menu

Wednesday 22 August 2012

ဝီကီလိခ် ပျောက်ကွယ်သွားရန် ကြိုးပမ်းနေမှုရပ်တန့်ရန် ဂျူလီယန်အဆန်ဂ်က အမေရိကန်ကို တောင်းဆို




ဝီကီလိခ်ကို ပျောက်ကွယ်သွားအောင် ကြိုးပမ်းနေမှုများအား ရပ်တန့်ရန် ၀ီကီလိခ်တည်ထောင်သူ ဂျူလီယန်အဆန်ဂ်က အမေရိကန်ကို သြဂုတ်လ ၁၉ ရက်တွင် တောင်းဆိုခဲ့သည်။ အဆန်ဂ်သည် လန်ဒန်ရှိ အီကွေဒေါသံရုံးတွင် ဇွန်လကတည်းက ခိုလှုံနေခဲ့ပြီး နှစ်လခန့် အကြာတွင် ပထမဆုံးအကြိမ် မြင်ကွင်းရှေ့သို့ ထွက်လာခဲ့ခြင်းဖြစ်သည်။
ဝီကီလိခ်မှာ ခြိမ်းခြောက်မှုရင် ဆိုင်နေရသလို လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်မှာလည်း ခြိမ်းခြောက်ခံနေရကြောင်း အဆန်ဂ်က အီကွေဒေါ သံရုံးလသာဆောင်သို့ထွက်၍ အပြင်တွင်စောင့်နေသည့် သူ့ကိုထောက်ခံသူများအား ပြောကြားခဲ့သည်။ ၀ီကီလိခ်ဝက်ဘ်ဆိုက်သို့ အမေရိကန် အစိုးရ၏ လျို့ဝှက်မှတ်တမ်းများစွာ လွှဲပေးခဲ့သည်ဟု စွပ်စွဲခံထားရသည့် အမေရိကန်စစ်သား ဘရက်ဒလေမန်နင်းကိုလည်း လွှတ်ပေးရန် အဆန်ဂ်က တောင်းဆိုခဲ့သည်။

အဆန်ဂ်၏ရှေ့နေဖြစ်သော စပိန်မှ Baltasar Garzon က အဆန်ဂ်သည် ဆွီဒင်ရှေ့နေများထံတွင် အစစ်ခံရန် ဆန္ဒရှိသော်လည်း ဘေးကင်းစေရေးအတွက် အာမခံချက် လိုအပ်နေကြောင်း ပြောကြားခဲ့သည်။ 
သြဂုတ်လ ၂၀ ရက်မှာ ဆွီဒင်ရှေ့နေများက အဆန်ဂ်ကို ဖမ်းဝရမ်းထုတ်ခဲ့သည့် နှစ်နှစ်ပြည့်မြောက်သောနေ့ ဖြစ်သည်။
အီကွေဒေါအစိုးရက အဆန်ဂ်ကို နိုင်ငံရေးခိုလှုံခွင့် ပေးခဲ့သော်လည်း ဗြိတိန်က အဆန်ဂ်ကို ဆွီဒင်သို့ လွှဲပေးနိုင်ရေးအတွက် တာဝန်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ဗြိတိန်နိုင်ငံခြားရေးရုံးက အီကွေဒေါသံရုံးထံ စာပို့ခဲ့ပြီး ဗြိတိန်ဥပဒေတစ်ခုအရ အီကွေဒေါသံရုံးထဲဝင်ပြီး အဆန်ဂ်ကို ဖမ်း ခွင့်ရှိကြောင်း ရေးသားထားသည်။ အီကွေဒေါသမ္မတ Rafael Correa  အပါအ၀င် တောင်အမေရိကနိုင်ငံများပါဝင်သော (ALBA) အဖွဲ့က ယင်းစာနှင့်ပတ်သက်ပြီး ဗြိတိန်ကို သတိပေးခဲ့သည်။

Ref:CNN
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis