menu

Wednesday 19 September 2012

၈၈ အရေးအခင်းတွင် ကျဆုံးခဲ့သော အခြေခံပညာကျောင်းသားသုံးဦးအတွက် ၂၄ နှစ်ပြည့် ဂုဏ်ပြုအောက်မေ့ဖွယ် ဆွမ်းကျွေးပြုလုပ်

Photo: ၈၈ အရေးအခင်းတွင် ကျဆုံးခဲ့သော အခြေခံပညာကျောင်းသားသုံးဦးအတွက် ၂၄ နှစ်ပြည့် ဂုဏ်ပြုအောက်မေ့ဖွယ် ဆွမ်းကျွေးပြုလုပ် 

Wednesday, 19 September 2012 12:08

၈၈ အရေးအခင်းကာလတွင် ကျဆုံးခဲ့သော အခြေခံပညာ ကျောင်းသားများဖြစ်သည့် မ၀င်းမော်ဦး၊ မောင်သန်းဌေး၊ မောင်တင်ထွန်းတို့ သုံးဦးတို့အတွက် ဂုဏ်ပြု အောက်မေ့ခြင်း အထိမ်းအမှတ် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းမှုကို စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ ဘုရားငါးဆူ တန်ဆောင်းတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားသို့ နိုင်ငံရေးပါတီအချို့မှ ပါတီဝင်များ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်များ၊ ကျဆုံးသွားသော ကျောင်းသားများ၏ မိသားစုဝင်များနှင့် ကျောင်းသားများ ချီတက်ပွဲတွင် ပါဝင်ခဲ့သူအချို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျဆုံးခဲ့သော ကျောင်းသားများထဲမှ တစ်ဦးဖြစ်သည့် မ၀င်းမော်ဦး၏ ဖခင် ဦးဝင်းကြူက '' အဲဒီနေ့ မနက်ပိုင်းက သမီးလေးကို သူ့အမေက ကျောင်းကိုမသွားဖို့ တားသေးတယ်။ သူက တအောင့်ပဲသွားမှာပါ။ ပြီးတာနဲ့ ပြန်လာပါ့မယ်ဆိုပြီး ထွက် သွားတာ ပြန်မလာဘူး။ တစ်နာရီ ထိုးလောက်ကျမှ သမီးလေး သေနတ်မှန်ပြီး ရန်ကုန်ဆေးရုံကြီးကို ရောက်နေတယ်ဆိုတာကို  ဖုန်းနဲ့တစ်ယောက်က လှမ်းပြောတာ။ ကျွန်တော်တို့လည်း ဆေးရုံကိုလိုက်သွားပြီး သမီးလေးကို တော်တော် ရှာလိုက်ရတယ်။ သမီးလေးက ခြေသလုံးမှာ တစ်ချက်၊ ပေါင်မှာ တစ်ချက်၊ ဓာတ်ပုံမှာမြင်တဲ့အတိုင်း လက်မောင်းကနေ ဖောက်ဝင်သွားတာ တစ်ချက်နဲ့ ကျည်ဆန်သုံးချက် ထိထားတာ အဆုတ်တစ်ခြမ်း ပျက်စီးသွားတယ်။ ဆရာဝန်ကြီးကတော့ ခင်ဗျားသမီး အသက်ဆက်ရှင်ရင်တောင် အသက်မရှည်နိုင်တော့ဘူးလို့ ပြောတယ်။ သမီးလေးကိုတွေ့တော့ ကျွန်တော့်ကို လက်ယပ်ခေါ်တယ်။ သမီးလေးက နောက်ဆုံး အနေနဲ့ သမီးတို့တောင့်တတဲ့ ဒီမိုကရေစီမရမချင်း သမီးတို့ကို အမျှ မဝေပါနဲ့ဆိုတဲ့ ကတိကို တောင်းသွားတယ်။ ကျွန်တော်တို့လည်း သမီးလေးဆုံးတဲ့နေ့တိုင်း အိမ်မှာ ဆွမ်းကပ်ဖြစ်ပေမယ့် အခုအချိန်ထိ အမျှမဝေဖြစ်သေးပါဘူး။ သမီးလေးဆုံးတုန်းကတော့ ၀မ်းနည်းမိပေမယ့် ဒီမိုကရေစီအတွက် ရဲဝံ့စွာနဲ့ တိုက်ပွဲ ၀င်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်''ဟု ပြောကြားခဲ့သည်။

အခမ်းအနားသို့ ကချင်ပြည်နယ်သို့ ရောက်ရှိနေသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပေးပို့ခဲ့သော 'စက်တင်ဘာမိုးရေစက်များ' အမည်ရှိ ကဗျာကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဇော်မင်းက ကိုယ်စား ရွတ်ဆိုခဲ့သည်။

အဆိုပါ ကျောင်းသားသုံးဦးလုံးသည် ကြည့်မြင်တိုင် အ.လ.က (၄) ကျောင်းသားများဖြစ်ပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သော အခြေခံပညာကျောင်းသားများ ချီတက်ဆန္ဒပြပွဲတွင် ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့်၌ သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းမှုတွင် ကျဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်းဓါတ်ပုံ--eleven media group
၈၈ အရေးအခင်းကာလတွင် ကျဆုံးခဲ့သော အခြေခံပညာ ကျောင်းသားများဖြစ်သည့် မ၀င်းမော်ဦး၊ မောင်သန်းဌေ
း၊ မောင်တင်ထွန်းတို့ သုံးဦးတို့အတွက် ဂုဏ်ပြု အောက်မေ့ခြင်း အထိမ်းအမှတ် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းမှုကို စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ ဘုရားငါးဆူ တန်ဆောင်းတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားသို့ နိုင်ငံရေးပါတီအချို့မှ ပါတီဝင်များ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်များ၊ ကျဆုံးသွားသော ကျောင်းသားများ၏ မိသားစုဝင်များနှင့် ကျောင်းသားများ ချီတက်ပွဲတွင် ပါဝင်ခဲ့သူအချို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျဆုံးခဲ့သော ကျောင်းသားများထဲမှ တစ်ဦးဖြစ်သည့် မ၀င်းမော်ဦး၏ ဖခင် ဦးဝင်းကြူက '' အဲဒီနေ့ မနက်ပိုင်းက သမီးလေးကို သူ့အမေက ကျောင်းကိုမသွားဖို့ တားသေးတယ်။ သူက တအောင့်ပဲသွားမှာပါ။ ပြီးတာနဲ့ ပြန်လာပါ့မယ်ဆိုပြီး ထွက် သွားတာ ပြန်မလာဘူး။ တစ်နာရီ ထိုးလောက်ကျမှ သမီးလေး သေနတ်မှန်ပြီး ရန်ကုန်ဆေးရုံကြီးကို ရောက်နေတယ်ဆိုတာကို ဖုန်းနဲ့တစ်ယောက်က လှမ်းပြောတာ။ ကျွန်တော်တို့လည်း ဆေးရုံကိုလိုက်သွားပြီး သမီးလေးကို တော်တော် ရှာလိုက်ရတယ်။ သမီးလေးက ခြေသလုံးမှာ တစ်ချက်၊ ပေါင်မှာ တစ်ချက်၊ ဓာတ်ပုံမှာမြင်တဲ့အတိုင်း လက်မောင်းကနေ ဖောက်ဝင်သွားတာ တစ်ချက်နဲ့ ကျည်ဆန်သုံးချက် ထိထားတာ အဆုတ်တစ်ခြမ်း ပျက်စီးသွားတယ်။ ဆရာဝန်ကြီးကတော့ ခင်ဗျားသမီး အသက်ဆက်ရှင်ရင်တောင် အသက်မရှည်နိုင်တော့ဘူးလို့ ပြောတယ်။ သမီးလေးကိုတွေ့တော့ ကျွန်တော့်ကို လက်ယပ်ခေါ်တယ်။ သမီးလေးက နောက်ဆုံး အနေနဲ့ သမီးတို့တောင့်တတဲ့ ဒီမိုကရေစီမရမချင်း သမီးတို့ကို အမျှ မဝေပါနဲ့ဆိုတဲ့ ကတိကို တောင်းသွားတယ်။ ကျွန်တော်တို့လည်း သမီးလေးဆုံးတဲ့နေ့တိုင်း အိမ်မှာ ဆွမ်းကပ်ဖြစ်ပေမယ့် အခုအချိန်ထိ အမျှမဝေဖြစ်သေးပါဘူး။ သမီးလေးဆုံးတုန်းကတော့ ၀မ်းနည်းမိပေမယ့် ဒီမိုကရေစီအတွက် ရဲဝံ့စွာနဲ့ တိုက်ပွဲ ၀င်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်''ဟု ပြောကြားခဲ့သည်။

အခမ်းအနားသို့ ကချင်ပြည်နယ်သို့ ရောက်ရှိနေသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပေးပို့ခဲ့သော 'စက်တင်ဘာမိုးရေစက်များ' အမည်ရှိ ကဗျာကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဇော်မင်းက ကိုယ်စား ရွတ်ဆိုခဲ့သည်။

အဆိုပါ ကျောင်းသားသုံးဦးလုံးသည် ကြည့်မြင်တိုင် အ.လ.က (၄) ကျောင်းသားများဖြစ်ပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သော အခြေခံပညာကျောင်းသားများ ချီတက်ဆန္ဒပြပွဲတွင် ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့်၌ သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းမှုတွင် ကျဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis