menu

Wednesday 19 September 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန်ခရီးစဉ် မတိုင်မီ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်




ts-china
နိုင်ငံတော်သမ္မတဦးသိန်းစိန်အား ဒုတိယသမ္မတများဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်းတို့က နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်စဉ် ဓါတ်ပုံ- သမ္မတရုံး ဝက်ဘ်ဆိုက်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်ပြည်ထောင်စု ခရီးစဉ်မတိုင်မီ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ စက်တင်ဘာလ ၁၈ ရက် နေ့က ချစ်ကြည်ရေးခရီး စတင်သွားရောက်ခဲ့သည်။
သမ္မတဦးသိန်းစိန်သည် (၉) ကြိမ်မြောက် တရုတ်-အာဆီယံကုန် စည်ပြပွဲ (နန်နင်း)နှင့် တရုတ်-အာ ဆီယံရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်း အဝေးသို့ တက်ရောက်ရန် စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့ အထိသွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် တရုတ်-အာဆီယံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် ၂၀၀၄ ခုနှစ်ကစတင်ပြီး နှစ်စဉ်ကျင်းပသော နန်နင်းကုန်စည် ပြပွဲနှင့် ထိပ်သီးအစည်းအဝေးများတွင် ယခုနှစ်၌ မြန်မာနိုင်ငံသည် Honor Country ဖြစ်သဖြင့် လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ ကဖိတ်ကြား၍ လည်းကောင်း သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုခရီးစဉ်သည် သမ္မတဦး သိန်းစိန် ၂၀၁၁ ခုနှစ် မတ်လတွင် သမ္မတအဖြစ်စတင်တာဝန်ထမ်းဆောင် ပြီးနောက်ပိုင်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ သွားရောက်သည့် ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ် သည်။ ပထမအကြိမ် ခရီးစဉ်မှာ ၂၀၁၁ ခုနှစ် မေလတွင် ဖြစ်သည်။
ယခုခရီးစဉ် မတိုင်မီ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ ထိပ်တန်း ခေါင်းဆောင်၊ တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် (NPC) ၏ အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ၀ူဘန်းဂိုသည် မြန်မာနိုင်ငံသို့ စက်တင်ဘာ လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ လာရောက်ခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ ထုတ်ပြန်သော အချက်အလက် များအရ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုသည် ၂၀၁၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာဒသမ ၅ ဘီလျံ ရှိကြောင်းနှင့် ပြီးခဲ့သည့်နှစ်ထက် ၄ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် ပြီးခဲ့သည့် စစ်အစိုးရလက်ထက် တစ်လျှောက်လုံး မြန်မာနိုင်ငံ ကို ကမ္ဘာ့အလယ်တွင် ထောက်ခံ ကာကွယ်ခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍတွင် အခြားနိုင်ငံများထက် ပိုမိုလက်ဦးမှု ရယူနိုင်ခဲ့သည်ကို တွေ့ ရသည်။

ts-china1
နိုင်ငံတော်သမ္မတဦးသိန်းစိန်အား ဒုတိယသမ္မတများဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်းတို့က နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်စဉ် ဓါတ်ပုံ- သမ္မတရုံး ဝက်ဘ်ဆိုက်

သို့ရာတွင် မြန်မာနိုင်ငံ၌ အရပ် သားအစိုးရ တက်လာပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင် မှုကြောင့် ဥရောပ၊ အမေရိကန်တို့နှင့် ဆက်ဆံရေး ပြန်လည်တိုးတက် ကောင်းမွန်လာသလို အဆိုပါနိုင်ငံများကလည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့ မှုများကို ဖြေလျော့ဆိုင်းငံ့မှုများ ပြု လုပ်လာကြသည်။
ထို့ပြင် အဆိုပါနိုင်ငံများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်စတင်ပြုလုပ်လာကြသည်။
ထိုသို့ မြန်မာနိုင်ငံနှင့် အနောက် နိုင်ငံများအကြား ဆက်ဆံရေးတိုး တက်ကောင်းမွန်လာမှုသည် တရုတ် ပြည်သူ့သမ္မတနိုင်ငံအတွက် စိုးရိမ် စရာ ဖြစ်လာစေသည်ဟုလည်း လေ့ လာသူအချို့က သုံးသပ်ကြသည်။
“ကျွန်တော့်အမြင်ကတော့ သမ္မတရဲ့ အမေရိကန်ခရီးစဉ်မတိုင်မီ တရုတ်နိုင်ငံကို အလည်အပတ်ခရီး သွားရောက်တာဟာ မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံဟာ အမေရိကန် ပြည်ထောင်စုထက် မဟာဗျူဟာ မြောက် အရေးကြီးတယ်ဆိုတာကို ပြသလိုတာကြောင့်ဖြစ်သလိုတစ်ဖက် ကလည်း အမေရိကန်နဲ့ ဆက်ဆံရေး မှာ တရုတ်-မြန်မာမဟာဗျူဟာဆက် ဆံရေးကို အလေးထားဖို့ ပြသလို တာကြောင့်ဖြစ်တယ်။ တစ်နည်းပြော ရင် တရုတ်နိုင်ငံနဲ့ မဟာဗျူဟာအ ဆင့် ဆက်ဆံရေးကို ကျောထောက် နောက်ခံပြုပြီးအမေရိကန်ပြည်ထောင် စုကို အလည်အပတ်သွားတယ်လို့ လည်း သုံးသပ်နိုင်မယ် ထင်တယ်။
ကျွန်တော်ကတော့ တရုတ်နိုင်ငံနဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက် ဆံရေးဟာ လက်ရှိအစိုးရရော၊ နောင် လာမယ့်အစိုးရတွေအတွက်ရော အ လွန်အရေးကြီးတယ်လို့မြင်ပါတယ်။ အဓိကအကြောင်းတွေထဲက တချို့ ကတော့ တရုတ်နိုင်ငံဟာ မြန်မာနိုင် ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်နေတာ၊ တ ရုတ်နိုင်ငံရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှု တွေက မြန်မာနိုင်ငံမှာ နံပါတ်တစ် ဖြစ်နေတာ၊ တရုတ်နိုင်ငံဟာ ဒေသ တွင်းသာမက ကမ္ဘာ့နိုင်ငံရေး အခင်း အကျင်းမှာ မဟာအင်အားကြီးနိုင်ငံ ဖြစ်နေတာတွေ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် ကျွန်တော်တို့ထက် စီးပွား ရေးအားကောင်း၊ ချမ်းသာတဲ့အာဆီ ယံအဖွဲ့ဝင်နိုင်ငံ တွေကတောင် တ ရုတ်နိုင်ငံနဲ့ မဟာဗျုဟာဆက်ဆံရေး တည်ဆောက်ဖို့ ကြိုးစားနေတဲ့အချိန် မှာ ကျွန်တော်တို့ကလည်း ရှိပြီးသား ဆက်ဆံရေးကို ပိုမိုကောင်းမွန်ဖို့၊ ပိုမို မဟာဗျူဟာမြောက်ဖို့နဲ့ သူနိုင်ကိုယ် နိုင် အနေအထားဆီ ဦးတည်နိုင်ဖို့၊ နယ်ပယ်စုံမှာ တန်းတူရည်တူရှိမှုကို ပိုမိုပီပြင်ဖို့ စနစ်တကျပြင်ဆင်ဆောင် ရွက်ရမယ်ထင်ပါတယ်။ မြန်မာနိုင် ငံမှာ အရပ်သားအစိုးရ တက်လာပြီး တဲ့နောက် အနောက်နိုင်ငံတွေ၊ ဥရော ပနိုင်ငံတွေ၊ အမေရိကန်ပြည်ထောင် စုတို့နဲ့ ဆက်ဆံရေးပြန်လည်နွေးထွေး လာတာကြောင့် တရုတ်နိုင်ငံနဲ့ မြန်မာ နိုင်ငံဆက်ဆံရေးဆက်လက်နွေးထွေး ပါ့မလားလို့တော့ သံသယဖြစ်စရာ မလိုဘူးထင်ပါတယ်။ မြန်မာ့ဈေး ကွက်ထဲမှာ ပြိုင်ဘက်အသစ်တွေ၊ အထူးသဖြင့် ဥရောပနဲ့ အမေရိကန် တို့ ၀င်လာတာဟာ ယေဘုယျအား ဖြင့် တရုတ်နိုင်ငံအတွက် စိုးရိမ်စရာ လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် တ ရုတ်နိုင်ငံဟာ  နိုငံတကာမှာလည်း အဲဒီနိုင်ငံတွေနဲ့ စီးပွားရေးနယ်ပယ် မှာ ပြိုင်ဆိုင်နေရတာဖြစ်လို့ သာမန်ပဲလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် တန်းတူရည်တူယှဉ်ပြိုင်ရမယ့် သ ဘော ရှိနေတာ၊ ပြိုင်ဘက်ကောင်း တွေတိုးလာတာတို့ကတော့ တရုတ် နိုင်ငံအနေနဲ့ သတိထားပြင်ဆင်ရ မယ့်အပိုင်းလို့ ထင်ပါတယ်”ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်မှု ဆောင်းပါးများရေးသားသူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုထက် မဟာဗျူဟာမြောက် အရေးကြီးတယ်ဆိုတာကို ပြသလိုတာကြောင့် ဖြစ်သလို တစ်ဖက်ကလည်း အမေရိကန်နဲ့ ဆက်ဆံရေးမှာ တရုတ်-မြန်မာ မဟာဗျူဟာဆက်ဆံရေးကို အလေးထားဖို့ ပြသလိုတာကြောင်  .   .   .
“မြန်မာနိုင်ငံ အစိုးရတိုင်းဟာ အမေရိကန်ပြည်ထောင်စု အပါအ၀င် အနောက်နိုင်ငံများနဲ့ ဆက်ဆံရေးတိုး တက်ကောင်းမွန်လာတဲ့တစ်ချိန်တည်း မှာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဆက်ဆံရေးကိုလည်း မဟာဗျူဟာမြောက် ဟန်ချက်ညီညီ တည်ဆောက်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေ ကမြန်မာနိုင်ငံရဲ့တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို မျက်ခြေမပြတ်စောင့်ကြည့် နေသလို တရုတ်နိုင်ငံကလည်း မြန် မာနိုင်ငံရဲ့ အမေရိကန်အပါအ၀င်အနောက် နိုင်ငံတွေနဲ့ ဆက်ဆံရေးကို မျက်ခြေမပြတ် စောင့်ကြည့် လေ့လာ နေမှာပါ။ အဲဒီအခြေအနေမျိုးမှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့ အမျိုးသား အကျိုးစီးပွားအတွက်၊ တိုင်း ပြည်နဲ့ လူမျိုးအကျိုးအတွက် တရုတ်နိုင်ငံနဲ့ လည်းကောင်း၊ အနောက်နိုင်ငံများနဲ့ လည်းကောင်း ဆက်ဆံရေးတွေကို အကျိုးရှိအောင် ထိန်းညှိ နိုင်ရမယ်လို့ ထင်ပါတယ်။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် တရုတ်နိုင်ငံနဲ့ ဆက် ဆံရေးဟာ တိုးတက်ကောင်းမွန်လာဖို့ပဲ ရှိတယ်လို့ မြင်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲပြီးလို့ အစိုးရသစ် တက်လာခဲ့ရင်တောင် တရုတ်နိုင်ငံ နဲ့ ဆက်ဆံရေးဟာ မဟာဗျူဟာ မြောက် အရေးကြီးနေဦးမှာပါ’ဟု ဒေါက်တာရန်မျိုးသိမ်းကဆက်လက် ပြောကြားခဲ့သည်။
သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ် ပြီးနောက် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပမည့်  (၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် အမေရိကန်ပြည်ထောင်စုသို့ စက်တင်ဘာလ နောက်ဆုံးပတ်တွင် သွားရောက်မည်ဖြစ်ပြီး အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်းနှင့် နိုင်ငံတကာမှ အကြီးအကဲများနှင့် သီးသန့်တွေ့ဆုံ မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင် စုသို့ ရောက်ရှိနေသည်။
ဒေါက်တာ ရန်မျိုးသိမ်းက “အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံထဲကို ခပ်သွက်သွက် ၀င်ရောက်နေ တဲ့အပေါ် တရုတ်နိုင်ငံက စိုးရိမ်နိုင်သလို တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ဆက်ဆံရေး အရှိန်အဟုန်ကြီးမား တာကြောင့်လည်း အမေရိကန်က စိုးရိမ်ပြီး မြန်မာနိုင်ငံထဲ အရှိန်မြင့် ၀င်တယ်လို့လည်း စဉ်းစားနိုင်ပါတယ်။ အရေးကြီးတာက အင်အားကြီးနှစ်နိုင်ငံရဲ့ အားပြိုင်တဲ့ စင်မြင့် မဖြစ်ဖို့လိုတာပါ။ အဲဒီလိုမဖြစ်ဖို့ ဆိုရင် အစိုးရ၊ လွှတ်တော်တို့က ထိန်းကျောင်းရမယ် ထင်ပါတယ်။ အမေရိ ကန်နဲ့ ဆွေးနွေးတဲ့နေရာမှာ တရုတ် နဲ့ ဆက်ဆံရေးကို တွန်းအားတစ်ခု အဖြစ် သွက်ဝိုက်သုံးသင့်သလို တ ရုတ်နဲ့ ဆွေးနွေးတဲ့နေရာမှာ အမေရိကန်နဲ့ ဆက်ဆံရေးကို တွန်းအား တစ်ခုဖြစ်အောင် မသိမသာစောင်း ပေးနိုင်ရင် ကျွန်တော်တို့ဟာ အင်အားကြီးနှစ်နိုင်ငံလုံးဆီက မဟာဗျူ ဟာမြောက် တုံ့ပြန်မှုတွေ ရနိုင်ပါ တယ်။ အဲဒါတွေဟာ ကျွန်တော်တို့ အမျိုးသား အကျိုးစီးပွားအတွက် အထောက်အကူဖြစ်ရပါမယ်။ နောက် အမေရိကန်ပြည်ထောင်စု၊ အနောက် နိုင်ငံတွေနဲ့ တရုတ်နိုင်ငံတို့ဟာလည်း သူတို့အမျိုးသားအကျိုးစီးပွား၊ သူတို့ တိုင်းပြည်၊ သူတို့လူမျိုးတွေအတွက် အကောင်းဆုံးဖြစ်အောင်၊ အကျိုးရှိ အောင်လုပ်နေတယ်ဆိုတာကို မမေ့ဖို့ လိုပါတယ်။ နောက်ထပ်ပြောချင်တာ ကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တရုတ်နိုင်ငံနဲ့ဆက်ဆံရေး ကို စနစ်တကျ၊ မဟာဗျူဟာမြောက် တည်ဆောက်သင့်သလို တရုတ်နိုင် ငံကို အမြန်ဆုံး အလည်အပတ်ခရီး သွားရောက်သင့်တယ်လို့လည်း ထင် မြင်မိပါတယ်။ မြန်မာနိုင်ငံရဲ့အနာ ဂတ်နိုင်ငံရေးအခင်းအကျင်းကို စိုး မိုးဖို့ ပြင်ဆင်အားထုတ်ဖို့ဆိုရင် တရုတ်နိုင်ငံနဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးတည်ဆောက်ထားဖို့ အထူး လိုအပ်တယ်လို့ ယူဆပါတယ်”ဟု  ပြောကြားခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis