menu

Saturday 25 August 2012

ပါတီတွင်းကွဲလွဲမှုဆိုင်ရာသတင်းစာရှင်းလင်းပွဲ ဒီချုပ်( ဧရာဝတီတိုင်း)ပြုလုပ်

Photo
ဧရာဝတီတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတွင်းဘောထားကွဲလွဲမှုများနှင့်ပတ်သက်၍
သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ သြဂုတ်လ ၂၅ ရက် မွန်းလွဲ ၂ နာ
ရီက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် စကားဝါလမ်းရှိ မြို့နယ် အဖွဲ့ချုပ်ရုံးခန်းမှာ ပြုလုပ်ခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ညီလာခံကျင်းပရေးကော်မရှင်များ ဖွဲ့စည်းမှုတွင် ပါဝင်သူများသည်
ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်ခြင်းခံရသူများမဟုတ်ဘဲ ဂိုဏ်းဂဏစွဲ ၊ ပုဂ္ဂိုလ်စွဲ ဗဟိုဦးစီးစနစ်ဖြင့်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး
ယင်းအပေါ် ပါတီဝင်အချို့မှ မကျေနပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းရှင်းလင်းပွဲတွင် လက်ရှိ တိုင်း၊ ခရိုင်၊ မြို့နယ် ညီလာခံကျင်းပရေးကော်မရှင်တွင် ပါဝင်သူအချို့သည်
နေရာရလိုမှုအတွက် ပါတီ၏ အမည်နာမကို အသုံးချလျှက်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ထိုပုဂ္ဂိုလ်များ၏ နာမည်များကို ထုတ်ဖော်ပြောဆိုခဲ့သည်။

ယင်းကိစ္စရပ်များနှင့်ပတ်သက်၍ နာမည်ထုတ်ဖော်ပြောဆိုရာတွင် ပါဝင်ခဲ့သူ ပုသိမ်ခရိုင် ညီလာခံကျင်းပရေးကော်မရှင်
အတွင်းအရေးမှူး ဦးဝေလှိုင်ထွန်း က ယင်းကဲ့သို့ စွပ်စွဲပြောဆိုမှုများနှင့်ပတ်သက်ပြီး စွပ်စွဲသူများနှင့် ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းချင်ကြောင်း ၊
မှားခြင်း၊ မှန်ခြင်း ကိစ္စရပ်အပေါ် ပါတီ ဗဟိုဌာနချုပ်မှ လူကြီးများဆောင်ရွက်သွားလိမ့်မည်ဖြစ်ကြောင်း ပေါ်ပြူလာနယူးစ်မှ သွားရောက်တွေ့ဆုံးမေးမြန်းရာတွင် ဖြေကြားခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင် ၊ အစရှိသည့် ဧရာဝတီတိုင်းဒေသကြီး ဒေသခရိုင်များမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးပါတီဝင် ၂၀၀ ခန့်တက်ရောက်ခဲ့သည်။
Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis