menu

Saturday 25 August 2012

Mobile App Market Software အား Myanmar Mobile app website မှစတင်ဖြန့်ချိ


Mobile App Market Software အား Myanmar Mobile app website မှစတင်ဖြန့်ချိလိုက်ကြောင်း သိရသည်။ အဆို Mobile App Market အနေဖြင့် Android Version ဆော့ဖ်ဝဲအမျိုးအစားဖြစ်ပြီး အွန်လိုင်းမှာ Android App များကို အခမဲ့ အလွယ်တကူဒေါင်းလုဒ်ပြုလုပ်နိုင်သည့် ဆော့ဖ်ဝဲတစ်မျိုးဖြစ်ကြောင်း သိရသည်။

မြန်မာစာအသုံးပြုထားမှာဖြစ်ပြီး Application မှ မြန်မာစာမြင်ရန်အတွက် မြန်မာစာထည့်သွင်းထားရန် (သို့) Root လုပ်ထားရန် လိုအပ်ခြင်းမရှိကြောင်း သိရသည်။ Android software, Game များကို မြန်မာဘာသာဖြင့် အသေးစိတ်ဖော်ပြပေးထားမည်ဖြစ်ပြီး အလွယ်တကူ တိုက်ရိုက်ချိတ်ဆက် ထည့်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
Mobile App Market တွင် Full Version ရရှိသည့် ဆော့ဖ်ဝဲများကိုသာ ထည့်သွင်းဖော်ပြပေးသွားမည်ဖြစ်ပြီး အခမဲ့ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ App များကို Package အလိုက်ခွဲထားမည်ဖြစ်ပြီး Seach Bar မှလည်း မိမိလိုချင်သည့် App များကို တိုက်ရိုက်နှိပ်ရှာဖွေနိုင်မည်ဖြစ်သည်။ Mobile App Market Software ရယူလိုသူများ Myanmar Mobile App Website မှတိုက်ရိုက် Download ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရေးသားသူ -မိုးသူ
Internet Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis