menu

Thursday 27 September 2012

အိုဘားမားလည်း မြန်မာခေါင်းဆောင်ကို ချီးမွမ်း

Photo: အိုဘားမားလည်း မြန်မာခေါင်းဆောင်ကို ချီးမွမ်း

နောက်ဆုံးရေးသားချိန် 27 September 2012, 13:59 AEST

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေရှိလာပြီးနောက် ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက မြန်မာနိုင်ငံခေါင်းဆောင်တွေကို ချီးမွမ်းပြောဆိုလိုက်သလို အမေရိကန်သမ္မတ ဘားရက်အိုဘားမားကလည်း ချီးမွမ်းပြောဆိုလိုက်ပါတယ်။
လက်တိုးတက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မျှော်လင့်လာနိုင်ပြီဖြစ်တဲ့အကြောင်းပြောသွားတာဖြစ်ပါတယ်။

 အမေရိကန် နိုင်ငံမှာ သီးသန့်စီရောက်နေကြတဲ့ မြန်မာနိုင်ငံတော်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ကုလသမဂ္ဂအထွေထွေညီလာခံ ပြင်ပမှာသီးသန့်တွေ့ဆုံကြပါတယ်။ သမ္မတကြီးတည်းခိုနေတဲ့ ဟိုတယ်ကိုဒေါ်အောင်ဆန်းစုကြည် ကသွားရောက်တွေ့ဆုံခဲ့ပြီး တွေ့ဆုံချိန် ၁၅ မိကြာမှာ ဘယ်လိုကိစ္စတွေကို ဆွေးနွှေးသလဲဆိုတာကို ထုတ်ဖေါ်ကြေငြာခဲ့ခြင်းမရှိခဲ့ပါဘူး။

မြန်မာ့နိုင်ငံရေးကိုစောင့်ကြည့်ဝေဖန်သုံးသပ်သူများကတော့ ကျန်ရှိနေသေးတဲ့ ဒါဏ်ခတ်ပိတ်ဆို့မူတွေကို ချပေးစေလိုတဲ့အတွက်နဲ့  ဒီလို တွေ့ဆုံမှု ပြုလုပ်ခြင်းအားဖြင့် သမ္မတအနေနဲ့ နိုင်ငံတကာရှေ့မှောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူလက်တွဲလုပ်ကိုင်ဆောင်ရွက်မှုရှိနေပါ တယ် လို့ပြသလို တဲ့သဘောဆောင်တယ်လို့ဆိုကြပါတယ်။

 သမ္မတဦးသိန်းစိန်က  အမေရိကန်နိုင်ငံကနေ စက်တင်ဘာလ ၂၉ ရက်နေ့မှာထွက်ခွါမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ အောက်တိုဘာ ၃ ရက်နေ့အထိဆက်နေသွားမှာဖြစ်ပါတယ်။


News from : Radio Australia - Myanmar
Post by  အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေရှိလာပြီးနောက် ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက မြန်မာနိုင်ငံခေါင်းဆောင်တွေကို ချီးမွမ်းပြောဆ
ိုလိုက်သလို အမေရိကန်သမ္မတ ဘားရက်အိုဘားမားကလည်း ချီးမွမ်းပြောဆိုလိုက်ပါတယ်။
လက်တိုးတက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မျှော်လင့်လာနိုင်ပြီဖြစ်တဲ့အကြောင်းပြောသွားတာဖြစ်ပါတယ်။

အမေရိကန် နိုင်ငံမှာ သီးသန့်စီရောက်နေကြတဲ့ မြန်မာနိုင်ငံတော်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ကုလသမဂ္ဂအထွေထွေညီလာခံ ပြင်ပမှာသီးသန့်တွေ့ဆုံကြပါတယ်။ သမ္မတကြီးတည်းခိုနေတဲ့ ဟိုတယ်ကိုဒေါ်အောင်ဆန်းစုကြည် ကသွားရောက်တွေ့ဆုံခဲ့ပြီး တွေ့ဆုံချိန် ၁၅ မိကြာမှာ ဘယ်လိုကိစ္စတွေကို ဆွေးနွှေးသလဲဆိုတာကို ထုတ်ဖေါ်ကြေငြာခဲ့ခြင်းမရှိခဲ့ပါဘူး။

မြန်မာ့နိုင်ငံရေးကိုစောင့်ကြည့်ဝေဖန်သုံးသပ်သူများကတော့ ကျန်ရှိနေသေးတဲ့ ဒါဏ်ခတ်ပိတ်ဆို့မူတွေကို ချပေးစေလိုတဲ့အတွက်နဲ့ ဒီလို တွေ့ဆုံမှု ပြုလုပ်ခြင်းအားဖြင့် သမ္မတအနေနဲ့ နိုင်ငံတကာရှေ့မှောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူလက်တွဲလုပ်ကိုင်ဆောင်ရွက်မှုရှိနေပါ တယ် လို့ပြသလို တဲ့သဘောဆောင်တယ်လို့ဆိုကြပါတယ်။

သမ္မတဦးသိန်းစိန်က အမေရိကန်နိုင်ငံကနေ စက်တင်ဘာလ ၂၉ ရက်နေ့မှာထွက်ခွါမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ အောက်တိုဘာ ၃ ရက်နေ့အထိဆက်နေသွားမှာဖြစ်ပါတယ်။
Radio Australia - Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis