ ရှမ်းဘက်က ကေအိုင်အေ ပိုင်တဲ့ ဘိန်းခင်း တွေပါ ထိလာပြီ ဆိုရင်တော့ တိုက်ရိုက် ပါဝင်ပတ်သက်မှုတွေ ရှိလာနိုင်တယ်ဟုလည်း ၄င်းမှ သုံးသပ်ခဲ့သည်။

ထို့ပြင် ၄င်းမှ တရုတ် ဒုတိယ စစ်ဦးစီးချုပ် လာရောက်သည့် ခရီးစဉ်အတွင်း အပစ်အခတ် ရပ်ခဲ့ခြင်း၊ တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ်မှ မိမိတို့မှ အပစ်အခတ်ရပ်စဲကြောင်း တစ်ဖတ်သက် ကြေငြာပေးခြင်းများ သည် အဆိုပါ တရုတ်ဒုတိယ စစ်ဦးစီးချုပ်၏ ခရီးစဉ်နှင့် ဆက်စပ်မှု ရှိနိုင်သည်ဟု သုံးသပ်ခဲ့သည်။ အတိအကျ မဖော် ပြနိုင်သည့် သတင်းများအရ  မြန်မာ စစ်ဘက် အကြီးအကဲများနှင့် တရုတ် စစ်ဦးစီးချုပ်တို့ တွေ့ဆုံစဉ်က ကချင် ဒေသအတွင်း စစ်ပွဲများသည် နယ်စပ်ဒေသရှိ နှစ်နိုင်ငံ တပ်မတော်တို့၏ ချစ်ကြည်ရေးကို ထိခိုက်လာနိုင်သဖြင့်၊ အမြန်ဆုံး ရပ်ဆိုင်းရန် တွန်းအားပေးခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အနောက်နိုင်ငံများနှင့် သင့်မြတ် အဆင်ပြေပြီး နည်းပညာ ၊ငွေကြေး ထောက်ပံ့မှုများ ရရှိလာချိန်တွင် တရုတ်အနေဖြင့် နှစ်နိုင်ငံအကြား သောင်းကျန်းသူများ ထားရှိခြင်းဖြင့် ၄င်းတို့နိုင်ငံအား ကာကွယ်လိုပုံ ရကြောင်း သုံးသပ်သူများလည်း ရှိကြသည်။ 
အရပ်ဘက်ဝန်ကြီးဌာန အရာရှိ တစ်ဦးမှ သတင်းစာမှာတော့ တရုတ်က နယ်စပ်ဒေသ အကြမ်းဖက်မှုတွေ၊ လက်နက်ကိုင် သောင်းကျန်းသူတွေကို လက်မခံဖူးဆိုပြီး ကာချုပ်ကို ပြောတဲ့ သတင်းကို ဖတ်လိုက်ရတယ်။ ချစ်ကြည်ရေးလည်း အပျက်မခံနိုင်၊ ဂရုမစိုက်ဘဲလဲ နေလို့မရ အခြေအနေမျိုးမှာ မီးစတစ်ဖက်၊ ရေမှုတ် တစ်ဖက် နေမယ် ထင်တယ်။ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း ပြောဖူးတဲ့ တရုတ်ကို ကြောက်ရတယ်ဆိုတာ ဒီအခြေအနေမျိုးပေါ့။ ဟု ဆိုသည်။

ယနေ့ ၂၈-၁-၂၀၁၃ တွင် တရုတ်နိုင်ငံ သံရုံး၏ သတင်းထုတ်ပြန်ချက်အရ ၀ တပ်ဖွဲ့များကိုလည်း တရုတ်နိုင်ငံမှ လက်နက်ထောက်ပံ့ပေးမှုကြောင်း အနောက်အုပ်စု အစီရင်ခံစာကို ကန့်ကွက်လိုက်သည်ဟု သိရသည်။ ထိုသို့ တရုတ်မှ ငြင်းပယ်နေသော်လည်း လက်နက်စက်ရုံ၊ သံချပ်ကာ တိုက်ခိုက်ရေးယာဉ်များ၊ လေယာဉ်ပစ် စက်သေနတ်များမှာ ငြင်းပယ်မရသော သက်သေများ ပင် ဖြစ်နေသည်။

နောက်ဆုံး သိရသော သတင်းများအရ လတ်တလော လိုင်ဇာဝန်းကျင်တွင် တိုက်ပွဲများ ငြိမ်သက်နေပြီး ရာနှင့် ချီသော ကေအိုင်အေ တပ်ဖွဲ့များ၏ တပ်လှုပ်ရှားမှုများ ရှိနေကြောင်း ၊ မကြာမီ တိုက်ပွဲကြီး တစ်ပွဲ ကေအိုင်အေ မှ  ပြည်လည် စတင်တိုက်ခိုက်နိုင်ကြောင်း သိရသည်။

Opposite eyes Facebook

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis