စင်္ကာပူနိုင်ငံ၌ မြန်မာ့သီးနှံထွက်ကုန်ပြပွဲအား ၂၀၁၂ ခုနှစ် အောက်တိုဘာလ
၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့၌ သွားရောက်ပြုလုပ်မည်ဖြစ်ပြီး
ပြပွဲဝင်ရောက်ပြသရန် စိတ်ပါဝင်စားသူများအနေဖြင့် အောက်တိုဘာလ ၁၀ ရက်နေ့
နောက်ဆုံးထားကာ စာရင်းလာရောက် ပေးသွင်းနိုင်ကြောင်း မြန်မာနိုင်ငံ
သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်
တင်ပို့ရောင်းချသူများအသင်းမှ သတင်းရရှိသည်။
အဆိုပါ ပြပွဲအား မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီး
ဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းနှင့်
မာလာမြိုင်ကုမ္ပဏီတို့မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ပြည်ပဈေးကွက်၌
မြန်မာ့ထွက်ကုန်သီးနှံ ဈေးကွက်ရရှိရန်နှင့်
ဈေးကွက်ပိုမိုချဲ့ထွင်နိုင်ရန် ရည်ရွယ်ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။
စိတ်ပါဝင်စားသူများအနေဖြင့် စင်္ကာပူနိုင်ငံသို့ လူကိုယ်တိုင်
လိုက်ပါပြသခြင်းကိုသော်လည်းကောင်း၊ ပစ္စည်းများသာ အပ်နှံပြသ
ရောင်းချခြင်းကိုသော်လည်းကောင်း ပြုလုပ်နိုင်ပြီး ပြ၀င်ပြသမည့်
သီးနှံအမျိုးအစား၊ ထွက်ရှိရာဒေသ၊ထုတ် ပိုးမှုစနစ်
ဆောင်ရွက်နိုင်ခြင်းရှိ/မရှိ၊ လစဉ်တင်ပို့လိုတဲ့ပမာဏ၊ ပြည်တွင်း
သယ်ယူပို့ဆောင်မှုစနစ် ရှိ/မ ရှိ၊ ပြည်တွင်း၌ရောင်းချနိုင်သည့်
ဈေးနှုန်းများကိုဖော်ပြ၍ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့်
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းနှင့်
မာလာမြိုင်ကုမ္ပဏီတို့သို့ ဆက်သွယ်နိုင်ကြောင်း၊ အသေးစိတ်သိရှိလိုသည့်
အချက်အလက်များကိုလည်း ထပ်မံစုံစမ်းနိုင်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် တရုတ်၊ ထိုင်း၊ ဟောင် ကောင်၊
အိန္ဒိယနိုင်ငံနှင့် မလေး ရှားနိုင်ငံများသို့ ကျွဲကောသီး၊ သရက်သီးနှင့်
သခွားမွှေးသီးများ တင်ပို့လျက်ရှိပြီး စင်္ကာပူနိုင်ငံသို့မူ ပြီးခဲ့သည့်
သြဂုတ်လမှစတင်ကာ အအေးခန်း ကွန်တိန်နာများ အသုံးပြု၍ ကျွဲကောသီးများ
တင်ပို့မှုကို စတင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
EMG |
No comments:
Post a Comment