မိုဘိုင်းဖုန်းနှင့်Tablet ကွန်ပြူတာများတွင် Apple ၏နည်းပညာအချို့ကို Samsung ကုမ္ပဏီက ခိုးယူခဲ့ခြင်းကြောင့် Samsung ကုမ္ပဏီက Apple ကုမ္ပဏီကို အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော်ပေးဆောင်ရန် အမေရိကန်တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း ဘီဘီစီသတင်းတွင်ဖော်ပြထားသည။်
ဖုန်းထုတ်လုပ်သည့် ကမ္ဘာကျော် ကုမ္ပဏီကြီးများဖြစ်သော Samsung နှင့် Apple တို့သည် မူပိုင်ခွင့်ချိုးဖောက်မှုနှင့်ပ တ်သက်၍
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဂျိုးရှိ
ပြည်နယ်တရားရုံးတွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်တရားစွဲဆိုခဲ့ကြခြင်း ဖြစ်သည်။
အဖွဲ့ဝင်၉ ဦးပါဝင်သော ဂျုရီလူကြီးများက Samsung က Apple ၏ နည်းပညာများကို ခိုးယူသုံးစွဲခဲ့ခြင်းကြောင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၅ ဘီလီယံ(စတာလင်ပေါင် ၆၆၅သန်း)ံလျော်ကြေးပေးရန်ဆုံးဖြစ်ခဲ့ပြီး၊Samsung ၏တရားစွဲဆိုချက်ကိုမူ ဂျုရီအဖွဲ့က ပယ်ချခဲ့သည်။
Samsung ကထုတ်လုပ်သော Galaxy S 4G မော်ဒယ် အပါအဝင် မိုဘိုင်းဖုန်းများတွင် Apple ကုမ္ပဏီ၏ ဒီဇိုင်းများဖြစ်သော စာသားဖော်ပြမှုပုံစံ စသည်တို့တွင်အသုံးပြုသော စနစ်ကို ခိုးယူခဲ့သည်ဟု အမေရိကန်တရားရုံး ဂျုရီအဖွဲ့ကဆုံးဖြတ်ခဲ့သည်။
Samsung ထုတ်မိုဘိုင်းဖုန်းများတွင် Apple ၏နည်းပညာများဖြစ်သော ဖုန်းမျက်နှာပြင်ကို နှိပ်၍ မြင်ကွင်းချုံ့ခြင်း၊ချဲ့ခြင်းများပြုလုပ်ခြင်း၊ မိုဘိုင်းဖုန်းတွင် ကင်မရာ၊အီးမေးလ်များသုံးနိုင်ခြ င်းစသော နည်းပညာများကို ယူသုံးခဲ့သည်ဟု ဂျုရီအဖွဲ့က ဆုံးဖြစ်ခဲ့သည်။
ထို့ပြင် Samsungက တရားစွဲဆိုသော ၎င်း၏နည်းပညာများကို Apple က ခိုးယူသည်ဆိုသည်ကိုမူ အဆိုပါဂျုရီအဖွဲ့က ပယ်ချခဲ့သည်။
အဆိုပါတရားရုံးဆုံးဖြတ်ချက်ကို အယူခံတရားရုံးသို့ အယူခံဝင်သွားမည်ဟု Samsung ကုမ္ပဏီက ထုတ်ပြန်ကြေညာသည်။
အဖွဲ့ဝင်၉ ဦးပါဝင်သော ဂျုရီလူကြီးများက Samsung က Apple ၏ နည်းပညာများကို ခိုးယူသုံးစွဲခဲ့ခြင်းကြောင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၅ ဘီလီယံ(စတာလင်ပေါင် ၆၆၅သန်း)ံလျော်ကြေးပေးရန်ဆုံးဖြစ်ခဲ့ပြီ
Samsung ကထုတ်လုပ်သော Galaxy S 4G မော်ဒယ် အပါအဝင် မိုဘိုင်းဖုန်းများတွင် Apple ကုမ္ပဏီ၏ ဒီဇိုင်းများဖြစ်သော စာသားဖော်ပြမှုပုံစံ စသည်တို့တွင်အသုံးပြုသော စနစ်ကို ခိုးယူခဲ့သည်ဟု အမေရိကန်တရားရုံး ဂျုရီအဖွဲ့ကဆုံးဖြတ်ခဲ့သည်။
Samsung ထုတ်မိုဘိုင်းဖုန်းများတွင် Apple ၏နည်းပညာများဖြစ်သော ဖုန်းမျက်နှာပြင်ကို နှိပ်၍ မြင်ကွင်းချုံ့ခြင်း၊ချဲ့ခြင်းမ
ထို့ပြင် Samsungက တရားစွဲဆိုသော ၎င်း၏နည်းပညာများကို Apple က ခိုးယူသည်ဆိုသည်ကိုမူ အဆိုပါဂျုရီအဖွဲ့က ပယ်ချခဲ့သည်။
အဆိုပါတရားရုံးဆုံးဖြတ်ချက်ကို အယူခံတရားရုံးသို့ အယူခံဝင်သွားမည်ဟု Samsung ကုမ္ပဏီက ထုတ်ပြန်ကြေညာသည်။
The Voice Weekly

No comments:
Post a Comment