menu

Thursday 27 September 2012

အိန္ဒိယအရှေ့မြောက်ပိုင်း ရေကြီးမှုကြောင့် လူ ၂ သန်းခန့် နေအိမ်စွန့်ခွာ




အာသံပြည်နယ်တွင် စက်တင်ဘာလ ၂၅ ရက်နေ့က ရေဘေးဒုက္ခသည်များကို ဘေးလွတ်ရာသို့ ကယ်ဆယ်လာစဉ် Photo: AFP
အိန္ဒိယအရှေ့မြောက်ပိုင်းတွင် ရေကြီးမှုဖြစ်ပွားခဲ့ရာ နေရာရွှေ့ပြောင်းခဲ့ရသူ ၂သန်းအထိ ရှိလာခဲ့ပြီဖြစ်ပြီး လေတပ်မှ ရဟတ်ယာဉ်များနှင့် စစ်သားများသည် ရာဘာလှေများကို အသုံးပြုပြီး စက်တင်ဘာလ ၂၅ ရက်နေ့က အစားအစာနှင့် ရေများ ဖြန့် ဝေခဲ့ကြောင်း သိရသည်။
နိုင်ငံအရှေ့မြောက်ပိုင်း အာသံဒေသရှိ ရပ်ကွက် ၂၇ ခုအနက် ၁၉ ခုရေ ဖုံးလွှမ်းခဲ့ပြီး ရေကြီးမှုကြောင့် ပြီးခဲ့သည့်အပတ်က လူ ၁၃ ဦး သေဆုံးခဲ့ရကြောင်း ဒေသခံသဘာဝဘေးအန္တရာယ် ထိန်းချုပ်ရေးဌာနက ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက် များတွင် ဖော်ပြထားသည်။
ဆင်းရဲမွဲတေသော နိုင်ငံအနောက်မြောက်ပိုင်းဒေသတွင် ယခုနှစ်အတွင်း ဗြဟ္မပုတြမြစ် ရေလျံမှုကြောင့် ရေကြီးမှု သုံးကြိမ်ဖြစ်ပွားခဲ့သည်။ တိဘက်နယ်နိမိတ်မှ မြစ်ဖျားခံလာသော ဗြဟ္မပုတြမြစ်သည် မုတ်သုံရာသီတွင် မြစ်ကမ်းပါးများ မကြာခဏ ကျိုးပဲ့လေ့ရှိသည်။

အစိုးရအဖွဲ့များမှလည်း ရေကြီးမှုကြောင့် သောင်တင်နေသူ နေရာရွှေ့ပြောင်းလိုသူများအား ကူညီရန် ကြိုးပမ်းလျက်ရှိသော်လည်း ရာသီဥတုဆိုးဝါးမှုကြောင့် အနည်းငယ်နှောင့်နှေးလျက်ရှိနေသည်။
သို့သော် ပြီးခဲ့သည့်ရက်များက ဒေသခံများနှင့် အတိုက်အခံပါတီဝင်များသည် ရေကြီးမှုဖြစ်ပွားရာ နေရာများတွင် အစိုးရ၏ အထောက်အပံ့များ မလုံလောက်သောကြောင့် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။
အာသံနှင့် အခြားဆယ်ပြည်နယ်တွင် ဗြဟ္မပုတြမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက်တွင်ပင် ရှိနေဆဲဖြစ်ကြောင်း ဗဟိုရေအရင်းအမြစ်ဌာနမှ ထုတ်ပြန်ခဲ့သည်။
အာသံပြည်နယ်၏ ကျန်းမာရေးဝန်ကြီးံ Himanta Biswa Sarmah သည် ရေကြီးမှုဖြစ်ပွားရာနေရာများတွင် ၀မ်းပျက်ဝမ်းလျောခြင်းနှင့် တိုက်ဖိုက် စသောရောဂါများ မဖြစ်ပွားစေရန် အမြင့်ဆုံး ကျန်းမာရေးနှိုးဆော်ချက်ကို ထုတ်ပြန်ထားကြောင်း သိရသည်။
နှစ်စဉ်မုတ်သုံရာသီသည် အိန္ဒိယလယ်သမားများ၏ စိုက်ပျိုးရေးအတွက် အလွန်အရေးကြီးသော်လည်း ယခုနှစ် မိုးများမှုကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်လာကာ သေဆုံးပျက် စီးမှုများပြားခဲ့သည်။
Ref:AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis