menu

Thursday 13 September 2012

"ဇော်ဝင်းထွဋ်၊မေဆွိ၊မီမီဝင်း ဖေတို့နဲ့အတူ ဂျပန်မှာ ဖျော်ဖြေမယ့် မေခလာ"

မေခလာက နိုဝင်ဘာလထဲမှာ စင်ကာ ပူကို အလုပ်ကိစ္စနဲ့သွားဖို့ရှိသလို၊ ဖေဖော်ဝါရီ လထဲမှာတော့ အင်ပါယာတီးဝိုင်းနဲ့အတူ ဇော် ဝင်းထွဋ်၊မေဆွိ၊မီမီဝင်းဖေတို့နဲ့အတူ ဂျပန်ကို ဖျော်ဖြေရေးသွားမှာဖြစ်ပါတယ်။ ဒီခရီးစဉ်က မတွေ့ရတာကြာပြီဖြစ်တဲ့ သူယ်ချင်းတွေ ပြန်ဆုံကြတဲ့ ဖျော်ဖြေပွဲ ပဲဖြစ်ကြောင်း၊ဂျပန် ဖျော်ဖြေပွဲမှာ အရင်တုန်းက သီချင်း အဟောင်းတွေပဲဆိုဖြစ်မှာ ဖြစ်ကြောင်း၊ အရင်တုန်းက သီချင်းအဟောင်းတွေပဲ ဆိုဖြစ်မှာဖြစ်ကြောင်း၊ ဖျော်ဖြေ ပွဲပြီးရင်လည်း သူငယ်ချင်းတွေနဲ့ လျှောက်လည်ကြပြီး၊ စကားတွေအများကြီးလည်း ပြောဖြစ်ပါ ဦးမယ်လို့ မေခလာက ရယ်ရင်းဆိုပါတယ်။ အနုပညာသက်တမ်းတစ်လျှောက်မှာ ပြည်ပ ဖျော်ဖြေရေးတွေ တော်တော်များ များ ထွက်ဖြစ်ခဲ့တဲ့ မေခလာက ပြည်ပဖျော်ဖြေ ရေးပွဲတွေမှာ ပရိသတ်တွေတောင်း တဲ့သီချင်း က သူ မထင်ထားတဲ့သီချင်း၊ သူ ရန်ကုန်ပွဲ တွေမှာမဆိုဖြစ်တဲ့သီချင်းကို တောင်းကြ တယ်လို့ ဆိုပါတယ်။ ပြည်ပက ပရိသတ်တွေ တောင်းတဲ့ သီချင်းကတော့ 'တသိမ့်သိမ့်သူ' သီချင်းပဲဖြစ် ပါတယ်။ မေခလာက ဒီသီချင်းကို ရန်ကုန်မှာတော့ မင်္ဂလာပွဲတွေ
မှာပဲ သီဆို လေ့ရှိပြီး၊ ရှိုးတွေမှာတော့ သီဆိုလေ့မရှိကြောင်း ပြောပါတယ်။
''ပြည်ပမှာက ဒီသီချင်းကိုတောင်းကြတာ တော်တော် ထူးဆန်းတယ်။ အဲဒီတော့ မငယ်က မေးတယ်။ ဘာကြောင့် ဒီသီချင်းကိုကြိုက်ကြတာလဲ လို့မေးတော့ အဲဒီသီချင်းနဲ့ မငယ်ရဲ့အသံက တအားလိုက်ဖက်လို့တဲ့လေ။ ကိုယ်ကတောင် သတိမထားမိဘူး။ ဒီသီချင်းက မြန်မာဆန်ဆန် သီချင်း လေးလေ။ မငယ်နဲ့ ဒီသီချင်းလေးက လိုက်ဖက်သွား တယ်ဆိုတာကလည်း ဂီတစာဆို ဦးကြေးမုံက မငယ်ရဲ့ အသံကို နားထောင်ပြီး ၁ဝမိနစ်အတွင်းမှာ ရေးပေး လိုက်တဲ့သီချင်းပါ။ တအားတော်တဲ့ တေးရေးဆရာကြီးပါ။ မငယ် ရဲ့အာပေါက်ကို သိပြီး မငယ်အတွက်ရေးထားတဲ့ သီချင်းဖြစ်တဲ့အတွက် ကြောင့် အဲဒီသီချင်းက ပေါက် သွားတယ်လို့ထင်တယ်။ ဒီနေ့အထိလည်း မရိုး သွားဘူးလေ''လို့ သီချင်းလေး စတင်ဖြစ်ပေါ်ပုံနဲ့ ပတ်သက်ပြီး မေခလာက ပြောပါတယ်။
ဆက်လက်ပြီး မေခလာက Lucky Home ဖောင်ဒေးရှင်းနဲ့အတူ မိတ္ထီလာ၊ ကျေးကိုင်းရွာမှာ ပညာ သင်ကြားနေတဲ့ကလေးတွေအတွက် ဗလာစာအုပ်၊ ကျောင်းအင်္ကျီ၊ စာရေးကိရိယာတွေကို လှူဖြစ်ခဲ့ပြီး သူ ကျောင်းဆောက်လုပ် လှူဒါန်းထားတဲ့ ပညာမြေ ကျောင်းမှ ကျောင်းသား၊ကျောင်းသူများ အတွက်လည်း စာရေးကိရိယာများကို လှူဒါန်းခဲ့ပါသေးတယ်။

လင်းအက္ခရာ
Popular Myanmar News 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis