menu

Thursday 13 September 2012

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်တွင် မိမိကိုယ်ကို ဓာတ်ဆီလောင်း၍ မီးရှို့သတ်သေမှု ဖြစ်ပွား(ကြောက်တတ်သူများ မကြည့်သင့်)

Photo by CJMyanmar
မန္တလေးမြို့၊ ချမ်းမြ သာစည်မြို့နယ်တွင် စက်တင် ဘာလ ၁၂ရက်နေ့ မွန်းလွဲ ၃နာရီ ၅မိနစ်ခန့်က အမျိုးသားတစ်ဦး မိမိကိုယ်ကိုမီးရှို့သတ်သေမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ချမ်းမြသာစည် တောင်ရပ်ကွက် အကွက်(၈၅၉) တွင် နေထိုင်သူ ကိုလွင်ဦး(အသက် ၄၀ကျော်)သည် ရန်ကုန်-မန္တလေး လမ်းနှင့် စက်ဘီးဆိုင်ကယ် သီးသန့်လမ်းကြား နေရာ၌ အသ

င့် ယူဆောင်လာသော ဓာတ်ဆီဗူးထဲမှ ဓာတ်ဆီများကို ကိုယ်ပေါ်သို့ လောင်းချ၍ ကိုယ့်ကိုကိုယ် မီးရှို့ သတ်သေခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။


" အခု သေဆုံးသူရဲ့အမျိုးသမီးက အခင်းဖြစ်တဲ့ နေရာနဲ့ အနီးမှာ ဓာတ်ဆီ ရောင်းပါတယ်။ သူ့ အမျိုးသမီးရောင်းတဲ့ ဆိုင်ကနေ ဓာတ်ဆီဗူး နှစ်ဗူး ယူသွားပြီး ကိုယ့်ကို ကိုယ် သတ်သေခဲ့တာဖြစ်ပါတယ်။သူ့ကို မီးလောင်နေတာ မြင်ကြတော့ အနီး ပတ်ဝန်းကျင်က လူတွေက ငြှိမ်းသတ်ဖို့ ကြိုးစားကြပါသေး တယ်။ ဒါပေမယ့် အချိန်ငါးမိနစ် လောက်အတွင်းမှာပဲ နေရာမှာပွဲ ချင်းပြီး သေဆုံးသွားခဲ့ပါတယ်" ဟု ဖြစ်စဉ်အား မျက်မြင်တွေ့ရှိခဲ့ သူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်အား ချမ်းမြသာစည်မြို့နယ် အမှတ်(၁၁) ရဲစခန်းမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှု့ခဲ့ပြီး သေမှုသေ ခင်းဖြစ်စဉ် အနေဖြင့် ဆောင်ရွက် ထားရှိကြောင်း အဆိုပါရဲစခန်းမှ တာဝန်မှူးက ရှင်းပြခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis