menu

Monday 30 July 2012

ပေကျင်းရေကြီးမှုကြောင့် ပျက်စီးမှုများအတွက် မြို့တော်ဝန်က ဒေသခံများအား တောင်းပန်




တရုတ်နိုင်ငံ ပေကျင်းတွင် သီတင်းတစ်ပတ်အတွင်း ရေကြီးခဲ့မှုများကြောင့် အဆိုးရွားဆုံး ပျက်စီးခဲ့မှုများအတွက် ပေကျင်းမြို့တော်ဝန်က ပေကျင်းမြို့တော်နယ်နိမိတ်အတွင်းရှိ ဖန်ရှန်းခရိုင်မှ ဒေသခံများကို ဇူလိုင် ၂၆ ရက်နေ့တွင် တောင်းပန်ခဲ့သည်။
ဇူလိုင် ၂၆ ရက်နေ့တွင် ပေကျင်း၌ နောက်ထပ်မိုးသည်းထန်စွာ ရွာသွန်းမည်ဟု ခန့်မှန်းခဲ့သော်လည်း ပေကျင်းအနီးဝန်းကျင်ရှိ Tianjin မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့သည်။
ပေကျင်းတွင် သီတင်းတစ်ပတ်ကျော် ရေကြီးမှုများကြောင့် လူ ၇၇ ဦးသေဆုံးခဲ့သည်ဟု ပေကျင်းမြူနီစပယ် အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ရေကြီးမှု အဆိုးရွားဆုံး ဖြစ်ပွားခဲ့သည့် ပေကျင်းရှိ ဖန်ရှန်းခရိုင်တွင် လူ ၈၈၀၀၀၀၀ ကျော်ရေဘေးဒဏ်ခံခဲ့ရမှုကြောင့် မြို့တော်ဝန်က လူထုကို တောင်းပန်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဖန်ရှန်းတွင် ရေကြီးမှုကြောင့် လယ်ယာသုံး တိရစ္ဆာန် ၁၇၀၀၀ ကျော် သေဆုံးခဲ့ပြီး လယ်ယာမြေ ဟက်တာ ၅၀၀၀ ကျော် ရေလွှမ်းခဲ့ပြီး စီးပွားရေးအရ ဒေါ်လာ ၉၅၅ သန်း ဆုံးရှုံးခဲ့သည်။

Ref:CNN
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis