menu

Monday 28 January 2013

အရည်အချင်း သတ်မှတ်ချက်နှင့် မငြိစွန်းကြောင်း မြို့နယ်သံဃာ့ဝန်ဆောင် တာဝန်မှ ထုတ်ပယ်ခြင်းခံရသော မကွေးကျောင်းတိုက် ဆရာတော် ရှင်းလင်း




ha-28-1-5
မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
နိုင်ငံတော် သံဃနာယကအဖွဲ့က အရည်အချင်းပျက်ယွင်းခြင်းကြောင့် မြို့နယ်သံဃာ့ဝန်ဆောင် တာဝန်မှ ထုတ်ပယ်ခြင်းခံရသော မကွေးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဦးပါမောက္ခသည် ရန်ကုန်မြို့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် မကွေးကျောင်းတိုက်တွင် ဇန်န၀ါရီ ၂၇ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အရည်အချင်းသတ်မှတ်ချက်နှင့် မငြိစွန်းကြောင်း ဆရာတော်က ရှင်းလင်းမိန့်ကြားခဲ့သည်။
ဆရာတော် ဦးပါမောက္ခအား ထုတ်ပယ်ရေးကိစ္စနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁၈ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကြားတောရလမ်းရှိ တိုင်းသံဃနာယက အဖွဲ့ရုံးသို့ ဆရာတော်ကို ခေါ်ယူခဲ့သော်လည်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသည့် လူပုဂ္ဂိုလ်များ လာရောက်ခြင်းမရှိခြင်းကြောင့်ဟု ဆိုကာ တိုင်းသံဃနာယက ဥက္ကဋ္ဌက ဆရာတော်အား ရက်သတ္တပတ်အကြာတွင် ပြန်လည်လာရောက်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခသည် အိုအိုင်စီ (အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) ရုံး မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်ခြင်းအပေါ် ဆန္ဒဖော်ထုတ်မှုတွင် ဦးဆောင်သံဃာတော်တစ်ပါးဖြစ်ပြီး  လက်ပံတောင်းတောင် အရေးတွင် သံဃာများအပေါ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ နှိမ်နှင်းခဲ့မှုနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ရာတွင်လည်း ဦးဆောင်သံဃာတစ်ပါး ဖြစ်ခဲ့ကြောင်း သိရသည်။
မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက "ဘုန်းကြီးကို အခုလို ထုတ်ပယ်လိုက်တာနဲ့ ပတ်သက်ပြီး အဓိကပြောချင်တာက သူတို့ရေးတဲ့ အရည်အချင်းစာရွက်နဲ့ ပတ်သက်ပြီး ငြိစွန်းတာ ဘာမှမရှိပါဘူး။ မြန်မာပြည်မှာ အိုအိုင်စီရုံး စိုက်ထူရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်တာကလည်း အင်ဒိုနီးရှား၊ အာဖဂန်နစ္စတန်လို နိုင်ငံတွေမှာ အရင်တုန်းက ဗုဒ္ဓဘာသာနိုင်ငံတော်တွေ အခုတော့ မွတ်ဆလင်ဘာသာတွေ ဖြစ်ကုန်ကြပြီ။ လက်ပံတောင်းတောင် ကိစ္စကလည်း စီမံကိန်းတစ်ရပ်လုံးဆိုတာထက် ရဟန်းသံဃာတွေ ထိခိုက်တာနဲ့ ပတ်သက်ပြီး လုပ်ဆောင်တုန်းကလည်း ဆန္ဒမပြနဲ့လို့ တားတယ်။ သက်ဆိုင်ရာဝန်ကြီး၊ ရဲချုပ်တွေကို ဒီဆရာတော်က လမ်းပေါ်ထွက်တာ ခုနစ်ခါ၊ ရှစ်ခါရှိပါပြီလို့ ပြောတာထက် ဆရာတော်ကြီးတွေ အနေနဲ့ မြန်မာပြည်မှာ အိုအိုင်စီလာဖွင့်မှာကို တားမြစ်ရမှာပါ" ဟု မိန့်ကြားခဲ့သည်။
"ဦးပဉ္ဇင်းကတော့ သူတို့က နှုတ်ထွက်ခွင့် မပေးခဲ့ရင်လည်း ကိုယ်တိုင်လက်မှတ်ထိုးပြီး နုတ်ထွက်ကြောင်း စာတင်သွားမှာပါ။ သံဃနာယကအဖွဲ့က ဆရာတော်ကြီးများအနေနဲ့ ဘုန်းကြီးသံဃာတွေနဲ့ ပြည်သူလူထု ပရိသတ်တွေရဲ့ မျက်နှာကိုသာ ကြည့်သင့်ပါတယ်။ ၀န်ကြီး၊ ၀န်လေးတွေရဲ့ မျက်နှာကိုပဲ မကြည့်သင့်ပါဘူး" ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။  
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ရွှေည၀ါဆရာတော် ဦးပညာသီဟ၊ ဒယ်အိုးဆရာတော် ဦးသုမင်္ဂလ၊ (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့၊ ဦးဂမ္ဘီရ (ခေါ်) ကိုညီညီနှင့် ကျောင်းတိုက်အချို့မှ ဆရာတော်များ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။
"သေဖော်သေဖက် ဆရာတော်တစ်ပါးကို ကျန်သေဖော်သေဖက် ဆရာတော်သုံးပါးက ၀ိုင်းအားပေးတာပါ။ လူတွေရူးနေတာက ရာထူးမို့ ထားပါတော့ ဘုန်းကြီးတွေကပါ ရာထူးဆိုတော့ အဲဒီတော့ ဆရာတော် ဦးပါမောက္ခရော ရာထူးဆိုတာ ရူးတာပါပဲလို့။ အခုလို ဆရာတော် ဦးပါမောက္ခ ရာထူးအရူးမှ လွတ်မြောက်လာလို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်" ဟု ရွှေည၀ါဆရာတော်က အဆိုပါသတင်းစာ ရှင်းလင်းပွဲတွင် မိန့််ကြားခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis