menu

Thursday 13 September 2012

မြန်မာပြည်ရဲ့ တဦးတည်းသော အမျိုးသမီးဝန်ကြီး


ဝန်ကြီးသစ်များ မကြာသေးခင်က ခန့်အပ်ရာမှာ ဒေါ်မြတ်မြတ်အုန်းခင်လည်း ပါဝင်လာပါတယ်။
ဒါကြောင့် သူဟာ မြန်မာပြည်ရဲ့ တဦးတည်းသော အမျိုးသမီးဝန်ကြီး ဖြစ်လာပါတယ်။

သူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အွန်လိုင်းမှာ အများကြီး မတွေ့ရသေးပါဘူး။

ဒေါက်တာမြတ်မြတ်အုန်းခင်ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်တာ အနိုင်ရခဲ့ပါတယ်။
သူဟာ ၀ါရင့်ပါတီဝင်လား၊ ဒါမှမဟုတ် ၂၀၁၀ ရောက်မှ ပါတီက သူ့ကို ချည်းကပ်တာလား ဆိုတာ မသိရသေးပါ။
သူဝင်ပြိုင်တဲ့ နယ်မြေက ဧရာဝတီတိုင်းမဲဆန္ဒနယ်အမှတ်- ၁၀ ဖြစ်ပါတယ်။ ဖျာပုံ၊ ဒေးဒရဲမြို့တွေ ပါဝင်ပါတယ်။

လွှတ်တော်ထဲရောက်တော့ ဒဏ်ခတ်ပိတ်ဆို့မှုဆန့်ကျင်ရေးကို တက်တက်ကြွကြွဆွေးနွေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်လာပါတယ်။ (ဆွေးနွေးချက်အပြည့်အစုံကို အောက်ဆုံးမှာ ဖတ်နိုင်၏)
မနှစ်က နေပြည်တော်သင်္ကြန်မှာ တွေ့ရတဲ့ ဒေါ်မြတ်မြတ်အုန်းခင်၊ ဒေါ်စန္ဒာခင်

အဲဒီနောက်ပိုင်း ၀န်ကြီးတာဝန်များပေးရာမှာ သူက ကျန်းမာရေး ဒုဝန်ကြီး အဖြစ် ခန့်အပ်ခံရသူပါ။

ပြီးခဲ့တဲ့ရက်ပိုင်း သမ္မတဦးသိန်းစိန်ရဲ့ ၀န်ကြီးနေရာပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာမှာ ပြည်ထောင်စုဝန်ကြီးသစ်တွေ ပေါ်လာပြီး အဲဒီထဲမှာ ဒေါ်မြတ်မြတ်အုန်းခင်လည်း ပါဝင်သွားတာပါ။ သူ့ကို သမ္မတက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကို တာဝန်ယူစေပါတယ်။

ဒီရက်ပိုင်း အစိုးရသတင်းစာများမှာ လူကယ်ပြန်ဝန်ကြီးဌာနရဲ့ လှုပ်ရှားမှုတွေ မပါဝင်တာကြောင့် ဒေါ်မြတ်မြတ်အုန်းခင်ကိုလည်း သတင်းစာထဲ မတွေ့ရပါ။

ဒေါ်မြတ်မြတ်အုန်းခင်ဟာ မြန်မာပြည်ရဲ့ ပထမဆုံးသော အမျိုးသမီး ၀န်ကြီး မဟုတ်ပါဘူး။

ပထမဆုံး အမျိုးသမီး ၀န်ကြီးက ဒေါ်ဘမောင်ချိန် (Mrs. Ba Maung Chain) ဖြစ်ပါတယ်။ ၁၉၅၂ ဖဆပလ အစိုးရအဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ သူဟာ ကရင်ပြည်နယ်ရေးရာတွေကို ကိုင်တွယ်ရတဲ့ဝန်ကြီးအဖြစ် ခန့်အပ်ခံရသူပါ၊

သူ့အကြောင်းလည်း အွန်လိုင်းမှာ ရှာပေမယ့် အများကြီး မတွေ့ရပါ။ ဖခင်ဖြစ်သူကတော့ အဲဒီခေတ်က အထင်ကရပုဂ္ဂိုလ် ဒေါက်တာစံစီဖိုး ဖြစ်ပါတယ်။
၁၉၅၂ ဖဆပလ အစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အမှတ်တရ ဓာတ်ပုံ

ရှေ့ဆုံးတန်းမှာထိုင်နေသူများကတော့ ဒီပုဂ္ဂိုလ်တွေ ဖြစ်တယ်လို့ ဆိုပါတယ် ~ ဒေါ်ဘမောင်ချိန် (ကရင်ပြည်နယ်)၊ စ၀်ခွန်ချို (ရှမ်းပြည်နယ် နဲ့ နိုင်ငံခြားရေးရာ)၊ ၀န်ကြီးချုပ်ဦးနု၊ သမ္မတဒေါက်တာဘဦး၊ ဦးဗဆွေ (ကာကွယ်ရေး)၊ ဦးတင် (ဘဏ္ဍာအခွန်)၊ ဦးဝင်း (အမျိုးသားစီမံကိန်း နဲ့ သာသနာရေး)



ပြည်ထောင်စုလွှတ်တော်မှာ ဦးဌေးဦးက "မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့မှုများကို ဤလွှတ်တော်က ကန့်ကွက်ကြောင်း" အဆိုတင်သွင်းရာမှာ ဒေါက်တာ
မြတ်မြတ်အုန်းခင်က အခုလို ၀င်ရောက်ဆွေးနွေးကြောင်း ၂၆-၃-၂၀၁၁ ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်

မြန်မာနိုင်ငံတွင် အမျိုး သား၊ အမျိုး သမီး ခြွဲခားဆက်ဆံခြင်း မရှိဘဲ တန်းတူညီတူ အခွင့်အရေးရစေရန်နိုင်ငံတော်က ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်း ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး ဆောင်ရွက်ပေးနေသကဲ့သို့ တစ်ဖက်ကလည်း အမျိုးသမီးများကို အကာအကွယ်ပေးသော ဥပဒေ၊ နည်းဥပဒေများပြဋ္ဌာန်း၍ ကာကွယ် စောင့်ရှောက်မှုပေးနေသည့် အတွက် မြန်မာအမျိုးသမီးထုသည် ရသင့်ရထိုက်သော အခွင့်အရေးများ အပြည့်အ၀ ရရှိ ခံစားနေကြသညကို အားလုံး အသြိဖစ်ပါကြောင်း၊

ယခု ပြည်ထောင်စုလွှတ်တော်ကြီးမှာပင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များပါဝင်ပြီး အရေးကြီးကော်မတီများ၌ တန်းတူရည်တူ တာဝန်ပေးအပ်ထားသည်များကိုလည်း ဝမ်းမြောက်ဂုဏ်ယူဖွယ် တွေ့မြင်ရပါကြောင်း။

၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံတော်ဈေးကွက်စီးပွားရေးမူဝါဒအရ ပေါ်ပေါက်လာခသဲ့ ည့် ပြညတ် ငွ်း ၊ ပြညပ် ရင်း နှီး မြှု ပနှ်ံမနှု ငှ့် အလုပရ် ၊ုံ စကရ်ြုံကီး များ၊ အထညခ်ျုပ် စကရ်ုမျာံး၌ အမျိုး သမီး ထုသည် မမိ တို၏ိ့ ကျွမ်းကျင်မှုပညာအရ အမျိုးသားများ နည်းတူ အလုပ်အကိုင်များ ရရှိခဲ့သဖြင့် မိသားစုငွေကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးနိုင်ပြီး တင့်တယ်သာယာသည့် မိသားစုများအဖြစ် ရပ်တည်နိုင်ခဲ့ကြပါကြောင်း၊

သို့သော် ၁၉၉၇ ခုနှစ်မှစပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေးပတိ ဆ်ုမိ့ မျှုား၊ ၂ဝဝ၃ ခုနစှ် ပြင်း ထန်သော စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်လာသည့်အတွက် ပြည်ပပို့ကုန်ထုတ်လုပ်နေသည့် အထည်ချုပ်စက်ရုံကြီးများ အပါအဝင်
စက်ရုံ၊ အလုပ်ရုံအများအပြားသည် မလွှဲမရှောင်သာ ပိတ်ခဲ့ရပြီး လုပ်သားငါးသောင်း ခန့် အလုပလ် ကမ်ြဲ့ ဖစ်ြကရကာ အမျိုးသမီးအများအပြား ထိခိုက်နစ်နာခဲ့ရပါကြောင်း၊

၎င်းတို့ကို မှီခိုရသည့် မိသားစုဝင် နှစ်သိန်းကျော်ခန့်ပါ ထိခိုက်ရပါကြောင်း၊

စီးပွားရေးသာမက လူမှုရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါ ပိတ်ပင်ခံခဲ့ရသဖြင့် ထိခိုက်နစ်နာခဲ့ရပါကြောင်း။

အဆိုး ရွားဆုံး မှာ အလုပ် လက်မဲ့ြ့ဖစ်ြပီး အားကိုးမဲ့ဖြစ်ကာ မသင့်လျော်သောနေရာ များတွင် ဝမ်းရေးအတွက် ဝင်ရောက်လုပက် ငို ခ် ရဲ့ ပါကြောင်း ၊

အချို့လည်း အလန်ွနိမ့်ကျသည့်ဘဝနှင့် နွံနစ်ခဲ့သကဲ့သို့ အချို့ဆိုလျှင် မသမာသူ လူပွဲစားများကြောင့်ပြည်ပရောက်ရပြီး အလုပ်ရှင်နိုင်ငံခြားသား၏ မတန်မရာနှိမ့်ချဆက်ဆံမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ နည်းမျိုးစုံနှင့် ထိပါးစော်ကားခံရမှုနှင့် ပိုမိုဆိုးရွားစွာ လူကုန်ကူးခံရပြီး
အဓမ္မ ထိမ်း မြားခံရကာ နိမ့်ကျသည့် ဘ၀သို့ ရောက်ခဲ့ကြရသည့် ဖြစ်ရပ်များစွာကို
ပြည်သူများ ရင်နင့်ဖွယ်ကြားသိကြရပြီးဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့အနေဖြင့် အဆိုပါကိစ္စရပ်များကြောင့် မြန်မာသမီးငယ်များကို ဒုက္ခနွံတွင်းက ဆွဲထုတ်ကယ်တင်ရသည့် ဖြစ်ရပ်အမှုအခင်းများစွာ ရှိပါကြောင်း။

မြန်မာအမျိုးသမီးများ၏ ဂုဏ်သိက္ခာညှိုးနွမ်းရသော ပန်းကောင်းအညွန့်ကျိုး ဖြစ်ရမှုအပါအဝင် အစားထိုးပေးဆပ်၍ မရသည့် နစန်ာဆုံး ရှုံး မမျှုား ဖြစခ် ပဲ့ါကြောင်း ၊

မျိုးချစ်စိတ်ဓာတ်၊ စာနာနားလည်မှု စိတ်ဓာတ်ရှိသူတိုင်း မခံချိစရာကိစ္စများ ဖြစ်ပါကြောင်း၊

ယင်းနာကြည်းခံပြင်းမှုမှသည် အဓိကတရားခံဖြစ်သည့် ပိတ်ဆို့သူများအပေါ် ပြည်သူလူထု၏ အမုန်းတရားများ ဦး လညှ သ့်ွားစေနုငိ ပ်ါကြောင်း ။

ဤအကျိုးတရားများ အားလုံး၏ အကြောင်းအရင်းဇာစ်မြစ်မှာ မြန်မာနိုင်ငံအပေါ် တရားမျှတမမှု ရှေိ သာ တစဖ် ကသ် တ် စီးပွားရေးပိတ်ဆို့မှုများကြောင့် ဖြစ်ရပါကြောင်း၊ သို့ဖြစ်၍ အဆိုပါစီးပွားရေး

ပိတ်ဆို့မှုများအားလုံးနှင့် ထိုပိတ်ဆို့မှုကိုဖြစ်စေသော နိုင်ငံတော်အပေါ် သေးသိမ်မှေးမှိန်အောင် မမှန်သတင်းထုတ်လွှင့်မှုများအားလုံးကို ဆန့်ကျင်ကန့်ကွက်ပါကြောင်း၊

ဦးဌေးဦး၏ အဆိုအား နိုင်ငံနှင့်ပြည်သူအကျိုးကို ထာဝရရှေးရှုသော မျိုးချစ်မြနမ်ာ အမျိုး သမီး ထုကုယိ စ်ား လကှို လ် စွှဲာ ထောက်ခံပါကြောင်းဖြင့် ဆွေးနွေးသည်။
 Irrawaddy Blog

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis