menu

Wednesday 26 September 2012

ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြင်ဆင်ချက် သမ္မတက လက်မှတ်မထိုးဘဲ လွှတ်တော်သို့ ပြန်လွှဲ

Photo: ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြင်ဆင်ချက် သမ္မတက လက်မှတ်မထိုးဘဲ လွှတ်တော်သို့ ပြန်လွှဲ

အောင်သူရ
ရန်ကုန်၊ စက်တင်ဘာ - ၂၄

ပထမအကြိမ် စတုတ္ထလွှတ်တော် အစည်းအဝေးက အတည်ပြုပေးလိုက်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အတည်ပြုလက်မှတ်မထိုးဘဲ အချက်အလက်အချို့ ပြန်လည်ပြင်ဆင်ပေးရန် လွှတ်တော်သို့ ပြန်လည်ပို့ဆောင်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် တစ်ဦးကပြောသည်။

နိုင်ငံတော်သမ္မတက အချိုးတူထည့်ဝင်ငွေ ၅၀း ၅၀ အပါအ၀င် အချို့အချက်အလက်ကို ပြင်ဆင်ပေးရန် ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက် (စနေနေ့)က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ပြန်ပို့ပေးခဲ့ကြောင်း သမ္မတရုံးမှ ညွှန်ကြားရေးမှူးဦးဇော်ဌေးက ပြောသည်။

“အဓိကနှစ်ချက်ပေါ့။ ရင်းနှီးမြှုပ်နှံမှု အချိုးအစားရယ်။ ရင်းနှီးမြှုပ်နှံမှု ပမာဏရယ်ပေါ့။ တခြားအချက်အလက် တချို့လည်း ပါပါတယ်”ဟု အဆိုပါ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

လွှတ်တော်အစည်းအဝေးများ ပြုလုပ်ပြီး စက်တင်ဘာလ ၁၂ နှင့် ၁၃ ရက်တွင် နေပြည်တော်၌ ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ပြုလုပ်ပြီး Euromoney Industitutional Invester PLC မှ အမှုဆောင်အရာရှိချုပ် မစ္စတာ Toney Shale က ရင်းနှီးမြှုပ်နှံမှုပမာဏတွင် နိုင်ငံခြားသားနှင့် ပြည်တွင်းလုပ်ငန်းရှင်များကို အချိုးတူ သတ်မှတ်ထားခြင်းသည် ရင်းနှီးမြှုပ်နှံသူများအတွက် အခက်အခဲဖြစ်နိုင်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။

“ ၅၀း ၅၀ (အချိုးတူ)မှာ ခက်နေတာက အဓိက ရင်းနှီးမြှုပ်နှံသူ ဘယ်သူမှ မဟုတ်တဲ့အတွက် ဆုံးဖြတ်ချက်ချဖို့ ခက်တယ်။ နှစ်ဦးသဘောတူဖြစ်ဖို့ဆိုတာ နေရာတိုင်း မဖြစ်နိုင်ဘူး”ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်ကဆိုသည်။

News from : 7Day News Journal
Post by : အေးချမ်းမွန်
( excellence.myanmar@gmail.com)
ပထမအကြိမ် စတုတ္ထလွှတ်တော် အစည်းအဝေးက အတည်ပြုပေးလိုက်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အတည်ပြု
လက်မှတ်မထိုးဘဲ အချက်အလက်အချို့ ပြန်လည်ပြင်ဆင်ပေးရန် လွှတ်တော်သို့ ပြန်လည်ပို့ဆောင်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် တစ်ဦးကပြောသည်။

နိုင်ငံတော်သမ္မတက အချိုးတူထည့်ဝင်ငွေ ၅၀း ၅၀ အပါအ၀င် အချို့အချက်အလက်ကို ပြင်ဆင်ပေးရန် ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက် (စနေနေ့)က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ပြန်ပို့ပေးခဲ့ကြောင်း သမ္မတရုံးမှ ညွှန်ကြားရေးမှူးဦးဇော်ဌေးက ပြောသည်။

“အဓိကနှစ်ချက်ပေါ့။ ရင်းနှီးမြှုပ်နှံမှု အချိုးအစားရယ်။ ရင်းနှီးမြှုပ်နှံမှု ပမာဏရယ်ပေါ့။ တခြားအချက်အလက် တချို့လည်း ပါပါတယ်”ဟု အဆိုပါ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

လွှတ်တော်အစည်းအဝေးများ ပြုလုပ်ပြီး စက်တင်ဘာလ ၁၂ နှင့် ၁၃ ရက်တွင် နေပြည်တော်၌ ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ပြုလုပ်ပြီး Euromoney Industitutional Invester PLC မှ အမှုဆောင်အရာရှိချုပ် မစ္စတာ Toney Shale က ရင်းနှီးမြှုပ်နှံမှုပမာဏတွင် နိုင်ငံခြားသားနှင့် ပြည်တွင်းလုပ်ငန်းရှင်များကို အချိုးတူ သတ်မှတ်ထားခြင်းသည် ရင်းနှီးမြှုပ်နှံသူများအတွက် အခက်အခဲဖြစ်နိုင်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။

“ ၅၀း ၅၀ (အချိုးတူ)မှာ ခက်နေတာက အဓိက ရင်းနှီးမြှုပ်နှံသူ ဘယ်သူမှ မဟုတ်တဲ့အတွက် ဆုံးဖြတ်ချက်ချဖို့ ခက်တယ်။ နှစ်ဦးသဘောတူဖြစ်ဖို့ဆိုတာ နေရာတိုင်း မဖြစ်နိုင်ဘူး”ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်ကဆိုသည်။

  7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis