menu

Monday 1 October 2012

သမ္ဗာန်တစ်စင်း တိမ်းမှောက်မှုဖြစ်ပွား

အောက်တိုဘာလ ၁ ရက်နေ့ နံနက်က နန်းသီတာ သမ္ဗာန် ဆိပ်ကမ်းမှ ဒိုးလေးအမည်ရှိ သမ္ဗာန်တစ်စင်း တိမ်းမှောက်မှုဖြစ်ပွား

အောက်တိုဘာလ ၁ ရက်နေ့ နံနက် က ၈ နာရီ ၁၅ မိနစ်ခန့်က ဆိပ်ကမ်းမြို့ မိသားစုရပ်ကွက်ရှိ နန်းသီတာ သမ္ဗာန် ဆိပ်ကမ်း၊ ကမာအောင် သမ္ဗာန်လိုင်းမှ ဒိုးလေးအမည်ရှိ သမ္ဗာန်တစ်စင်းသည် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယင်းသို့ တိမ်းမှောက်ခဲ့သော်လည်း သမ္ဗာန်ပေါ်တွင် ပါဝင်သော ခရီးသည် ၈ ဦးအား ထိခိုက်ဒဏ
်ရာရမှု မရှိဘဲ ကယ်တင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ နစ်မြုပ်မှုဖြစ်ပွားသည့် သမ္ဗာန်ပေါ်တွင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦးနှင့် သမ္ဗာန်မောင်းသူတစ်ဦး စုစုပေါင်း ၉ ဦး ပါဝင်ခဲ့သည်။

“ခတ်တပ်ကြိုးတစ်ဖက် ပြတ်ပြီး ပန်ကာနဲ့ငြိပြီး တိမ်းမှောက်သွားတာပါ။ မနက် ၈ နာရီ ၁၅ မှာ နစ်မြုပ်ခဲ့ပြီး ၉ နာရီခွဲခန့်မှာတော့ ခရီးသည် အားလုံးကို ကယ်တင်နိုင်ခဲ့ပါတယ်” ဟု နန်းသီတာ သမ္ဗာန်ဆိပ်ကမ်းမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။ ယင်းသမ္ဗာန်အား မောင်းနှင်သည့် ယာဉ်မောင်း ဦးသိန်းစိန်(၅၇)နှစ်အား (ပ)၂၁၁/၂၀၁၂ ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၈၀ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis