menu

Monday 30 July 2012

ရခိုင်ပြည်နယ်၏လက်ရှိအခြေအနေသည် ပုံမှန်နီးပါးပြန်ဖြစ်လာပြီဟု နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပြောကြား

ယနေ့ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်တွေ့ရသောနိုင်ငံခြားရေးဝန်ကြီးဌာန၀န်ကြီး ဦးဝဏ္ဏမောင်လွင်
ရခိုင်ပြည်နယ်၏လက်ရှိအခြေအနေသည် ပုံမှန်နီးပါးပြန်ဖြစ်လာပြီဟု နိုင်ငံခြားရေးဝန်ကြီး
ဦးဝဏ္ဏမောင်လွင်ကယနေ့ နေ့လည် စကားဝါလမ်းရှိနိုင်ငံခြားရေးဝန်ကြီးဌာနတွင်ပြုလုပ်သော
သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသွားသည်။
“ ဒီမိုကရေစီစနစ်နဲ့ပြုပြင်ပြောင်းလဲရေးတွေလုပ်နေတဲ့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရှိဖို့က မရှိမဖြစ်လိုအပ်တယ် “ဟု၎င်းကပြောသည်။
မြန်မာနိုင်ငံသည်လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံ ရောနှောနေထိုင်လျှက်ရှိရာ ရာစုနှစ်ပေါင်းများစွာ လူမျိုးတစ်စုနှင့်တစ်စုအကြား၊ဘာသာတစ်ခုနှင့်တစ်ခုအကြား သဟဇာတရှိစွာဖြင့် ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်
ခဲ့ကြကြောင်း၊မကြာသေးမီက ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သောပဋိပက္ခမှာ ဘာသာရေးနှင့်သက်ဆိုင်သော
အဖိနှိပ်ခံရမှု ၊ ခွဲခြားခံရမှုလည်းမဟုတ်ပါကြောင်း ၄င်းကဆိုသည်။


ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်ကို ဘင်္ဂါလီလူမျိုး ၉၀ ရာခိုင်နှုန်းကလည်း မနှစ်သက်ဟုပြောဆိုကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်သိန်းဌေးကပြောသည်
“ ကျွန်တော်တို့ အာရဗီကျောင်း တို့ဘာတို့မှာသူတို့နဲ့တွေ့ဆုံပြီးရင်းရင်းနှီးနှီးမေးကြည့်တဲ့အခါ ၉၀ ရာခိုင်ျနှုန်းလောက်ကမကြိုက်ဘူးလို့ဖြေတယ်။ဒါပေမဲ့ သူတို့ရဲ့ Community ကမလုံခြုံဘူးလို့ခံစားကြရတယ
လို့ပြောတယ် “ ဟု ၄င်းကပြောသည်။
ဆက်လက်၍ ဘင်္ဂါလီကျောင်းသားလူငယ်များကိုမေးမြန်းကြည့်ရာတွင် ၄င်းတို့မှ အဆိုပါဖြစ်စဉ်အတွက်ဝမ်းနည်းရပါကြောင်းဟူ၍သာပြောဆိုသည် ဟု ဘင်္ဂါလီလူမျိုးများ၏ စကားကို ကိုးကား
ပြီးဝန်ကြီးကပြောသည်။
Messenger News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis