menu

Sunday 26 August 2012

ပူတင်ဆန့်ကျင်ရေး စတန့် ကြောင့် ရုရှားပန့်(ခ)တီးဝိုင်း ထောင် ၂ နှစ်ကျ


ရုရှားသမ္မတ ဗလာဒီမာ ပူတင်အား ကန့်ကွက် ဆန္ဒပြကွက်တစ်ခုကို လွန်ခဲ့သည့် ဖေဖော်ဝါရီက Cathedral of Christ ဘုရားကျောင်း၌ စင်တင် ကပြခဲ့မှုအတွက် အမျိုးသမီးငယ် ၃ ဦးကို မော်စကို တရားသူကြီးက သောကြာနေ့တွင်    ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် စီရင်ခဲ့သည်။
Pussy Riot အမည်ရှိ မိန်း ကလေးသုံးဦးပါ တေးဂီတအဖွဲ့ကို တေပေရမ်းကားမှု စွဲချက်ဖြင့် တရားလိုက ထောင်ဒဏ် ၃ နှစ် ချမှတ်စေလိုသော်လည်း ၂ ဦးမှာ ကလေးငယ် မိခင်များဖြစ်သဖြင့် သက်သက်ညှာ ညှာစီရင်ရန် ပူတင်က မဲတင်းပေးခဲ့သည်။
ရုရှား ပန့်(ခ်) တီးဝိုင်း
ရုရှား ပန့်(ခ်) တီးဝိုင်း
သို့သော် ရုရှားနှင့် ကမ္ဘာအနှံ့တွင် နိုင်ငံရေးအရ လွတ်လပ်စွာ ပြောဆိုခွင့်ကို ချုပ်ချယ်မှုအဖြစ် ဝေဖန်မှုများ ပေါ်ထွက် လာခဲ့သည်။ တရား သူကြီးက စီရင်ချက်အရှည်ကြီးကို ဖတ်ပြနေစဉ် တရားရုံးအပြင်၌ ဆန္ဒ ပြသူ ရာပေါင်းများစွာက “ပူစီရိုင်းရက်ကို လွှတ်ပေး”ဟူ၍ အော်ဟစ်ကြသည်။ အဓိကရုဏ်း နှိမ်နင်းရေး ရဲများက သူတို့အထဲမှ ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးခဲ့ရာ စစ်တုရင် ချန်ပီယံဟောင်း ဂယ်ရီ ကက်(စ)ပါရော့လည်း ပါဝင်သည်။
ကက်(စ)ပါရော့မှာ ရုရှားနိုင်ငံရေး အတိုက်အခံထဲတွင် တက်ကြွသူတစ်ဦး ဖြစ်ပြီး ရဲနှင့် အပြန်အလှန် တိုက်ခိုက်ရာတွင် ရိုက်နှက်ခံခဲ့ရသည်ဟု ယူဆရသည်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကလည်း ရုရှားအာဏာပိုင်များသည် သဘောထား ကွဲပြားသူများကို အဆုံးမရှိ နှိပ်ကွပ်နေပြီး အရပ်ဘက် လူ့အဖွဲ့အစည်းကို နှိမ်နင်းနေကြောင်း စီရင်ချက်ကို ပြစ်တင် ဝေဖန်ရင်း ပြောကြား လိုက်သည်။ မိန်းကလေးသုံးဦးမှာ မတ်လကတည်းက ထောင်ထဲတွင် ရောက်ရှိ နေခဲ့ရာ ကမ္ဘာ့ အကျော်ကြားဆုံး ဂီတကြယ်ပွင့်များ အပါအဝင် ထောက်ခံသူများက သူတို့ကို ချက်ချင်း လွှတ်ပေးရန် တောင်းဆို ခဲ့ကြသည်။ သောကြာနေ့က ကမ္ဘာတစ်ဝန်း မြို့ကြီးများတွင် သူတို့ကို ထောက်ခံသူများ စုရုံးဆန္ဒပြခဲ့ကြသည်။
တစ်ချိန်တည်းတွင် သမ္မတ ပူတင်က လွတ်လပ်စွာ ပြောဆိုခွင့်ကို  ထိန်းချုပ်ရန်နှင့် တရားစီရင်ရေးစနစ်ကို တင်းကြပ်ရန် သူ့အစိုးရကို ပုံသွင်းခဲ့သည်။ နိုင်ငံရေး ဆန့်ကျင်ဘက်များကိုလည်း ညစ်ညမ်းသူများ၊ အရို အသေတန်သော ဝရုန်းသုန်းကား သမားများ၊ ရုရှားနိုင်ငံတော်နှင့် ရုရှား ဘုရားကျောင်းတော်ကို လျှို့ဝှက်လုပ် ကြံရာတွင် အနောက်မှ ကျောထောက်နောက်ခံ ပေးထားသော လစ်ဘရယ် မြို့ပြသားများအဖြစ် ပုံဖော်ခဲ့သည်။ အဖြစ်မှာ ဖေဖော်ဝါရီလအတွင်းက ဤအမျိုးသမီးသုံးဦးပါ တေးဂီတ အဖွဲ့သည် မော်စကို၏ အထင်ကရ  ဘုရားကျောင်းတော်အတွင်းသို့ ရောင်စုံ သိုးမွေးခေါင်းစွပ်များ ဝတ်ဆင်ဝင်ရောက်ပြီး ရွှေရောင် Holy Doors ရှေ့တွင် မြူးတူး ခုန်ပေါက်ကာ တရားပလ္လင်တော်သို့ သွားရာလမ်းတွင် ကခုန်အော်ဟစ် သီဆိုခဲ့ကြသည်။ နောက်ပိုင်းတွင် ဂီတဗီဒီယိုတစ်ခု အဖြစ် ပေါ်ထွက်လာသော သူတို့၏ သီချင်းတွင် မစ္စတာပူတင်ကို ရုရှားမှ ဖယ်ရှားပေးတော်မူပါရန် အပျိုစင် မယ်တော်မာရီသို့  လျှောက်ထား တောင်းပန်ကြသည်။ လုံခြုံရေး အစောင့်များက သူတို့ထံမှ ဂစ်တာများကို လျင်မြန်စွာ ဖယ်ရှားပစ်ခဲ့ ကြသော်လည်း ဗီဒီယိုကို အခြားဘုရား ကျောင်းမှ အဆက်အပိုင်းများဖြင့် ပြီးစီးအောင် ရိုက်ခဲ့သည်။
ပူတင်ဆန့်ကျင်ရေး စတန့်ကြောင့် ထိန်းသိမ်းခံရသူများ
ပူတင်ဆန့်ကျင်ရေး စတန့်ကြောင့် ထိန်းသိမ်းခံရသူများ
နောက်ပိုင်းတွင် “ပူတင်မီးကို ညှိလိုက်ပြီ (Putin Lights Up the Fire)”ဟူသော သီချင်းကို ရုရှားဘာသာဖြင့် သီဆိုဖျော်ဖြေပြီး သူတို့တီးဝိုင်းနှင့် ပရိသတ်များ ပါဝင်သော ဗီဒီယို ပြကွက်များဖြင့် ပေါင်းစပ်ကာ Guardian က ပွဲဦးထွက် တင်ဆက်ပေးခဲ့သည်။
Pussy Riot သုံးဦးပါ တေးဂီတအဖွဲ့တွင် Nadezhda Tolokonnikov (၂၃ နှစ်)၊ Yekaterina Samutsevich (၃၀ နှစ်)နှင့် Maria Alyokhina (၂၄  နှစ်)တို့ ပါဝင်ပြီး သူတို့က ရုရှား အော်သိုဒေါက် ဘုရားကျောင်းတော်ကို စော်ကားရန် မရည်ရွယ်ကြောင်း မစ္စတာပူတင်၏ တတိယသမ္မတ သက်တမ်းကို ထောက်ခံသူ ဘုရားကျောင်း ဂိုဏ်းအုပ် ဘုန်းတော်ကြီး Kirill I နှင့် မစ္စတာပူတင်ကို ဆန့်ကျင်သည့် နိုင်ငံရေး ကြေညာချက် ပြုလုပ်ရန် ကြိုးစားခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်။
Ref: NY Times
Independent News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis