menu

Thursday 27 September 2012

"အကယ်ဒမီဆု ရွေးချယ်မှု အဆင့်ဆင့်ကို ပြောပြတဲ့ ဒါရိုက်တာ ကြည်စိုးထွန်း"

Photo: "အကယ်ဒမီဆု ရွေးချယ်မှု အဆင့်ဆင့်ကို ပြောပြတဲ့ ဒါရိုက်တာ ကြည်စိုးထွန်း"

မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီပေး ပွဲဆိုရင် ပရိသတ် က အထူး စိတ်ဝင်တစားရှိ ကြပါတယ်။ အကယ်ဒမီဆု ဆိုတာအနု ပညာရှင်တိုင်း မျှော်လင့်ကြတဲ့ဆု တစ်ဆုပါ။ အနုပညာလမ်းကြောင်း မှာအနုပညာ မှတ်တိုင် တစ်ခုလည်း ဖြစ်ပါတယ်။နှစ်တစ်နှစ်ရဲ့ရုံတင်ပြသတဲ့ရုပ်ရှင်ဇာတ်ကားအရေအတွက် ပေါ်မူတည်ပြီး အကယ်ဒမီရွေး ချယ်ရေးအဖွဲ့က စိစစ် ရွေးချယ်ပါတယ်။အကယ်ဒမီရွေးချယ်ရေးအဖွဲ့ဝင်အဖွဲ့အစည်းအသီးသီးက အတတ် ပညာရှင်၊ အနုပညာရှင်များလည်း ပါဝင်ပါတယ်။အကယ် ဒမီရွေး ချယ်ရေးအဖွဲ့ နဲ့ပတ် သက်ပြီး ၂ဝ၁ဝခုနှစ် အကယ်ဒမီ ရွေးချယ်ရေး အဖွဲ့မှာပါဝင်ခဲ့သူ ဒါရိုက်တာ ဦးကြည်စိုးထွန်းက “မနှစ်က အကယ် ဒမီဆုရွေးချယ်ရာမှာ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် ဆိုပြီး သုံးဖွဲ့ရှိခဲ့တယ်။ အဲဒီအဆင့်သုံးဆင့်ကပညာရှင်များက ရွေး ချယ်ပြီး ဆုချီးမြှင့်ကြတယ်။ အကယ်ဒမီရွေးချယ်ရေး အဖွဲ့မှာ ဆရာ့ အနေနဲ့က နောက်ဆုံး တတိယအဆင့်မှာ ပါဝင်ရွေးချယ် ပေးခဲ့ရပါ တယ်။အကယ်ဒမီဆုအတွက်ချမှတ်ထားတဲ့အချက်အလက်တွေနဲ့အတွေ့ အကြုံပေါင်း စပ်ပြီး မှတ်ချက်ရေးပေးရတယ်။ အနုပညာရှင်တွေအတွက် စာမေးပွဲ တစ်ခု
ဖြေပြီးတဲ့အချိန်မှာ အကဲဖြတ် အဖွဲ့က စာမေးပွဲစစ်သလို ပါပဲ။ စာမေးပွဲမှာ အဆင့်နဲ့ ရွေးချယ် သလို အကယ်ဒမီပေးပွဲမှာလည်း အဆင့်တွေနဲ့ ရွေးချယ်သွားတာပါ”လို့ ပြောပါတယ်။ ဒီနှစ်အကယ်ဒမီရွေးချယ်ရေးဘုတ်အဖွဲ့မှာသရုပ်ဆောင် အနုပညာရှင်နှစ်ဦး ပါဝင် တဲ့အပေါ် ဒါရိုက်တာဦးကြည်စိုးထွန်းက “သိပ်ကောင်းတဲ့ အစီအစဉ် တစ်ခုပါ။ သရုပ်ဆောင်တွေပါလာတော့ သရုပ်ဆောင် အတတ်ပညာရှင်တွေ အတွက်ပိုပြီးအခွင့် အရေးတွေမျှမျှတတရှိလာမယ်။ တကယ်ကိုကောင်း မွန် သင့်တင့်တဲ့ အစီအစဉ် တစ်ခုပါ။ အကဲဖြတ်အဖွဲ့မှာ အတတ် ပညာရှင် တွေ အနုပညာရှင်တွေ စုံစုံညီညီ ပါဝင်လာ ပြီဆိုတော့ အနုပညာလမ်း အတွက် လည်း ကောင်းလာပြီလို့ ပြောရင်ရပါတယ်။ အနုပညာဆိုတာ လူတိုင်းလူတိုင်း စိတ်ဝင်စားကြ တယ်လေ။ အခုဆိုရင် မူဝါဒအသစ်တွေ ပြောင်းလဲ လာတဲ့ အပေါ်မှာ လည်း ပရိသတ်တွေအပြင် အနုပညာရှင် တွေကလည်း စိတ်ဝင် တစား ရှိကြတယ်။ အသစ် ဆိုတဲ့ မူဝါဒကိုလုပ် ဆောင် တဲ့အခါ အမှားအယွင်း မရှိဘဲ ဂရုတစိုက် လုပ်စေချင်ပါတယ်”လို့ ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။

ထူးထူး

News from :Popular Academy
Post by အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီပေး ပွဲဆိုရင် ပရိသတ် က အထူး စိတ်ဝင်တစားရှိ ကြပါတယ်။ အကယ်ဒမီဆု ဆိုတာအနု ပညာရှင်တိုင်း မျှော်လင့်ကြတဲ့ဆု တစ်ဆုပါ။ အနုပညာလမ်းကြောင်း မှာအ
နုပညာ မှတ်တိုင် တစ်ခုလည်း ဖြစ်ပါတယ်။နှစ်တစ်နှစ်ရဲ့ရုံတင်ပြသတဲ့ရုပ်ရှင်ဇာတ်ကားအရေအတွက် ပေါ်မူတည်ပြီး အကယ်ဒမီရွေး ချယ်ရေးအဖွဲ့က စိစစ် ရွေးချယ်ပါတယ်။အကယ်ဒမီရွေးချယ်ရေးအဖွဲ့ဝင်အဖွဲ့အစည်းအသီးသီးက အတတ် ပညာရှင်၊ အနုပညာရှင်များလည်း ပါဝင်ပါတယ်။အကယ် ဒမီရွေး ချယ်ရေးအဖွဲ့ နဲ့ပတ် သက်ပြီး ၂ဝ၁ဝခုနှစ် အကယ်ဒမီ ရွေးချယ်ရေး အဖွဲ့မှာပါဝင်ခဲ့သူ ဒါရိုက်တာ ဦးကြည်စိုးထွန်းက “မနှစ်က အကယ် ဒမီဆုရွေးချယ်ရာမှာ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် ဆိုပြီး သုံးဖွဲ့ရှိခဲ့တယ်။ အဲဒီအဆင့်သုံးဆင့်ကပညာရှင်များက ရွေး ချယ်ပြီး ဆုချီးမြှင့်ကြတယ်။ အကယ်ဒမီရွေးချယ်ရေး အဖွဲ့မှာ ဆရာ့ အနေနဲ့က နောက်ဆုံး တတိယအဆင့်မှာ ပါဝင်ရွေးချယ် ပေးခဲ့ရပါ တယ်။အကယ်ဒမီဆုအတွက်ချမှတ်ထားတဲ့အချက်အလက်တွေနဲ့အတွေ့ အကြုံပေါင်း စပ်ပြီး မှတ်ချက်ရေးပေးရတယ်။ အနုပညာရှင်တွေအတွက် စာမေးပွဲ တစ်ခု
ဖြေပြီးတဲ့အချိန်မှာ အကဲဖြတ် အဖွဲ့က စာမေးပွဲစစ်သလို ပါပဲ။ စာမေးပွဲမှာ အဆင့်နဲ့ ရွေးချယ် သလို အကယ်ဒမီပေးပွဲမှာလည်း အဆင့်တွေနဲ့ ရွေးချယ်သွားတာပါ”လို့ ပြောပါတယ်။ ဒီနှစ်အကယ်ဒမီရွေးချယ်ရေးဘုတ်အဖွဲ့မှာသရုပ်ဆောင် အနုပညာရှင်နှစ်ဦး ပါဝင် တဲ့အပေါ် ဒါရိုက်တာဦးကြည်စိုးထွန်းက “သိပ်ကောင်းတဲ့ အစီအစဉ် တစ်ခုပါ။ သရုပ်ဆောင်တွေပါလာတော့ သရုပ်ဆောင် အတတ်ပညာရှင်တွေ အတွက်ပိုပြီးအခွင့် အရေးတွေမျှမျှတတရှိလာမယ်။ တကယ်ကိုကောင်း မွန် သင့်တင့်တဲ့ အစီအစဉ် တစ်ခုပါ။ အကဲဖြတ်အဖွဲ့မှာ အတတ် ပညာရှင် တွေ အနုပညာရှင်တွေ စုံစုံညီညီ ပါဝင်လာ ပြီဆိုတော့ အနုပညာလမ်း အတွက် လည်း ကောင်းလာပြီလို့ ပြောရင်ရပါတယ်။ အနုပညာဆိုတာ လူတိုင်းလူတိုင်း စိတ်ဝင်စားကြ တယ်လေ။ အခုဆိုရင် မူဝါဒအသစ်တွေ ပြောင်းလဲ လာတဲ့ အပေါ်မှာ လည်း ပရိသတ်တွေအပြင် အနုပညာရှင် တွေကလည်း စိတ်ဝင် တစား ရှိကြတယ်။ အသစ် ဆိုတဲ့ မူဝါဒကိုလုပ် ဆောင် တဲ့အခါ အမှားအယွင်း မရှိဘဲ ဂရုတစိုက် လုပ်စေချင်ပါတယ်”လို့ ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။

ထူးထူး

Popular Academy

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis