menu

Friday 5 October 2012

ဝင်ငွေနည်းသူများ အတွက် ၁၅နှစ် အတွင်း အိမ်ခန်းပေါင်း တစ်သန်းကျော်ဆောက် လုပ်ပေးမည် ဟုဆို

Photo: ဝင်ငွေနည်းသူများ အတွက် ၁၅နှစ် အတွင်း အိမ်ခန်းပေါင်း တစ်သန်းကျော်ဆောက် လုပ်ပေးမည် ဟုဆို

04 OCTOBER 2012 

ဝင်ငွေနည်း မိသားစုများ အတွက် လာမည့် ၁၅ နှစ် အတွင်း မြန်မာ တစ် နိုင်ငံလုံးတွင် အိမ်ခန်းယူနစ်ပေါင်း တစ်သန်းကျော် တည်ဆောက်ပေးရန်
လျာထားသည်ဟု မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာ နညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်မူက ပြောသည်။
 
”ရတဲ့ ဘတ်ဂျက်ပေါ်မူတည် ပြီး အိမ်ရာတွေကို ဆောက်လုပ်ရ တာကြောင့် ပြည်သူ တွေရဲ့ လိုအပ် ချက်ကို ထိထိရောက်ရောက် အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ အစိုးရက ထိထိရောက်ရောက် ထောက်ပံ့မှသာ ဝင်ငွေနည်း မိသားစုတွေ အိမ်ရာ ပိုင်ဆိုင်ခွင့် လျင်မြန် စွာရရှိမှာဖြစ်ပါတယ်။ ပြီးတော့ ပုဂ္ဂလိကပိုင်းက လည်း ပါဝင်ဆောင်ရွက်ဖို့လိုပါ တယ်။ သူတို့ထည့်ဝင်ဆောင်ရွက် ရင် ပိုပြီးတော့မှ မြန်မှာဖြစ်ပါ တယ်”ဟုဒေါ်မြင့်မြင့်မူက ပြောသည်။ အထက်ပါအိမ်ရာ စီမံကိန်း တွင် လိုအပ်လာမည့် ငွေကြေး စိုက်ထုတ်မှုကဏ္ဍအတွက် နိုင်ငံ တော် ဘတ်ဂျက်ကို ထည့်သွင်းလျာ ထားကြောင်း၊ အိမ်ရာမြေကွက်များ ဖော်ထုတ်ခြင်း၊ အသစ်တည် ဆောက်ခြင်းများ အတွက်ကို မူ နိုင်ငံတော် မှ ချေးငွေ ယူခြင်းအား ဖြင့် လည်းကောင်း၊ နိုင်ငံခြားမှ ချေး ငွေများ၊ ကူညီထောက်ပံ့မှုများယူ ခြင်းအားဖြင့်လည်းကောင်း၊ ပြည် တွင်းဘဏ်များ၊ ငွေရေးကြေးရေး ဆိုင်ရာ အဖွဲ့အစည်းများမှ ချေးငွေ ယူခြင်းအားဖြင့်လည်းကောင်း လျာ ထားစီမံထားသည်ဟု ၄င်းက ဆိုသည်။
”ဝန်ထမ်းတွေ၊ ဝင်ငွေနည်း မိသားစုတွေ အနေနဲ့ ဒီအိမ်ရာတွေ ဝယ်ယူနိုင်ရေးအတွက် လျာထား တာကတော့ အပေါင် စာချုပ်တွေ နဲ့ ချေးငွေ ထုတ် ပေးတာမျိုး၊ ဘဏ်တွေနဲ့ ငွေကြေးဆိုင်ရာ အဖွဲ့အစည်း တွေကနေ ချေးငွေယူတာ မျိုးပြီးတော့ မစုမနေရစနစ်မျိုးနဲ့ စုဆောင်း ရန်ပုံငွေတစ်ရပ် တည်ထောင်ပြီး အိမ်ရာအတွက် ထောက်ပံ့ကြေးပေး တာမျိုးတွေပေါ့”ဟု အထက်ပါ ညွှန်ကြားရေးမှူးက ပြောသည်။ စီမံကိန်းကာလ ၁၅ နှစ် ကို အပိုင်းသုံးပိုင်း ပိုင်းခြား ထားပြီး တစ်ပိုင်းလျှင် ၅ နှစ်သတ်မှတ် ထားရာ ပထမ ငါးနှစ် ၂ဝ၁၃ မှ ၂ဝ၁၈ ခုနှစ် အတွင်း အိမ်ခန်းယူ နစ်ပေါင်း ၃၅ဝဝဝဝ၊ ဒုတိယ ငါးနှစ် ၂ဝ၁၉ မှ ၂ဝ၂၃ ခုနှစ် အတွင်း အိမ်ခန်း ယူနစ်ပေါင်း ၃၅ဝဝဝဝ၊ တတိယငါးနှစ် ၂ဝ၂၄ မှ ၂ဝ၂၈ ခုနှစ် အတွင်း အိမ်ခန်း ယူနစ်ပေါင်း ၃၅ဝဝဝဝ စသည်ဖြင့် အကောင်အထည် ဖော်ဆောက်လုပ် ပေးသွား မည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်မှ စတင်၍ ၂ဝ၁၂ ခုနှစ်အထိ ၂၄ နှစ်တာ ကာလအတွင်း နိုင်ငံတော် က အိမ်ရာ မြေကွက် အမြောက်အမြား ဖော်ထုတ်နိုင် ရန် လိုအပ်သော ငွေကြေးကို အတိုးမဲ့ ထုတ်ချေးခဲ့ရာ ယင်းကာလအတွင်း စီမံချက် အဆင့် ၁ဝ ဆင့်မှ နေအိမ်၊ တိုက် ခန်းနှစ်သိန်းကျော်အကောင် အထည်ဖော် ပေးနိုင် ခဲ့ကြောင်း သိရ သည်။

စွမ်းရဲထွဋ်

News from :  POPULAR NEWS
Post By : Aye Chan Mon
ဝင်ငွေနည်း မိသားစုများ အတွက် လာမည့် ၁၅ နှစ် အတွင်း မြန်မာ တစ် နိုင်ငံလုံးတွင် အိမ်ခန်းယူနစ်ပေါင်း တစ်သန်းကျော် တည်ဆောက်ပေးရန်
လျာထားသည
်ဟု မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာ နညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်မူက ပြောသည်။

”ရတဲ့ ဘတ်ဂျက်ပေါ်မူတည် ပြီး အိမ်ရာတွေကို ဆောက်လုပ်ရ တာကြောင့် ပြည်သူ တွေရဲ့ လိုအပ် ချက်ကို ထိထိရောက်ရောက် အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ အစိုးရက ထိထိရောက်ရောက် ထောက်ပံ့မှသာ ဝင်ငွေနည်း မိသားစုတွေ အိမ်ရာ ပိုင်ဆိုင်ခွင့် လျင်မြန် စွာရရှိမှာဖြစ်ပါတယ်။ ပြီးတော့ ပုဂ္ဂလိကပိုင်းက လည်း ပါဝင်ဆောင်ရွက်ဖို့လိုပါ တယ်။ သူတို့ထည့်ဝင်ဆောင်ရွက် ရင် ပိုပြီးတော့မှ မြန်မှာဖြစ်ပါ တယ်”ဟုဒေါ်မြင့်မြင့်မူက ပြောသည်။ အထက်ပါအိမ်ရာ စီမံကိန်း တွင် လိုအပ်လာမည့် ငွေကြေး စိုက်ထုတ်မှုကဏ္ဍအတွက် နိုင်ငံ တော် ဘတ်ဂျက်ကို ထည့်သွင်းလျာ ထားကြောင်း၊ အိမ်ရာမြေကွက်များ ဖော်ထုတ်ခြင်း၊ အသစ်တည် ဆောက်ခြင်းများ အတွက်ကို မူ နိုင်ငံတော် မှ ချေးငွေ ယူခြင်းအား ဖြင့် လည်းကောင်း၊ နိုင်ငံခြားမှ ချေး ငွေများ၊ ကူညီထောက်ပံ့မှုများယူ ခြင်းအားဖြင့်လည်းကောင်း၊ ပြည် တွင်းဘဏ်များ၊ ငွေရေးကြေးရေး ဆိုင်ရာ အဖွဲ့အစည်းများမှ ချေးငွေ ယူခြင်းအားဖြင့်လည်းကောင်း လျာ ထားစီမံထားသည်ဟု ၄င်းက ဆိုသည်။
”ဝန်ထမ်းတွေ၊ ဝင်ငွေနည်း မိသားစုတွေ အနေနဲ့ ဒီအိမ်ရာတွေ ဝယ်ယူနိုင်ရေးအတွက် လျာထား တာကတော့ အပေါင် စာချုပ်တွေ နဲ့ ချေးငွေ ထုတ် ပေးတာမျိုး၊ ဘဏ်တွေနဲ့ ငွေကြေးဆိုင်ရာ အဖွဲ့အစည်း တွေကနေ ချေးငွေယူတာ မျိုးပြီးတော့ မစုမနေရစနစ်မျိုးနဲ့ စုဆောင်း ရန်ပုံငွေတစ်ရပ် တည်ထောင်ပြီး အိမ်ရာအတွက် ထောက်ပံ့ကြေးပေး တာမျိုးတွေပေါ့”ဟု အထက်ပါ ညွှန်ကြားရေးမှူးက ပြောသည်။ စီမံကိန်းကာလ ၁၅ နှစ် ကို အပိုင်းသုံးပိုင်း ပိုင်းခြား ထားပြီး တစ်ပိုင်းလျှင် ၅ နှစ်သတ်မှတ် ထားရာ ပထမ ငါးနှစ် ၂ဝ၁၃ မှ ၂ဝ၁၈ ခုနှစ် အတွင်း အိမ်ခန်းယူ နစ်ပေါင်း ၃၅ဝဝဝဝ၊ ဒုတိယ ငါးနှစ် ၂ဝ၁၉ မှ ၂ဝ၂၃ ခုနှစ် အတွင်း အိမ်ခန်း ယူနစ်ပေါင်း ၃၅ဝဝဝဝ၊ တတိယငါးနှစ် ၂ဝ၂၄ မှ ၂ဝ၂၈ ခုနှစ် အတွင်း အိမ်ခန်း ယူနစ်ပေါင်း ၃၅ဝဝဝဝ စသည်ဖြင့် အကောင်အထည် ဖော်ဆောက်လုပ် ပေးသွား မည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်မှ စတင်၍ ၂ဝ၁၂ ခုနှစ်အထိ ၂၄ နှစ်တာ ကာလအတွင်း နိုင်ငံတော် က အိမ်ရာ မြေကွက် အမြောက်အမြား ဖော်ထုတ်နိုင် ရန် လိုအပ်သော ငွေကြေးကို အတိုးမဲ့ ထုတ်ချေးခဲ့ရာ ယင်းကာလအတွင်း စီမံချက် အဆင့် ၁ဝ ဆင့်မှ နေအိမ်၊ တိုက် ခန်းနှစ်သိန်းကျော်အကောင် အထည်ဖော် ပေးနိုင် ခဲ့ကြောင်း သိရ သည်။

စွမ်းရဲထွဋ်

  POPULAR NEWS

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis