စက်တင်ဘာလ ၂၁
ရက်နေ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့က ပြည်တွင်းငြိမ်းချမ်းရေး
ရရှိရေး လှုပ်ရှားမှုပြုလုပ်နေသူများ ဆန္ဒဖော်ထုတ်နေသည်ကို
လှိုင်မြို့နယ်ကန်လမ်းတွင် တွေ့ရစဉ်
၁။ ဒီမိုကရေစီကို ရွာကလူတွေ သိအောင် လုပ်ပေးကြပါလို့ . . . ဆောင်းပါးတွေ
လေးငါးစောင်မက ကျွန်တော်ရေးခဲ့ပါတယ်။ သဘောကတော့ သာမန်လူတွေ နားလည်အောင်
ရေးကြသားကြပြီးတော့ ဒီမိုကရေစီ အကြောင်း ဖြန့်ဖြူးဝေငှကြပါလို့ ဆိုလိုတာပါ။
ရွာကလူတွေလို့ ပြောလိုက်တော့ မြို့ကလူတွေကောလို့ မေးစရာရှိပါတယ်။
မြို့ကလူတွေလည်း သိပ်မသိကြသေးတာ သေချာပါတယ်။ နှစ်ပေါင်းငါးဆယ်လောက်
စစ်အာဏာရှင်စနစ်၊ တစ်ပါတီအာဏာရှင်စနစ်တွေအောက်မှာ ပြားပြားမှောက်နေခဲ့ရတော့
အတွေးအမြင် ဆင်ခြင်မှုတွေ အမှောင်ကျခဲ့ရတယ်။ ဒါ့ကြောင့် မြို့ကလူတွေလည်း
သိပ်မသိကြသေးဘူးလို့ ပြောခဲ့တာပါ။ ကောင်းပါပြီ၊ဒီလိုဆိုတော့
ဒီအကြောင်းတွေကိုပြောနေတဲ့ ခင်ဗျားကော ဘယ်လောက်သိသလဲလို့ ကျွန်တော့်ကို
မေးရင် ကျွန်တော်လည်း သိပ်မသိသေးပါဘူးလို့ မကွယ်မ၀ှက် ဖြေရမှာ ဖြစ်ပါတယ်။
ကျွန်တော့်ဘ၀ အတွေ့အကြုံနဲ့ ဖြတ်သန်းမှုအရ ပြောရရင် ကျွန်တော် ၁၅ နှစ်သား
မုံရွာတန်း မြင့်ကျောင်း (အခုအမှတ်တစ်) န၀မတန်းမှာကတည်းက
အလံနီပါတီကလာပ်စည်းဝင် ဖြစ်ခဲ့တယ်။
No comments:
Post a Comment