menu

Sunday 26 August 2012

လူ ၇၇ ဦးသတ်သူ နော်ဝေ အကြမ်းဖက်သမားကို ထောင်ချလိုက်ပြီ

~
ဓာတ်ပုံ- Mirror

လွန်ခဲ့တဲ့ နှစ်လယ်က အေးချမ်းမှုရှိပြီး နိုင်ငံရေး အလွန်တည်ငြိမ်ပါတယ်ဆိုတဲ့ နော်ဝေနိုင်ငံမှာ စုစုပေါင်း လူ ၇၇ ဦးသေဆုံးခဲ့ရတဲ့ ကားဗုံးခွဲတိုက်ခိုက်မှုနဲ့ ပစ်ခတ်မှုတွေကို ကျူးလွန်ခဲ့သူ Anders Behring Breivik ကို တရားရုံးက ယမန်နေ့က ထောင်ဒဏ် ၂၁ နှစ် ချမှတ်လိုက်ပါတယ်။

အခုလို အကြမ်းဖက်မှု ကျူးလွန်ခဲ့တဲ့သူကို ထောင်ဒဏ်ချမှတ်လိုက်တာဟာ နော်ဝေနိုင်ငံရဲ့ တရားစီရင်ရေး အားကောင်းမှုတွေကို ထုတ်ဖော် ပြသလိုက်တာလည်းဖြစ်တယ်လို့ Mirror အွန်လိုင်း သတင်း တပုဒ်က ဆိုပါတယ်။


အသက် ၃၃ နှစ် အရွယ် Breivik ကို စိတ်ပိုင်းဆိုင်ရာ ပုံမှန် မရှိသူလို့ သတ်မှတ်ခဲ့ပေမယ့် သူ့ရဲ့ကျူးလွန်ခဲ့မှုအတွက် အကျဉ်းထောင်ကို ပို့လိုက်တယ်လို့ ဆိုပါတယ်။ စိတ္တဇ ဆေးရုံကို မပို့ပဲ အကျဉ်းထောင်ကို ပို့လိုက်တာလည်းဖြစ်ပါတယ်။



သူက လွန်ခဲ့တဲ့ နှစ် ဇူလိုင်လ ၂၂ ရက်နေ့က အော်စလိုက အစိုးရ ရုံးတွေနားမှာ ကားဗုံးခွဲမှုကိုလည်း ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ၈ ဦး သေဆုံးသွားခဲ့ပြီးအများအပြား ထိခိုက် ဒဏ်ရာ ရခဲ့ကြတာပါ။

အဲဒီလို ကျူးလွန်ပြီးတော့ သူဟာ Utoya ကျွန်းဆီကို ဆက်သွားပြီး အဲဒီမှာ လူငယ်လေ့ကျင့်ရေး စခန်းချ လေ့ကျင့်နေကြတဲ့ လူငယ်အများအပြားကိုလည်း ပစ်ခတ်သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ တာလည်းဖြစ်ပါတယ်။

သူ့ကို မပစ်ဖို့ တိုးရှိုးတောင်းပန်းနေခဲ့ပေမယ့် လူငယ်အုပ်စုထဲ သူရဲ့ ပစ်ခတ်မှုကြောင့် ၆၉ ဦး သေဆုံး ခဲ့ရတာဖြစ်ပါတယ်။
Irrawaddy Blog

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis