menu

Thursday 10 May 2012

ပျောက်ဆုံးနေသော Apollo 11 ၏အင်ဂျင်များကို Amazon တည်ထောင်သူရှာဖွေတွေ့ရှိခဲ့




Amazon အင်တာနက်ကုမ္ပဏီကြီးကို စတင်တည်ထောင်သူနှင့် စီအီးအိုဖြစ်သူ Jeff Bezos သည် အတ္တလန်တိတ်သမုဒ္ဒရာ၏ ရေအောက်တွင် Apollo 11 အာကာသယာဉ်မှ ပျောက်ဆုံးသွားခဲ့သည့် အင်ဂျင်များကို ပြန်လည်၍ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

၎င်း Apollo 11 အာကာသယာဉ်သည် ၁၉၆၉ ခုနှစ်က လကမ္ဘာသို့ ပထမဦးဆုံး လူလိုက်ပါစီးနင်းခဲ့သည့်ယာဉ်ဖြစ်ပြီး အဆိုပါ လူစီးနင်းလိုက်ပါသည့်ယာဉ်သည် မြေပြင်မှအတူ လိုက်ပါလာသည့်ယာဉ်နှင့် ခွဲထွက်ချိန်တွင် ပေါက်ကွဲကာ ၎င်းယာဉ်တွင် တပ်ဆင်ထားသည့် အင်ဂျင်ငါးလုံးမှာလည်း အတ္တလန်တိတ်သမုဒ္ဒရာထဲသို့ကျပြီး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
အသက် ၄၈ နှစ်အရွယ်ရှိ Amazon တည်ထောင်သူ Jeff သည် အမေရိကန်ဒေါ်လာ ၁၈.၄ ဘီလီယံ ကြွယ်ဝချမ်းသာသူဖြစ်ပြီး ၎င်းသည် အဆိုပါအင်ဂျင်များအနက်မှ တစ်ခုကို ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ သယ်ယူရန်ကြိုးစားနေကြောင်း သိရသည်။ Jeff သည် ပျောက်ဆုံးနေသည့် F-1 အင်ဂျင်များကို ပိုမို၍ အသေးစိတ်တိကျစွာရှာဖွေနိုင်ရန် အဖွဲ့တစ်ဖွဲ့ကိုငှားရမ်းခဲ့ပြီး အဆိုပါအဖွဲ့သည် သမုဒ္ဒရာအောက် အနက် ၄,၃၀၀ မီတာအထိ ဆင်းသက်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကာ ရှာဖွေတွေ့ရှိခဲ့သည့် နေရာအတိအကျကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။ ၎င်းက အဆိုပါအင်ဂျင်များအနက်မှ တစ်ခုကို ၎င်း၏မွေးရပ်မြေ Seattle ရှိ လေယာဉ်ပြတိုက်တွင် ပြသခွင့်ရရှိရန် NASA အား တောင်းဆိုမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ရေးသားသူ -ဟေမာ(Internet Journal)
Ref: BBC

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis