menu

Thursday 18 October 2012

ကင်ဆာ ဆောင်ထဲလမ်း လျှောက်ခြင်း(ဒေါက်တာလွှမ်းမိုးဟန်)

စဥ့်ကိုင်မြို့နယ်မှ မောင် .....(အသက် ၃၉နှစ်)သည် အသက် ၁၄နှစ်သားအရွယ်မှစ၍
ကွမ်းစား လာရာ ကျွန်တော့်ထံ သို့ပါးစောင် ကင်ဆာ ရောဂါဖြင့် ရောက်ရှိ လာ ပါသည်။ ဘယ်ဘက်ပါးပြင်ကြီး တစ်ခုလုံး ရောင်ကိုင
်းနေပြီး မေးရိုး အောက်တွင်လည်း ဆီးစေ့ခန့် ကင်ဆာအကျိတ်တစ်ခုဖြစ်ပေါ်နေပါ သည်။ ကင်ဆာအမြစ်များ ပျံ့နှံ့ နေသဖြင့် ပါးစောင်တစ်လျှောက် ကိုက်ခဲနေပါသည်။ သုတေသနပြု ကုသပေးလိုက်ရာ သက်သာ ပျောက် ကင်းသွားပါသည်။ ပါးစောင်အကျိတ်မှ ပေါက်ထွက်ပြီး ကင်ဆာအရိအရွဲများ ထွက်ကျနေပါသည်။

ဘုရား၊ ဘုရား။ မန္တလေးမြို့မှ ထုတ်ဝေသည့် ဂျာနယ်တစ်စောင်တွင် ပါရှိသည့်ကြော်ငြာဖြစ်ပါသည်။ အိပ် ချင်နေသဖြင့်မှေးနေသော စာရေးသူ ၏ မျက်လုံးများဖျတ်ခနဲ ပြူးကျယ် သွားသည်။ လူနာ၏ဓာတ်ပုံလည်းပါ သည်။ ကံကောင်းရင် တစ်ခါတလေ မှတ်ပုံတင်နံပါတ်တောင် ပါလိုက်သေး သည်။ ကင်ဆာဆိုပါလား။ အမြစ် တွေပျံ့နှံ့နေသည် ဆိုပါလား။ သုတေ သနပြုနေသည်ဆိုပါလား။ ထိုကြော် ငြာကိုကြည့်ပြီး စာရေးသူ၏ခေါင်းထဲ မှာ မဆုံးနိုင်သည့် အတွေးတွေဝင် လာပါသည်။
လူနာ တစ်ယောက်မှာ ကင်ဆာ ဖြစ်နေပြီဟု ပြောဖို့ဆိုသည်မှာ အသားစ အဖြေကိုရအောင်ယူရပါသည်။ ရောဂါ ဗေဒဆရာဝန်မှပေးသည့် ကင်ဆာဟူ သော အဖြေသည် လူနာအသက် အတွက် အလွန်အရေးကြီး သလို ကင်ဆာဆရာဝန် အတွက်လည်း အသက်တမျှ အရေးကြီးလှပါသည်။ ပြူးပြဲ ထွက်နေသည့် ကင်ဆာမျိုးတွေ ဆိုရှင်းသည်။ ထွက်သည့် နေရာက အသားစယူလိုက် ရုံသာ။ ဥပမာ ရင် သား ကင်ဆာအကျိတ်။ တချို့ကင်ဆာ များ ကျပြန်တော့ အကျိတ်ကြီးသာ ထွက်လာသဖြင့် အသားစယူပြီး ကင်ဆာမှန်းသိလိုက်ရသည်။ ဘယ် ကလာသည့်ကင်ဆာမှန်းမသိသည့် ကင်ဆာမျိုးတွေရှိနေသေးသည်။ (Cancer of unknown primary) လူနာက အောက်ပိုင်း သေလာသည်။ ခါးရိုးကို ဓာတ်မှန် ရိုက်ကြည့်တော့ ကင်ဆာဆဲလ်တွေ ဝါးမျိုထားသည် ကို တွေ့ရသည်။ သို့ပေမယ့် ဆေးကုလို့ ကမရသေး။
ဘယ်ကင်ဆာဆေးကို ပေးရမယ်မှန်း ဆုံးဖြတ်လို့မရသေး။ ထို့ကြောင့် ခါးရိုးမှအသားစကို အရိုး ဆရာဝန်အကူအညီဖြင့် ရအောင်ယူရ သည်။ ပြီးမှဓာတ်ခွဲကြည့်ရသည်။ ကင်ဆာတော့ ကင်ဆာ။ သို့ပေမယ့် အရိုးမှာ ဖြစ်လေ့ရှိသည့် ကင်ဆာ မဟုတ်။ တခြား နေရာကနေ ပျံ့လာ သည့်ကင်ဆာ။ ထိုအခါ တစ်ကိုယ်လုံး ကို ကွန်ပျူတာ ဓာတ်မှန်ရိုက်ကြည့်ရ သည်။ ဒါလည်းမတွေ့။ ပထမစဖြစ် သည့်ကင်ဆာကို ဘယ်မှာမှ ရှာလို့ မတွေ့။ ကင်ဆာလို့ ရောဂါအမည် တပ် ဖို့က ထိုသို့ခက်ခဲတတ်ပါသည်။ ကင်ဆာဖြစ်နေပြီဟု သံသယရှိ သဖြင့် ကိုယ့်ဆီကိုရောက်လာသည့် လူနာကို ဆရာဝန်သည် အချက်ကြီး နှစ်ချက်အပေါ် အဓိကထားကြည့်ပါ သည်။
နံပါတ် (၁) လူနာ၏လက်ရှိ ကျန်းမာရေးနောက်ခံအခြေအနေ။ နံပါတ်(၂) ကင်ဆာနှင့်ပတ်သက်သည့် အချက်အလက်များ ဟူ၍ဖြစ်ပါသည်။ လူနာ၏ လက်ရှိကျန်းမာရေး အခြေအနေနှင့် ပတ်သက်ပြီး လူနာ၏ အသက်အရွယ်၊ နဂို နောက်ခံ ရောဂါများ၊ လက်ရှိလှုပ်ရှား သွားလာနိုင်မှု အခြေအနေ စသည်တို့ကို ကြည့်ရသည်။ လူနာသည် အသက် ငယ်နေသေး သည်ဆိုလျှင် ယေဘုယျ အားဖြင့် အသက်ပိုရှည် မည့်သဘော ရှိသည်။ ကင်ဆာဆေးပြင်း များဖြင့် ကုရင်လည်း ခံနိုင်မည်။ အိပ်ရာပေါ်မှာ နဂိုကတည်းက ပက်လက်ကလေး လန် နေသည့် လူနာဆိုရင်တော့ သိပ်မခံ တော့ဘူးပေါ့။ ဒီလို တွက်ချက်ရတာ ရှင်းပါသည်။ ကင်ဆာနှင့်ပတ်သက်လျှင်မူ ကင်ဆာ ဆရာဝန်သည် ကင်ဆာ အသားစ အဖြေကို ရအောင် အရင်ယူရ ပါသည်။ တခြား ဆရာဝန်များဆီမှ လွှတ်လိုက်သည့် လူနာများကိုလည်း အသားစ အဖြေမပါဘဲနှင့် တချို့ကင်ဆာ ဆရာဝန်များ လက်မခံကြပါ။
ကင်ဆာ အသားစအဖြေ ယူလို့လည်းမလွယ်၊ ကင်ဆာနှင့်လည်း အလွန်တူသည့် လူနာမျိုး ဆိုရင်တော့ ကင်ဆာ ဆရာဝန်က လက်ခံပြီး ကြည့်ပါသည်။ ဘယ်နေရာ မှနေပြီး အသားစယူလျှင် ရနိုင်သည်ဟူသော အတွေ့အကြုံ မျိုးက ကင်ဆာဆရာဝန်မှာ ပိုရှိ သောကြောင့်ဖြစ်ပါ သည်။ ကင်ဆာမှန်းသေချာပြီ၊ အသားစ ကလည်း အဖြေထွက် နေပြီဆိုရင်တော့ ကင်ဆာ ရောဂါ၏ အဆင့်ကို တွက်ချက် ရပါသည်။ ထိုသို့ တွက်ချက်နိုင်ရန် အဆင့်မြင့် ပုံရိပ်ဖော် နည်းပညာများ လိုအပ်ပါသည်။ ကင်ဆာ အဆင့်ကို တွက်ချက် ရခြင်း၏ အဓိက အကြောင်း ရင်းက ကင်ဆာ ဖြစ်နေမှန်း သေချာ သွားသည့် လူနာကို လူ့လောကမှာ ဘယ်လောက် နေခွင့်ရှိဦးမလဲ ဆိုသည် ကို တွက်ချက်ပေးရုံတင် မကပါ။ ဘယ်လို ကုသမှုမျိုး ပေးသင့်သလဲ ဆိုသည့် အယူအဆကိုပါ ပေးပါသည်။ ယနေ့ကင်ဆာဆေးပညာမှာကင်ဆာ အဆင့်(၄) တစ်ကိုယ်လုံးကို ပျံ့နှံ့နေသည့် အချို့ကင်ဆာမျိုးကိုပင် လုံးဝပျောက် ကင်းအောင် ကုလို့ရသည့် အဆင့်အတန်းကို ရောက်နေပါပြီ။ သည်တော့ ကင်ဆာ ရောဂါနှင့် ပတ်သက်လာလျှင် နံပါတ်(၁)အသားစ အဖြေကိုသိရမည်။ နံပါတ်(၂)ကင်ဆာ ပျံ့နှံ့မှု အဆင့်ကိုသိရမည်။ ထိုသို့သိရှိ နိုင်ရန် အသားစ ယူခြင်းနှင့် ကွန်ပျူတာ ဓာတ်မှန် ရိုက်ခြင်းစသည့် ကုန်ကျ စရိတ်များရှိ လာပါလိမ့်မည်။ ကင်ဆာ ရောဂါကို မကုသခင် ကတည်းက ကုန်ကျ မည့် စရိတ်စကများ ဖြစ်နေပါသည်။
အပေါ်ကြော်ငြာထဲမှ လူနာဖြစ် စဉ်ကို ကြည့်မည်ဆိုလျှင် မောင်.... သည် ကင်ဆာအသားစကို ဘယ် သောအခါမှ အရှာဖွေခံခဲ့ရပုံ မပေါ်ပါ။ ပါးစပ်မှာ အကျိတ်ဖြစ်တိုင်း ကင်ဆာ ဟု ဘယ်သူပြောနိုင်မည် နည်း။ သွားဖုံး ထဲမှာ၊ သွားရိုးထဲမှာ ပိုးဝင်ပြီး အကျိတ် ထွက်လာတာရော မဖြစ်နိုင်ဘူးလား။ ပိုးသတ်ဆေး ကောင်းကောင်းနှင့် လေး၊ ငါး၊ ဆယ်ရက် ကုသလိုက်လို့ ကောင်းသွားမည့် ရောဂါဖြစ်နေရင် ဘယ်လိုလုပ်ကြရပါ့။ ကင်ဆာဖြစ်နေ ပြီပဲ ထားပါတော့။ အာခေါင်နှင့် ခံတွင်းမှာ ဖြစ်လေ့ရှိသည့် ကင်ဆာများ မှာ အဆင့်(၁)၊(၂)ဆိုရင် ဓာတ်ကင် လိုက်ရုံနှင့် လေး၊ငါးနှစ် အသက် ရှည်နိုင်၊ လျှာကင်ဆာဆိုရင် စောစော စီးစီးဖြတ် ထုတ်လိုက်ရုံနှင့် လုံးဝ ပျောက်ကင်း သွားနိုင်သည် ဆိုတာကို ရောမောင်... သိပါလေစ။ မေးရိုး လေးကိုဖြင့် ဓာတ်မှန်လေး တစ်ချက်မှ အရိုက်ခံလိုက် ရပါရဲ့လား။ရင်ဘတ် ဓာတ်မှန်လေး တစ်ချက်လောက်ရိုက်ပြီး အဆုတ်မှာကင်ဆာပျံ့၊ မပျံ့ စမ်းသပ်ခံ လိုက်ရပါရဲ့လား။
မောင်..... ၏ ခံတွင်းကင်ဆာ ပဲဆိုပါစို့။ ပါးစပ်ခံတွင်း ဆိုသည်မှာ ရောဂါပိုးများ ကျင်လည်ကျက်စား သည့်နေရာဖြစ်ရာ ကင်ဆာကြောင့် ထက် ရောဂါပိုးများကြောင့် အခုလို အခြေအနေပို ဆိုးသွားသည် ထင်ရ သည်။ အနည်းဆုံးပဋိဇီဝဆေး ကောင်းကောင်းပေးလိုက် ရင်ဖြင့် အရောင်ကျ သက်သာသွားမှာ ပါပဲ။ တို့ရွှေပြည်မှာ ကင်ဆာရောဂါကို အသားစမယူဘဲ၊ ကင်ဆာအဆင့် မတွက်ချက်ဘဲ ကုသနိုင်သည့် ပျောက် စေ ဆရာကြီးများ ရှိနေပါရော့လား။ မရှိတာထက်၊ မသိတာကပဲ ခက်ရော့ လား။ မသိတာထက်၊ မရှိတာကပဲ ခက်နေရော့လား။
စာရေးသူ မတွေး တတ်တော့။ သုတေသနလုပ်ပြီး ကု သည့် ဆေးဝါးဆိုရင်လည်း တရားဝင် မှတ်ပုံတင် ထားသည့် ဆေးဝါးဟုတ်ရဲ့ လား။ မှတ်ပုံတင် ထားပြီး ဖြစ်သည့် ပရက်နီစလုံး (Prednisolone) ဆေး များကို ထောင်းကျွေး သည်ဆိုရင်တော့ အရောင် ကျသွားမှာ သေချာ ပေမယ့် ရောဂါပိုးများ ပျံ့နှံ့သွားမှာတော့ ကြောက်စရာ။ အရေးကြီးဆုံး အချက်က အချိန် ဖြစ်ပါသည်။ ကင်ဆာဆဲလ် တွေ ခပ်ဝေးဝေး မရောက်ခင်၊ အရိုးတွေ အသားတွေကိုမဝါးမျိုခင် ထိရောက် မှန်ကန်သည့် ဆေးကိုပေး လိုက်ရရင် ဖြင့် တစ်နှစ်ပို နေရလျှင်လည်း ရခဲ လှသည့် လူ့ဘဝ အမြတ် မဟုတ်ပါ လား။ ကာယကံရှင် ကိုယ်တိုင်နှင့် မိသားစုအတွက် ဘယ်လောက် တန်ဖိုး ရှိလိုက်မည့် အချိန်များဖြစ်လေမလဲ။ စာရေးသူ၏ ခေါင်းထဲမှာ မဆုံးနိုင် သည့် အတွေးများဖြင့် ချာချာလည် နေပါတော့သည်။
  HEALTH DIGEST

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis