menu

Monday 28 January 2013

ခရမ်းလွန်ရောင်ခြည် မြင့်မားနေခြင်းက စိုးရိမ်ဖွယ် အခြေအနေဟု ဦးထွန်းလွင်ပြောကြား

Photo: ခရမ်းလွန်ရောင်ခြည် မြင့်မားနေခြင်းက စိုးရိမ်ဖွယ် အခြေအနေဟု ဦးထွန်းလွင်ပြောကြား

ရန်ကုန်တိုင်း ဒေသကြီး အပါအ၀င် မြန်မာနိုင်ငံ အချို့ဒေသ များတွင် ခရမ်းလွန် ရောင်ခြည်မှာ သတ်မှတ်ထားသည့် အဆင့်ထက် ပိုမိုမြင့်မားစွာ ပါဝင် နေခြင်းကြောင်း ကျန်းမာရေး အတွက် အန္တရာယ်ရှိ နိုင်သည်ဟု မိုးလေ၀သ ပညာရှင် ဒေါက်တာ ဦးထွန်းလွင် က ပြောသည်။

လက်ရှိရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်း၊ပဲခူးတိုင်း၊ကယားပြည်နယ်
ကရင်ပြည်နယ်၊မွန်ပြည်နယ်များတွင်တိုင်းတာချက်များအရခရမ်းလွန်
ရောင်ခြည်အညွှန်းကိန်း (၉) အထိမြင့်တက်နေသည်ဟုသိရသည်။
မုတ်သုန်ရာသီဥတုတွင်အညွှန်းကိန်း (၆)သို့မဟုတ်(၇)နှင့်ဥရောပ
တွင်(၄)(၅)ပုံမှန်အနေအထားတွင်ရှိသည်ဟုဦးထွန်းလွင်မှပြောသည်။

နေရောင်ခြည်နှင့်တိုက်ရိုက်မထိတွေ့စေရန်အကာအကွယ်များသုံး
သင့်ကြောင်းနှင့်အညွှန်းကိန်း(၉)တွင်အရေးပြားရောဂါများမှအစ
အသက်ဆုံးရှုံးသည်အထိထိခိုက်နိုင်ကြောင်း၎င်းမှပြောသည်။

Source: မြစ်မခ

အေးချမ်းမွန်မှ Myanmar Evening News  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ရန်ကုန်တိုင်း ဒေသကြီး အပါအ၀င် မြန်မာနိုင်ငံ အချို့ဒေသ များတွင် ခရမ်းလွန် ရောင်ခြည်မှာ သတ်မှတ်ထားသည့် အဆင့်ထက် ပိုမိုမြင့်မားစွာ ပါဝင် နေခြင်းကြောင်း ကျန်းမာရေး အတွက် အန္တရာယ်ရှိ နိုင်သည်ဟု မိုးလေ၀သ ပညာရှင် ဒေါက်တာ ဦးထွန်းလွင် က ပြောသည်။

လက်ရှိရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်း၊ပဲခူးတိုင်း၊ကယားပြည်နယ်
ကရင်ပြည်နယ်၊မွန်ပြည်နယ်များတွင်တိုင်းတာချက်များအရခရမ်းလွန်
ရောင်ခြည်အညွှန်းကိန်း (၉) အထိမြင့်တက်နေသည်ဟုသိရသည်။
မုတ်သုန်ရာသီဥတုတွင်အညွှန်းကိန်း (၆)သို့မဟုတ်(၇)နှင့်ဥရောပ
တွင်(၄)(၅)ပုံမှန်အနေအထားတွင်ရှိသည်ဟုဦးထွန်းလွင်မှပြောသည်။

နေရောင်ခြည်နှင့်တိုက်ရိုက်မထိတွေ့စေရန်အကာအကွယ်များသုံး
သင့်ကြောင်းနှင့်အညွှန်းကိန်း(၉)တွင်အရေးပြားရောဂါများမှအစ
အသက်ဆုံးရှုံးသည်အထိထိခိုက်နိုင်ကြောင်း၎င်းမှပြောသည်။

Source: မြစ်မခ

Myanmar Evening News 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis