menu

Thursday 27 September 2012

“ဗန်းမော်ရဲများမှ သုံးဘီးဆိုင်ကယ်သယ်ယူသူထံ အဓမ္မငွေတောင်း၊ငွေမပေးသူများအား ဖမ်းဆီးရိုက်နှက်သဖြင့် ဆေးရုံတက်ကုသကြရ”

၂၃.၉.၂၀၁၂ရက်နေ့ညက ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်၊စင်းခန်းရဲကင်းမှ တရုတ်နိုင်ငံလုပ် သုံးဘီးဆိုင်ကယ်ဝယ်ယူလာသူ လူငယ်နှစ်ဦးအား လာဘ်ငွေမပေးသဖြင့် လက်ထိပ်ခတ်
ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်၊ဖြစ်ပွားပုံမှာ ၂၃ရက်နေ့က ရွှေကူမြို့အမှတ်(၂)ရပ်ကွက်၊ကွက်သစ်နေ ထက်နိုင်စိုး

နှင့် မွေးထုံတို့သည် ဗန်းမော်မြိ့မှသုံးဘီးဆိုင်ကယ်
ဝယ်၍ ရွေကူမြို့သို့ မောင်းပြန်လာခဲ့ကြပါသည်၊ထိုသို့ ၀ယ်ယူရာ၌ တရားဝင် စာရွက်စာတမ်းများနှင့် ၀ယ်ယူမောင်းနှင်လာခဲ့ကြခြင်းဖြစ်ပါသည်၊
ထိုသို့မောင်းနှင်လာစဉ် ဗန်းမော်မြို့နယ် စင်းခန်းရဲကင်းရှေ့ ရောက်သောအခါ ရဲကင်းမှ တာဝန်ရှိဒုရဲအုပ်နိုင်စိုးဆိုသူမှ ငွေ၂၀၀၀၀တောင်းခဲ့ပါသည်၊ထိုသို့တောင်းခံမှုကို ထက်နိုင်စိုးမှ
သူတို့သည် နယ်စပ်သွင်းကုန်လက်မှတ်စာရွက်စာတမ်းများပြသပြီး တရားဝင်ဝယ်ယူလာခြင်းကြောင့် တစ်စီး၂၀၀၀၀မပေးနိုင်ပါကြောင်းကို ပြောပြခဲ့ပါသည်၊ထိုအခါ ဒုရဲအုပ်နိုင်စိုးဆိုသူက
ထိုလက်မှတ်မှာ အတုဖြစ်ကြောင်း ပြောပြီး ထက်နိုင်စိုးအား လက်ထိပ်ခတ်ခါ ရိုက်နှက် ထိုးကြိတ်ကြပါသည်၊ဒုရဲအုပ်နိုင်စိုးနှင့် တပ်ဖွဲ့ဝင်(၆)ဦးတို့မှ လက်ထိပ်ခတ်ဝိုင်းဝန်းရိုက်နှက်မှုကြောင့်
ထက်နိုင်စိုး လဲကျသွားခဲ့ပါသည်၊ထိုသို့လဲကျသွားသော်လည်း အရိုက်မရပ်ဘဲ စစ်ဖိနပ်များနှင့်ဝိုင်းဝန်းကန်ကျောက်ခြင်း၊ခဲများဖြင့်ထုခြင်းတို့ဆက်လက်လုပ်ဆောင်ခဲ့ရာ ထက်နိုင်စိုးမှာ
ခေါင်းကွဲသွားပြီး မေ့မြောခဲ့ပါသည်၊ထိုသို့မေ့မြောသွားသောအခါမှ လက်ထိပ်ဖြုတ် မျက်နှာကိုရေလောင်းပြီး ငွေ၂၀၀၀၀ဆက်လက်တောင်းပြန်ရာ ထက်နိုင်စိုးမှ ကျွန်တော်ငွေပေးလိုက်ရင်
ကိုယ် မဟုတ်တာလုပ်ထားကြောင်းအထင်မှားမည်စိုးသဖြင့် မပေးနိုင်ပါကြောင်းနှင့် သွင်းကုန်လက်မှတ်အတုဆိုလျှင် အမှုဖွင့်အရေးယူချင် ယူပါဆိုပြီး မပေးခဲ့ကြောင်း၊နောက်ဆုံး ထက်နိုင်စိုး
ထံမှ ငွေညစ်၍ မရနိုင်ကြောင်းသိသွားသောအခါ ထက်နိုင်စိုးအား ဒါဏ်ရာများဖြင့် ထိုရဲကင်းမှ ပြန်လွှတ်ပေးခဲ့ပါသည်၊ထက်နိုင်စိုးမှာ ပြန်လွှတ်ပေးသော်လ ည်း သူ၏သုံဘီးဆိုင်ကယ်ကို ဆက်
မမောင်းနိုင်တော့ သဖြင့် စင်းခန်းရွာမှ ရွာခံတစ်ဦးကို ငှါးရမ်းခါ မောင်းနင်စေခဲ့ပါသည်၊
၂၄၊၉၊၂၀၁၂ရက်နေ့ ရွှေကူမြို့သို့ရောက်သောအခါ ရွှေကူမြို့နယ်ဆေးရုံကြီး၌ ဆေးကုသမှုခံယူခဲ့ရာ သက်သာမှု မရှိသဖြင့် ဗန်းမော်ဆေးရုံသို့ ဆက်လက်သွားရောက် ဆေးကုသမှု
ခံယူခဲ့ရကြောင်း သတင်းရရှိပါသည်၊ထိုဖြစ်စဉ်နှင့် ပါတ်သက်၍ ကြားသိရသူများက ထိုသို့ ရမ်းကားစွာ ငွေကြေးတောင်းခံခြင်း၊မပေးပါက ရိုက်နှက်နှိပ်စက်ခြင်းများပြုလုပ်လာသူအား
အမှုဖွင့်အရေးယူပြီး ပေါ်ပေါက်ပါက ထိရောက်သောပြစ်ဒါဏ်များချမှတ်နိုင်မှသာ ဒေသခံတို့အတွက် လုံခြုံအေးချမ်းမှု ရနိုင်မည်ဖြစ်ကြောင်း ဝေဖန်ပြောဆိုလျှက်ရှိပါသည်။
ဟာဂျူလီ(ကသာ)
FROM facebook

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis