တနင်္သာရီ
တိုင်းဒေသကြီး ကော့သောင်းမြို့နယ် ခမောက်ကြီး မြို့နယ်ခွဲ နန့်တွန်နှင့်
နန်ဟေ့လူနယ်စပ် စစ်ဆင်ရေး ခြေကုပ်စခန်းအကြား နယ်မြေရှင်းလင်းစဉ်
မြန်မာနိုင်ငံ ပိုင်နက်နယ်မြေအတွင်း တရားမ၀င် ၀င်ရောက်ပြီး စီးပွားဖြစ်
ရော်ဘာခြံလုပ်ငန်း လာရောက်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသားများအား
လက်နက်ခဲယမ်းများ၊ ယာဉ်ယန္တရားများနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဇူလိုင်လ
၁၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာ များတွင် ဖော်ပြချက်အရသိရှိရသည်။
တပ်မတော်
စစ်ကြောင်းများသည် အဆိုပါဒေသ၌ ဇူလိုင်လ ၄ ရက်နေ့ ညနေပိုင်းက
နယ်မြေရှင်းလင်းရေးစဉ် ထိုင်းနိုင်ငံနှင့် ဆက်သွယ်သော
မြေသားလမ်းကြောင်းနှင့် ရော်ဘာပင်ဧက ၁၀၀၀ ခန့်စိုက်ခင်းနှင့် အတူ တဲပေါင်း
၂၀ ကျော်ကို တွေ့ရှိခဲ့ရပြီး မြန်မာနိုင်ငံအတွင်း တရားမ၀င်
ကျူးကျော်ဝင်ရောက် လုပ်ကိုင်နေသူ ထိုင်းနိုင်ငံသားများအား
လက်နက်ခဲယမ်းများ၊ ယာဉ်ယန္တရားများ နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရပြီး
ဇူလိုင်လ ၅ ရက်နေ့တွင်လည်း ထပ်မံ ဖမ်းဆီးရမိခြင်း ရှိခဲ့ပြီး ဇူလိုင် ၇
ရက်နေ့အထိ ထိုင်းနိုင်ငံသား ကျား ၅၂ ဦး၊ မ ကိုးဦး စုစုပေါင်း ၆၁ ဦးကို
လက်နက်ငယ်မျိုးစုံ ၂၉ လက်၊ ခဲယမ်း မီးကျောက်မျိုးစုံ၊ မြေထိုးစက် သုံးစီး၊
ယာဉ်ငယ်မျိုးစုံ ၁၇ စီး၊ ဘက်ဟိုး ငါးစီး၊ မော်တော်ဆိုင်ကယ် အစီး ၂၀နှင့်
ရော်ဘာပင် ဧက ၁၅၀၀ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
သတင်း
ထုတ်ပြန်ချက်များအရ ထိုင်းနိုင်ငံသားများသည် မြန်မာနိုင်ငံ
ပိုင်နက်နယ်မြေအတွင်းသို့ တရားမ၀င် ၀င်ရောက်ပြီး စီးပွားဖြစ်
ရော်ဘာခြံလုပ်ငန်း လာရောက်နေကြခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများ ကိုင်ဆောင်
အသုံးပြုလျက်ရှိကြောင်း၊ တပ်မတော် စစ်ကြောင်းများမှ ရှင်းလင်း
ဖမ်းဆီးထိန်းသိမ်းစဉ် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု တစ်စုံတစ်ရာ
တိုက်ခိုက်မှုမရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိမှုလည်း မရှိခဲ့ကြောင်း၊
ဖမ်းဆီးထားသည့် ထိုင်းနိုင်ငံသားများအား ကောင်းမွန်လုံခြုံစွာ
စောင့်ရှောက်ထားပြီး သံတမန်နည်းအရ သက်ဆိုင်ရာ ထိုင်းအစိုးရထံသို့ အသိပေး
အကြောင်းကြားထားကာ တည်ဆဲ ဥပဒေများဖြင့် ဆက်လက် အရေးယူရန်
ဆောင်ရွက်သွားမည်ဟု သိရှိ ရပါသည်။
တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းမြို့နယ် ခမောက်ကြီး မြို့နယ်ခွဲ
နန့်တွန်နှင့် နန်ဟေ့လူနယ်စပ် စစ်ဆင်ရေး ခြေကုပ်စခန်းအကြား
နယ်မြေရှင်းလင်းစဉ် မြန်မာနိုင်ငံ ပိုင်နက်နယ်မြေအတွင်း တရားမ၀င်
ဝင်ရောက်ပြီး စီးပွားဖြစ် ရော်ဘာခြံလုပ်ငန်း လာရောက်လုပ်ကိုင်နေသည့်
ထိုင်းနိုင်ငံသားများအား လက်နက်ခဲယမ်းများ၊ ယာဉ်ယန္တရားများနှင့် အတူ
ဖမ်းဆီးရမိခဲ့ကြောင်း ဇူလိုင်လ ၁၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာ များတွင်
ဖော်ပြချက်အရသိရှိရသည်။
တပ်မတော် စစ်ကြောင်းများသည် အဆိုပါဒေသ၌ ဇူလိုင်လ ၄ ရက်နေ့ ညနေပိုင်းက
နယ်မြေရှင်းလင်းရေးစဉ် ထိုင်းနိုင်ငံနှင့် ဆက်သွယ်သော
မြေသားလမ်းကြောင်းနှင့် ရော်ဘာပင်ဧက ၁၀၀၀ ခန့်စိုက်ခင်းနှင့် အတူ တဲပေါင်း
၂၀ ကျော်ကို တွေ့ရှိခဲ့ရပြီး မြန်မာနိုင်ငံအတွင်း တရားမ၀င်
ကျူးကျော်ဝင်ရောက် လုပ်ကိုင်နေသူ ထိုင်းနိုင်ငံသားများအား
လက်နက်ခဲယမ်းများ၊ ယာဉ်ယန္တရားများ နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရပြီး
ဇူလိုင်လ ၅ ရက်နေ့တွင်လည်း ထပ်မံ ဖမ်းဆီးရမိခြင်း ရှိခဲ့ပြီး ဇူလိုင် ၇
ရက်နေ့အထိ ထိုင်းနိုင်ငံသား ကျား ၅၂ ဦး၊ မ ကိုးဦး စုစုပေါင်း ၆၁ ဦးကို
လက်နက်ငယ်မျိုးစုံ ၂၉ လက်၊ ခဲယမ်း မီးကျောက်မျိုးစုံ၊ မြေထိုးစက် သုံးစီး၊
ယာဉ်ငယ်မျိုးစုံ ၁၇ စီး၊ ဘက်ဟိုး ငါးစီး၊ မော်တော်ဆိုင်ကယ် အစီး ၂၀နှင့်
ရော်ဘာပင် ဧက ၁၅၀၀ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
သတင်း ထုတ်ပြန်ချက်များအရ ထိုင်းနိုင်ငံသားများသည် မြန်မာနိုင်ငံ
ပိုင်နက်နယ်မြေအတွင်းသို့ တရားမ၀င် ၀င်ရောက်ပြီး စီးပွားဖြစ်
ရော်ဘာခြံလုပ်ငန်း လာရောက်နေကြခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများ ကိုင်ဆောင်
အသုံးပြုလျက်ရှိကြောင်း၊ တပ်မတော် စစ်ကြောင်းများမှ ရှင်းလင်း
ဖမ်းဆီးထိန်းသိမ်းစဉ် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု တစ်စုံတစ်ရာ
တိုက်ခိုက်မှုမရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိမှုလည်း မရှိခဲ့ကြောင်း၊
ဖမ်းဆီးထားသည့် ထိုင်းနိုင်ငံသားများအား ကောင်းမွန်လုံခြုံစွာ
စောင့်ရှောက်ထားပြီး သံတမန်နည်းအရ သက်ဆိုင်ရာ ထိုင်းအစိုးရထံသို့ အသိပေး
အကြောင်းကြားထားကာ တည်ဆဲ ဥပဒေများဖြင့် ဆက်လက် အရေးယူရန်
ဆောင်ရွက်သွားမည်ဟု သိရှိ ရပါသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ
ဒေသခံများအား ဆက်သွယ်မေးမြန်းခဲ့ရာတွင် ယင်းဒေသမှာ လူသူ အရောက်အပေါက်
နည်းသည့်ဒေသတစ်ခုဖြစ်ပြီး တောတောင် ထူထပ်ကြောင်း၊ ထို့အပြင်
ရော်ဘာစိုက်ပျိုးခြင်း၏ နောက်ကွယ်တွင် အခြားစီးပွားရေးလုပ်ငန်းများလည်း
လုပ်ကိုင်မှုရှိနေကြောင်း မြိတ်မြို့ခံတစ်ဦးက ပြောကြားပါသည်။
EMG
|
No comments:
Post a Comment