menu

Monday 1 October 2012

ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူ့ဆေးရုံကြီးများတွင်အသုံးပြုရန် အမေရိကန်နိုင်ငံ GE ကုမ္ပဏီမှ CT ဓါတ်မှန်စက်များ ၀ယ်ယူသွားမည်




ရန်ကုန်ပြည်သူ့ ဆေးရုံကြီးအား တွေ့ရစဉ်
ကျန်းမာရေးဝန်ကြီးဌာနမှ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများရှိ ပြည်သူ့ဆေးရုံကြီးများတွင် အသုံးပြုရန် CT ဓါတ်မှန်စက်များ ၀ယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းစက်ပစ္စည်းများအား အမေရိကန်အခြေစိုက General Electric Company (NYSE :GE ) ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်ပြီး GE Pacific  ၏ဌာနခွဲတစ်ခုဖြစ်သော GE Healthcare မှ မြန်မာပြည် တရားဝင်ကိုယ်စားလှယ်ဖြစ်သည့် Sea Lion Co Ltd  မှတဆင့် ၀ယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ အဆိုပါစက်များအား ပေးသွင်းခွင့်တင်ဒါကို စက်တင်ဘာလ ၂၇ ရက်နေ့က အပြီးသတ်ကြေညာခဲ့ကြောင်း GE Healthcare မှ Optima CT 660 128 - Slice CT နှစ်ခုနှင့် Bright Speed Elite 16 Slice CT ငါးခုကို  ပြည်သူ့ဆေးရုံကြီးများတွင် တပ်ဆင်သွားရန် စီစဉ်ထားကြောင်းနှင့် ယင်းစက်များသည် ဓာတ်ရောင်ခြည်သင့်မှု အနည်းဆုံး၊ အဆင့်မြင့်ပုံရိပ်ဖော် ရောဂါရှာဖွေရေးနည်းပညာများကို ပေးစွမ်းနိုင်ကြောင်းသိရသည်။  ထို့အပြင် Optima CT 660 128 - Slice CT စက်နှစ်ခုကို သင်ကြားရေးဆေးရုံနှစ်ခုတွင် တပ်ဆင် သွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်အခြေစိုက် GE ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံရှိ  ပုဂ္ဂလိကဆေးရုံများဖြစ်သည့် ဗဟိုရ်စည်ဆေးရုံတွင် CT ဓါတ်မှန်စက်နှင့် ပန်းလှိုင်ဆေးရုံတွင် နှလုံးရောဂါအထောက်အကူပြု ပုံရိပ်ဖော်စက်များကိုလည်း တင်သွင်းရောင်းချခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင်GE ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၏ စွမ်းအင်နှင့်ကျန်းမာရေးကဏ္ဍများအတွက် အဓိကပူးပေါင်း ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။
 EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis