menu

Wednesday 22 August 2012

"ရက်၂ဝကျော်အတွင်း ရေဘေးသင့်ပြည်သူဦးရေ ကိုးသောင်းနီးပါး ရှိပြီ"

ဇူလိုင် ၁၆ ရက်နေ့မှစသည့် မြစ်ရေကြီးမှုအပါအဝင် မိုးသည်းထန် စွာရွာသွန်းခြင်းများကြောင့် ရက် ၂ဝ ကျော်ကာလအတွင်း တိုင်းဒေသ ကြီးနှင့် ပြည်နယ် ၁ဝ ခု၌ ရေဘေးသင့်ဦးရေ ကိုးသောင်းနီးပါးအ ထိ ရောက်ရှိသွားပြီဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနစာရင်းများအရ သိရသည်။

ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနမှ ဒုတိ ယညွှန်ကြားရေးမှူး

ဒေါ်မြင့်မြင့်အေး က စတင်ဖြစ်ပွားချိန်မှ သြဂုတ်လ ၁၆ ရက်နေ့အထိ ၄င်းတို့ဝန်ကြီးဌာန မှ ရရှိသည့်စာရင်းများအရ ရေဘေး သင့်ဦးရေ ၈၈၂၅၈ ဦးကို ဒုက္ခသည် စခန်း ၂၂၅ ခုတို့တွင် စောင့်ရှောက် ထားသည်ဟု ပြောသည်။

ဇူလိုင်လ ၂၆ ရက်နေ့မှ စတင် ခဲ့သည့် ရှမ်းပြည်နယ်ကျိုင်းတုံမြို့ မြစ်ရေကြီး မှုအပါအဝင် တိုင်းဒေသ ကြီး ငါးခုနှင့် ပြည်နယ် နှစ်ခုတို့၌ သြဂုတ်လ ၆ ရက်နေ့အထိ ရေ ဘေးသင့်ဦးရေ ၂၂၁၅၃ ဦးကို ကယ် ဆယ်ရေးစခန်း ၇၈ ခုတွင် စောင့် ရှောက်ပေးခဲ့သည်။

ထိုရက်နောက်ပိုင်းမှ စကာ ရေဘေးသင့်ဦးရေနှင့် ကယ် ဆယ်ရေးစခန်း အရေအတွက်ထပ်မံ တိုးလာသည်ဟု စာရင်းများအရ သိရသည်။
တစ်လတာကာလအတွင်း ဧရာဝတီတိုင်းဒေသကြီး၌ကယ်ဆယ် ရေးစခန်း ၁၂ဝဖွင့်ခဲ့ရသည်အထိ အခြေအနေ ဆိုးရွားလာခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ် တော်ဥက္ကဋ္ဌဦးဆန်းဆင့်က ''ဧရာ ဝတီမှာ ၆ ခရိုင်ရှိတာ အခု ၅ ခရိုင် ရေမြုပ်နေပြီ။ နောက်ဆုံးသိရ သလောက် လယ်ဧကဆိုလည်း ဧကသုံးသိန်းနီးပါးလောက်ရေမြုပ်သွား တယ်။ အခု ကူညီထောက်ပံ့မှုတွေ ပြုလုပ်နေရပေမယ့်လက်တွေ့မှာ အကူအညီတွေ လိုအပ်နေတုန်းပါပဲ'' ဟု ပြောသည်။

သြဂုတ် ၆ ရက်နေ့အထိ ကယ်ဆယ်ရေးစခန်း ၂၉ ခုသာ ဖွင့် ထားခဲ့သည်။ ပဲခူးမှာလည်း လက်ရှိ တွင် စခန်း ၄၈ခုအထိရှိလာကြောင်း ကရင်ပြည်နယ်တွင်ပါ ကယ်ဆယ် ရေးစခန်း ၂၆ ခုရှိ သွားကြောင်း ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာနမှ သိရသည်။

ကယ်ဆယ်ရေးစခန်းအများစု ကို စာသင်ကျောင်းများ၊ ဘုန်းကြီး ကျောင်းနှင့် ဘုရားဝင်းတို့တွင် ဖွင့် ထားပြီး ဗဟိုအဆင့်တိုင်းဒေသ ကြီး နှင့် ပြည်နယ် အဆင့် တာဝန်ရှိသူတို့ က ဒုက္ခသည်များ၏ လိုအပ်ချက် များဖြည့် ဆည်းခြင်းနှင့်စေတနာအလှူရှင်တို့ကလည်း လှူဒါန်းမှုပြုနေ ကြ ကြောင်းစုံစမ်းသိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီး ရေ ကြည်မြို့ အသုတ်မြို့နယ်ခွဲမှ ကျောင်း ဆရာဦးအုန်းဝင်းက''အသုတ် ဇုန် တစ်ခုလုံးမှာ ကျောင်းပေါင်း ၂၂ ကျောင်းရှိတာ၊ အခု မြစ်ရေကြီးလို့ ၁၉ ကျောင်းပိတ်ထားရတယ်။ အခု ဆို ပိတ်ထားရတဲ့ ကျောင်းအချို့ တွေမှာတောင် ရေမြုပ်နေပေမယ့် ကယ်ဆယ်ရေးစခန်းဖွင့်ထားရတယ်'' ဟု ပြောသည်။

အသုတ်ဘူတာ ဒုက္ခသည် စခန်းတွင်းရှိ အသက် ၇၂ နှစ် အရွယ် ဦးမြစန်းက ၄င်းတို့မြို့မှာ နှစ်စဉ်ရေကြီးမှုများ ကြုံတွေ့ခဲ့ရ သည်မှာ အထူးအဆန်း မဟုတ် သော်လည်း ယခုနှစ်တွင်မူ အဆိုးဆုံး ဟုပြောနိုင်ကြောင်း ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရေကြီးနစ်မြုပ် ရာ ဒေသအသီးသီးတို့တွင် ကျန်းမာ ရေးပြဿနာများ မရှိစေရန် ကြိုတင် စီစဉ်ထားသည့်အတွက် အခက်အခဲ မကြုံနိုင်ပါကြောင်း ပြောသည်။

''ဒါက ကျွန်တော်တို့ အလုပ် လေ။ ကြိုစီစဉ်ပြီး နေရာအဆင့် ဆင့်မှာ ကျန်းမာရေးအတွက် လုပ် ထားပေးပြီးသား။ ဗဟို၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဒီလိုအဆင့်ဆင့် ဆေးဝါး တွေစီစဉ်ထားပေးပြီးသား''ဟု ကျန်း မာရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိက ပြောသည်။


ရေကြီးနစ်မြုပ်နေမှုကြောင့် ဧရာဝတီတိုင်းဒေသကြီး မြို့နယ် အချို့တို့တွင် ရထားလမ်းများ ခေတ္တ ပိတ်ထားပြီး ကားလမ်းများပေါ်တွင် လည်း အချိန်အကန့်အသတ်ဖြင့် သာ သွားလာခိုင်းထားကြောင်း တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

PN-051 ၊ ညွန့်ဝင်း
Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis