menu

Wednesday 22 August 2012

သမ္မတ ဦးသိန်းစိန် အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေး ကောင်စီ နှင့် တွေ့ဆုံ

Photo: သမ္မတ ဦးသိန်းစိန် အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေး ကောင်စီ
နှင့် တွေ့ဆုံ

နေပြည်တော် သြဂုတ် ၂၁

နိုင်ငံတော် သမ္မတအမိန့်ဖြင့် ဇွန်လ ၁၃ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သော  အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ (National Economic and Social Advisory Council - NESAC ) နှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့ သြဂုတ်လ (၂၁) ရက်နေ့ နံနက် (၉) နာရီတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် စက်မှုလယ်ယာ စနစ် တောင်သူ ပညာပေး ဧက (၅၀၀) စိုက်ခင်းရှိ အစည်းအဝေး ခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြထားသည်။

ယင်းသို့ တွေ့ဆုံ ဆွေးနွေးရာ၌ လယ်ယာ ကဏ္ဍတွင် အသက်မွေး ဝမ်းကျောင်း ပြုနေကြသည့် တောင်သူ လယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲမည့် ကိစ္စရပ်များ၊ဝန်ကြီးဌာနများ၏ ဝန်ထမ်းရေးရာဆိုင်ရာ အထောက် အကူပြု လုပ်ငန်းစဉ်များနှင့်ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်း ကြကြောင်း သမ္မတရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရှိရသည်။

ထိုသို့တွေ့ဆုံ ဆွေးနွေးရာတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့်အတူ စက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း၊ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ နိုင်ငံတော်သမ္မတ၏ အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေး ကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဒေါက်တာဆက်အောင်၊ ဒေါက်တာ ကျော်ရင်လှိုင်၊ဒေါက်တာဇော်ဦး၊ ဦးသီဟံမျိုးညွန့်၊ ဦးတင်မောင်သန်း၊ ဦးဝင်းအောင်၊ ဦးသောင်းတင်၊ ဦးသန်းလွင်၊ ဦးလှမောင်ရွှေ၊ ဦးမိုးကျော်နှင့် ဦးခင်မောင်အေးတို့ တက်ရောက် ကြသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis