menu

Friday 5 October 2012

ထူးထရိတ်ဒင်းကုမ္ပဏီဝန်ထမ်းတစ်ဦးက ဆေးကျောင်းသားတစ်ဦးကို ယာဉ်နှင့်တိုက်ခဲ့သဖြင့်မရမ်းကုန်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထား

Inya Lake Hotel


ထူးထရိတ်ဒင်းကုမ္ပဏီဝန်ထမ်းတစ်ဦးက ဆေးကျောင်းသားတစ်ဦးကို ယာဉ်နှင့်တိုက်ခဲ့သဖြင့် ဆေးကျောင်းသားမှ အဆိုပါဝန်ထမ်းအား မရမ်းကုန်းမြို့နယ် ရဲစခန်းတွင် သေစေရန်ကြံရွယ်၍ ယာဉ်နှင့်တိုက်မှုဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၃ရက်နေ့ နံနက် ၁၂နာရီ ခွဲအချိန်တွင် ဆေးတက္ကသိုလ်-၂ နှင့် ဆေးတက္ကသိုလ်-၁ တို့မှ နောက်ဆုံးနှစ် ကျောင်းသားများဖြစ်သူ မောင်ဝေအောင်၊ ၂၀နှစ်၊ အာကာပြည့်ဇော်၊ ကောင်းစံ၊ ၂၁နှစ်၊ သန်းထိုက်ဇော်၊ ၂၂နှစ်တို့သည် မရမ်းကုန်းမြို့နယ်၊ အင်းယားလိတ် ဟိုတယ်ဝင်းအတွင်းရှိ DJ Bar Club သို့သွားရောက်ခဲ့ရာ ကလပ်တွင် အာကာပြည့်ဇော်နှင့် ထူးထရိတ်ဒင်းကုမ္ပဏီ ၀န်ထမ်းဖြစ်သူ ဇော်ဇော်(ခ)ဇော်စိုးဝင်း၊ ၂၇နှစ်၊ မရမ်းကုန်းမြို့နယ်နေသူတို့ စကားများသဖြင့် ဇော်ဇော်(ခ)ဇော်စိုးဝင်းအား လုံခြုံရေးဝန်ထမ်းမှ အပြင်သို့ခေါ်ထုတ်သွားခဲ့ကြောင်း သိရှိရသည်။
နံနက် ၃နာရီအချိန်တွင် ဆေးတက္ကသိုလ်-၂မှ နောက်ဆုံးနှစ်တက်နေသော ကျောင်းသားဖြစ်သူ မောင်ဝေအောင်နှင့်အဖွဲ့ နေအိမ်သို့ပြန်ရန်အတွက် ဆေးတက္ကသိုလ်-၁ နောက်ဆုံးနှစ် ကျောင်းသားဖြစ်သူ အာကာပြည့်ဇော်၏ ယာဉ်ရှိရာသို့လာရာ ထူးထရိတ်ဒင်းကုမ္ပဏီ ၀န်ထမ်းဖြစ်သူ ဇော်ဇော်(ခ)ဇော်စိုးဝင်းမှ ၄င်း၏ယာဉ်ဖြင့် ပိတ်၍ ရပ်ထားသဖြင့် သွားရောက်တောင်းပန်ပြီး ကားအားဖယ်ပေးရန် ပြောဆိုရာ ဇော်ဇော်မှ လမ်းဖယ်ပေးခြင်းမရှိဘဲ ၄င်း၏ယာဉ်ဖြင့် အာကာပြည့်ဇော်၏ ယာဉ်အား ၀င်တိုက်ပြီးနောက် မောင်ဝေအောင်နှင့် လူအများရပ်နေသည့် နေရာအတွင်းသို့ အရှိန်ပြင်းစွာ ၀င်ရောက်တိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်းကဲ့သို့ ပြုလုပ်မှုကြောင့် ဆေးတက္ကသိုလ်နောက်ဆုံးနှစ်မှ ကျောင်းသားဖြစ်သူ မောင်ဝေအောင်မှာ ကားနှင့်တိုက်ခံရ၍ ယာဘက်လက်ညှပ်ရိုးကျိုး၊ ဦးခေါင်းကွဲ၊ နှာခေါင်းနှင့် အပေါ်နှုတ်ခမ်းများတွင် ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း သိရှိရသည်။
အဆိုပါကဲ့သို့ သေစေရန် ကြံရွယ်၍ ယာဉ်ဖြင့်တိုက်မှု ကျူးလွန်ခဲ့သူကို အရေးယူပေးရန် တိုင်တန်းမှုအား မရမ်းကုန်း ရဲစခန်း(ပ)၅၅၉/၂၀၁၂ ပုဒ်မ ၃၀၇ဖြင့် အမှုဖွင့်ပြီး အမှုစစ်မှ စုံစမ်းလျှက်ရှိကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မရမ်းကုန်းမြို့နယ် စခန်းမှူးဖြစ်သူ ရဲအုပ်စိုးဝင်းသန်းက "ဒီမြို့နယ်မှာ အမှုဖြစ်စဉ်တွေများတဲ့အတွက် အခုဖြစ်သွားတဲ့ ဖြစ်စဉ်အစအဆုံးကို သေချာမသိရဘူး။ ဒီအမှုကို ကိုင်တဲ့ ရဲတပ်ဖွဲ့ဝင်က မနေ့က တရားရုံးမှာ ရက်ချိန်းသွားယူတယ်လို့ သိရပါတယ်" ဟု ပြောကြားခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis