menu

Friday 5 October 2012

သင်္ဃန်းကျွန်းမြို့နယ် မီးလောင်ခြင်းသည် လင်မယားချင်း ရန်ဖြစ်ရာမှ စတင်ခဲ့ခြင်းဖြစ်

Photo: သင်္ဃန်းကျွန်းမြို့နယ် မီးလောင်ခြင်းသည် လင်မယားချင်း ရန်ဖြစ်ရာမှ စတင်ခဲ့ခြင်းဖြစ်

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်ရပ်ကွက် လေးထောင့်ကန်လမ်း ခြံအမှတ် ၅၂ တွင် မနေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

ထိုမီးလောင်မှုမှာ ဆိုင်ရှင်ဖြစ်သူသည် ၎င်းဇနီးနှင့် လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ ဆိုင်ခန်းအား ဓါတ်ဆီလောင်း၍ မီးရှို့ခဲ့ခြင်းဖြစ်ပြီး အဆိုပါ မီးလောင်မှုကြောင့် သွပ်မိုးထရံကာ ဆိုင်ခန်းတစ်ခုနှင့် စက်သုံးဆီပစ္စည်းများ မီးလောင် ပျက်စီးခဲ့သည့်အပြင် ထိုဆိုင်ခန်း၌ နေထိုင်သူ အမျိုးသား လေးဦးနှင့် အမျိုးသမီး နှစ်ဦးတို့မှာ မီးလောင် ဒဏ်ရာများ ရရှိခဲ့ပြီး သင်္ဃန်းကျွန်း စံပြဆေးရုံ၌ ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရပြီး ဆုံးရှုံးမှုတန်ဖိုးအနေဖြင့် ငွေကျပ် ၂၅ သိန်း ၅ သောင်းခန့်ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုမီးလောင်မှုနှင့် ပတ်သက်၍ သင်္ဃန်းကျွန်းရဲစခန်းမှ (ပ) ၆၅၀/၁၂/ ပုဒ်မ (၄၂၆/ ၄၃၆) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်

News from : Royal Hero Media
Post By : Aye Chan Mon
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်ရပ်ကွက် လေးထောင့်ကန်လမ်း ခြံအမှတ် ၅၂ တွင် မနေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့သ
ည်။

ထိုမီးလောင်မှုမှာ ဆိုင်ရှင်ဖြစ်သူသည် ၎င်းဇနီးနှင့် လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ ဆိုင်ခန်းအား ဓါတ်ဆီလောင်း၍ မီးရှို့ခဲ့ခြင်းဖြစ်ပြီး အဆိုပါ မီးလောင်မှုကြောင့် သွပ်မိုးထရံကာ ဆိုင်ခန်းတစ်ခုနှင့် စက်သုံးဆီပစ္စည်းများ မီးလောင် ပျက်စီးခဲ့သည့်အပြင် ထိုဆိုင်ခန်း၌ နေထိုင်သူ အမျိုးသား လေးဦးနှင့် အမျိုးသမီး နှစ်ဦးတို့မှာ မီးလောင် ဒဏ်ရာများ ရရှိခဲ့ပြီး သင်္ဃန်းကျွန်း စံပြဆေးရုံ၌ ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရပြီး ဆုံးရှုံးမှုတန်ဖိုးအနေဖြင့် ငွေကျပ် ၂၅ သိန်း ၅ သောင်းခန့်ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုမီးလောင်မှုနှင့် ပတ်သက်၍ သင်္ဃန်းကျွန်းရဲစခန်းမှ (ပ) ၆၅၀/၁၂/ ပုဒ်မ (၄၂၆/ ၄၃၆) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်

  Royal Hero Media

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis