menu

Thursday 18 October 2012

၂၀၁၂ ခုနှစ်အတွင်း ပြည်ပရုပ်သံရိုက်ကူးရေးအဖွဲ့ ဆယ်ဖွဲ့ လာရောက်ရိုက်ကူး ခဲ့

Photo: ၂၀၁၂ ခုနှစ်အတွင်း ပြည်ပရုပ်သံရိုက်ကူးရေးအဖွဲ့ ဆယ်ဖွဲ့ လာရောက်ရိုက်ကူး ခဲ့ပြီး ထပ်မံလာရောက်ရိုက်ကူးရန် ပြင်ဆင်နေမှုများလည်းရှိ  

Wednesday, 17 October 2012 14:01

၂၀၁၂ ခုနှစ် ဆယ်လတာ ကာလအတွင်း ပြည်ပရုပ်သံရိုက်ကူးရေးအဖွဲ့ ဆယ်ဖွဲ့သည် ပြည်တွင်းရှိ ထင်ရှားသည့် နေရာဒေသများသို့ လာရောက်ရိုက်ကူးခဲ့ပြီး ထပ်မံလာရောက် ရိုက်ကူးရန် ပြင်ဆင်နေသည့် ရိုက်ကူးရေးအဖွဲ့များလည်း ကြိုတင်အကြောင်းကြား ညှိနှိုင်းနေခြင်းများရှိသည်ဟု သတင်းရရှိသည်။

"အခုနှစ်အတွင်းမှာ ပြည်ပရိုက်ကူးရေးအဖွဲ့တွေ လာရောက်ရိုက်ကူးမှုက အရင်နှစ်တွေထက် ပိုမိုများပြားလာပါတယ်။ အဓိကတော့ မြန်မာနိုင်ငံရဲ့ထင်ရှားတဲ့ နေရာဒေသ တွေကို ရိုက်ကူးကြတာပါ။ မြန်မာနိုင်ငံက လှပတဲ့သဘာဝရှုခင်းတွေ အများအပြားရှိသလို နိုင်ငံတကာစိတ်ပါဝင်စားမှုလည်းရှိတဲ့အတွက် အခုလိုလာရောက်ရိုက်ကူးမှုတွေ များပြားလာတာပါ" ဟု မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။

၂၀၁၂ ခုနှစ် ဆယ်လတာ ကာလအတွင်း လာရောက်ရိုက်ကူးခဲ့သည့် ပြည်ပရုပ်သံ ရိုက်ကူးရေးအဖွဲ့များမှာ Australia Brocasting Corporation မှ ရန်ကုန်မြို့၊ မန္တလေးမြို့ နှင့် ပုဂံဒေသရှိ စေတီပုထိုးများသို့ လေ့လာရိုက်ကူးခြင်း၊ Australia နိုင်ငံ Animax Films မှ ရေးမြစ်ဝအတွင်း လေယာဉ်ပျက်ရှာဖွေခြင်းနှင့် မှတ်တမ်းတင်ရိုက်ကူးခြင်း၊ ရန်ကုန်မြို့ ဓမ္မစေတီခေါင်းလောင်း ရှာဖွေခြင်း၊ Aljazeera သတင်းဌာနမှ ရန်ကုန်၊ နေပြည်တော်၊ အင်းလေး၊ ကျိုက်ထီးရိုး ခရီးစဉ်တွင် မှတ်တမ်းတင်ရိုက်ကူးခြင်း၊ ထိုင်းနိုင်ငံ Talent Mass Media မှ မြောက်ဦးမြို့တွင် 'Spirit of Asia' မှတ်တမ်းဇာတ်ကားရိုက်ကူးခြင်း၊ Aps Asia Production မှ ရန်ကုန်၊ ကျိုက်ထီးရိုး၊ ပုဂံ၊ မန္တလေး၊ အင်းလေးဒေသများကို မှတ်တမ်း တင်ရုပ်ရှင်ရိုက်ကူးရေး၊ သြစတြေးလျနိုင်ငံ Lisa Films နှင့် အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်အခြေစိုက် SOF ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့မှ ရန်ကုန်၊ ပုသိမ်၊ ငွေဆောင်၊ ပုဂံ၊ အင်းလေးဒေသများတွင် ရိုက်ကူးခြင်း၊ ဆွစ်ဇာလန်နိုင်ငံမှ အင်းလေးဒေသရှိ ချည်မျှင်ပိုးထည်ထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ ရိုက်ကူးခြင်း၊ ဂျပန်နိုင်ငံ TBS ရုပ်မြင်သံကြားမှ မွန်ပြည်နယ် ကျေးရွာသူကျေးရွာသားများ၏ သမိုင်းကြောင်း မှတ်တမ်းရိုက်ကူးခြင်းတို့ဖြစ်သည်ဟု သိရသည်။ ပြည်ပရုပ်သံဌာနများတွင် ထုတ်လွှင့်ရန် ရည်ရွယ်ရိုက်ကူးခြင်းဖြစ်သည်ဟုလည်း သိရသည်။

မူရင်းသတင်း----Eleven Media Group
Post By :  အေးချမ်းမွန်
၂၀၁၂ ခုနှစ် ဆယ်လတာ ကာလအတွင်း ပြည်ပရုပ်သံရိုက်ကူးရေးအဖွဲ့ ဆယ်ဖွဲ့သည် ပြည်တွင်းရ
ှိ ထင်ရှားသည့် နေရာဒေသများသို့ လာရောက်ရိုက်ကူးခဲ့ပြီး ထပ်မံလာရောက် ရိုက်ကူးရန် ပြင်ဆင်နေသည့် ရိုက်ကူးရေးအဖွဲ့များလည်း ကြိုတင်အကြောင်းကြား ညှိနှိုင်းနေခြင်းများရှိသည်ဟု သတင်းရရှိသည်။

"အခုနှစ်အတွင်းမှာ ပြည်ပရိုက်ကူးရေးအဖွဲ့တွေ လာရောက်ရိုက်ကူးမှုက အရင်နှစ်တွေထက် ပိုမိုများပြားလာပါတယ်။ အဓိကတော့ မြန်မာနိုင်ငံရဲ့ထင်ရှားတဲ့ နေရာဒေသ တွေကို ရိုက်ကူးကြတာပါ။ မြန်မာနိုင်ငံက လှပတဲ့သဘာဝရှုခင်းတွေ အများအပြားရှိသလို နိုင်ငံတကာစိတ်ပါဝင်စားမှုလည်းရှိတဲ့အတွက် အခုလိုလာရောက်ရိုက်ကူးမှုတွေ များပြားလာတာပါ" ဟု မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။

၂၀၁၂ ခုနှစ် ဆယ်လတာ ကာလအတွင်း လာရောက်ရိုက်ကူးခဲ့သည့် ပြည်ပရုပ်သံ ရိုက်ကူးရေးအဖွဲ့များမှာ Australia Brocasting Corporation မှ ရန်ကုန်မြို့၊ မန္တလေးမြို့ နှင့် ပုဂံဒေသရှိ စေတီပုထိုးများသို့ လေ့လာရိုက်ကူးခြင်း၊ Australia နိုင်ငံ Animax Films မှ ရေးမြစ်ဝအတွင်း လေယာဉ်ပျက်ရှာဖွေခြင်းနှင့် မှတ်တမ်းတင်ရိုက်ကူးခြင်း၊ ရန်ကုန်မြို့ ဓမ္မစေတီခေါင်းလောင်း ရှာဖွေခြင်း၊ Aljazeera သတင်းဌာနမှ ရန်ကုန်၊ နေပြည်တော်၊ အင်းလေး၊ ကျိုက်ထီးရိုး ခရီးစဉ်တွင် မှတ်တမ်းတင်ရိုက်ကူးခြင်း၊ ထိုင်းနိုင်ငံ Talent Mass Media မှ မြောက်ဦးမြို့တွင် 'Spirit of Asia' မှတ်တမ်းဇာတ်ကားရိုက်ကူးခြင်း၊ Aps Asia Production မှ ရန်ကုန်၊ ကျိုက်ထီးရိုး၊ ပုဂံ၊ မန္တလေး၊ အင်းလေးဒေသများကို မှတ်တမ်း တင်ရုပ်ရှင်ရိုက်ကူးရေး၊ သြစတြေးလျနိုင်ငံ Lisa Films နှင့် အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်အခြေစိုက် SOF ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့မှ ရန်ကုန်၊ ပုသိမ်၊ ငွေဆောင်၊ ပုဂံ၊ အင်းလေးဒေသများတွင် ရိုက်ကူးခြင်း၊ ဆွစ်ဇာလန်နိုင်ငံမှ အင်းလေးဒေသရှိ ချည်မျှင်ပိုးထည်ထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ ရိုက်ကူးခြင်း၊ ဂျပန်နိုင်ငံ TBS ရုပ်မြင်သံကြားမှ မွန်ပြည်နယ် ကျေးရွာသူကျေးရွာသားများ၏ သမိုင်းကြောင်း မှတ်တမ်းရိုက်ကူးခြင်းတို့ဖြစ်သည်ဟု သိရသည်။ ပြည်ပရုပ်သံဌာနများတွင် ထုတ်လွှင့်ရန် ရည်ရွယ်ရိုက်ကူးခြင်းဖြစ်သည်ဟုလည်း သိရသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis