menu

Friday 5 October 2012

Angry Birds ဂိမ်းနောက်ဆက်တွဲ ၀က်တွေရဲ့ကလဲ့စား Bad Piggies ဂိမ်း





thn-30-9-6
Angry Birds ဂိမ်းများဖြင့် နာမည်ကျော်ခဲ့သည့် ဖင်လန်ဂိမ်းကုမ္ပဏီ Rovio က လောက်လေးဖြင့် ပျံသန်းတိုက်ခိုက်သော ငှက်တို့ကို လက်စားချေသည့် ၀က်များအဖြစ် သရုပ်ဖော်ထားသည့် Bad Piggies ဂိမ်းကိုထုတ်လုပ်လိုက်ပြီဖြစ်သည်။
စက်တင်ဘာလ ၂၇ ရက်နေ့က စတင်ဖြန့်ချီသည့် ဂိမ်းကို Angry Birds ဂိမ်းများကို ဒေါင်းလုပ်ရယူမှု အများဆုံးမြို့တစ်မြို့ဖြစ်သော တိုင်ပေတွင် စတင်မိတ်ဆက်ခဲ့သည်။
Angry Birds ဂိမ်းများဖြင့်  စီးပွားဖြစ်ခဲ့ပြီး နိုကီယာကုမ္ပဏီ ရုံးချုပ်အနီးသို့ပြောင်းရွှေ့အခြေစိုက်ကာ ကမ္ဘာကျော်ကုမ္ပဏီဖြစ်လာခဲ့ သည့် Rovio သည် နောက်ပိုင်း ထွက်ရှိသည့် ဂိမ်းများတွင် အောင်မြင်မှုလျော့ပါးလာခဲ့သည်။ မူလဂိမ်း များအပေါ်လည်း စိတ်ဝင်စားမှုလျော့ကျလာခြင်းနှင့် ရင်ဆိုင်လာခဲ့ရသည်။

နောက်ဆုံးထွက် Amazing Alex ဂိမ်းဆိုလျှင် စတင်ထွက်ရှိစဉ်က Angry Birds အရှိန်ကြောင့် ၀ယ်ယူသူများခဲ့သော်လည်း နောက်ပိုင်းတွင် လူကြိုက်နည်းခဲ့ပြီး အက်ပဲလ်၏ အွန်လိုင်း အက်ပလီကေးရှင်းစတိုး ထိပ်တန်းအက်ပလီကေးရှင်း ၁၀၀ စာရင်းမှ ပြုတ်သွားခဲ့သည်။
ယခုအခါတွင် Bad Piggies ဂိမ်းဖြင့် ပရိသတ်ကို ပြန်လည်စွဲဆောင်နိုင်ရန် ကြိုးပမ်းလာခဲ့ခြင်း ဖြစ်သည်။ Bad Piggies ဂိမ်းကို iOS,Android,Mac  တို့တွင် ကစားနိုင်ပြီဖြစ်သော်လည်း Windows စနစ်သုံးဖုန်းနှင့် ကွန်ပျူတာများအတွက်မူ အတန်ငယ်နောက်ကျပြီးမှ ထွက်ရှိမည်ဖြစ်သည်။
Ref;AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis