menu

Thursday 18 October 2012

“ဂျပန်တွင် HTC J Butterfly ဖုန်းအားမိတ်ဆက် ပြသ”


HTC မှနေ၍ ယခုအခါ ဂျပန်တွင် 5 လက်မအရွယ် HTC J Butterfly ဖုန်းအားမိတ်ဆက်ပြသလိုက်ပြီ ဖြစ်ပါတယ်။ ယခုဖုန်းတွင် 5 လက်မအရွယ် Super LCD3 Display ကိုအသုံးပြုထားပြီး resolution အနေနှင့် Full HD resolution ဖြစ်သော 1920 x 1080 အထိရှိမှာ ဖြစ်ပါတယ်။ Pixel Density အားဖြင့်ဆိုလျှင် အံ့သြောလောက်ဖွယ် 440 ppi အထိရှိမှာ ဖြစ်ပါတယ်။ ထို့  ကြောင့် HTC J Butterfly သည်ထွက်ရ
ှိပြီးသော စမတ်ဖုန်းများအားလုံးထဲတွင် ပထမဆုံး 1080p Display အသုံးပြုထားသော ဖုန်းဖြစ်လာမှာ ဖြစ်ပါတယ်။

HTC J Butterfly ဖုန်းသည် ထုထည်အားဖြင့် 143 x 71 x 9.1 mm ရှိမှာဖြစ်ပြီး ထွက်ရှိပြီး ဖြစ်သော HTC One X (134.4 x 69.9 x 8.9 mm) ထက်အနည်းငယ်မျှသာ ပိုမို၍ကြီးမားကြောင်း သိရပါတယ်။ HTC J Butterfly မှာ အလေးချိန်အားဖြင့် 140g ရှိမှာ ဖြစ်ကြောင်း သိရပါတယ်။

အထဲတွင်ပါဝင်သော Specs များအနေနှင့်မူ CPU ကို 1.5GHz Quad Core Qualcomm Snapdragon S4 Processor အသုံးပြုထားပြီး RAM အနေနဲ့  2GB ပါဝင်မှာ ဖြစ်ကြောင်း သိရပါတယ်။ Storage အနေနှင့် 16GB ပါဝင်မှာဖြစ်ပြီး Micro SD card slot ပါဝင်သောကြောင့် Storage ကိုလည်း ထပ်မံ၍တိုးနိုင်မှာ ဖြစ်ပါတယ်။ ကင်မရာအနေနှင့် နောက်ဖက်တွင် 1080p ရိုက်ကူးနိုင်သော 8MP ကင်မရာနှင့် အရှေ့ဘက်တွင်တော့ 2MP ကင်မရာ ပါဝင်မှာ ဖြစ်ပါတယ်။ ဆက်သွယ်မှုကွန်ယက်များအဖြစ် NFC နှင့် 4G (LTE) လည်းပါဝင်မှာ ဖြစ်ပါတယ်။ OS အနေနှင့် Google ရဲ့နောက်ဆုံး Android ဗားရှင်းဖြစ်သော 4.1 Jelly Bean ကိုအသုံးပြုထားမှာ ဖြစ်ကြောင်း သိရပါတယ်။ ထို့ အပြင် HTC မှပြောကြားချက်အရ ယခု HTC J Butterfly သည် အမှိုက်သရိုက် ဖုန်မှုန့် များ နှင့် ရေစိုခံ မှာဖြစ်ကြောင်းလည်း ပြောကြားထားပါတယ်။ ထူးခြားမှုအနေနှင့် HTC J Butterfly တွင် 5 လက်မအရွယ် 1080p Display ကဲ့သို့  Specs အမြင့်စားများကို အသုံးပြုထားသော်လည်း ဘက်ထရီကိုမူ 2,020 mAh သာ အသုံးပြုထားကြောင်း သိရပါတယ်။

HTC J Butterfly ကို ဂျပန်တွင် ဒီဇင်ဘာလတွင် စတင်ဖြန့်  ချီသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ HTC J Butterfly ကို အနီရောင်၊ အမည်းရောင် နှင့် အဖြူရောင်ဆို၍ အရောင် ၃ မျိုးဖြင့်ဝယ်ယူ နိုင်မှာ ဖြစ်ပါတယ်။ HTC အနေနဲ့  HTC J Butterfly ကိုယခုအခါတွင်တော့ ဂျပန်မှာသာ သီးသန့်  ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။

Source : GSMArena

Info Tech For Myanmar (IT4M)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis